Chapter (3) Rank Arena မှာ ကံဆိုးမိုးမှောင်ကျခြင်း

57 6 0
                                    

3: Rank Arena မှာ ကံဆိုးမိုးမှောင်ကျခြင်း

လီရှန်းတစ်ယောက် လျို့ချွမ်ကရုပ်သေးအမျိုးအစားကို ကစားကြောင်းသိလိုက်ရတော့ စကားကိုလှည့်ကာ အကြံပေးဖြောင်းဖျလိုက်တယ်။

"လျို့ချွမ် မင်းက ဒီဂိမ်းကို ခုမှစပြီး ကစားတာဆိုတော့ လူသစ်တစ်ယောက်အနေနဲ့ Archer ကိုကစားတာက ပိုကောင်းမယ်ထင်တယ်.. ရုပ်သေးအမျိုးအစားက ထိန်းချုပ်ရတာ အရမ်းကိုခက်လွန်းတယ်"

လျို့ချွမ်က ခပ်ဖျော့ဖျော့ပြုံးလာတယ်။

"ကိစ္စမရှိပါဘူး .. ငါက ရုပ်သေးပညာရှင်ကို ကစားရတာကိုပဲကြိုက်တာ.. ငါဖြည်းဖြည်းချင်းသင်ယူနိုင်တယ်"

အခန်းဖော်ဖြစ်သူက ပြုံးပြလာပြီး တည်ငြိမ်လွန်းနေတာကိုမြင်တော့ လီရှန်းတစ်ယာက် တွန်းအားမပေးနိုင်တော့ပဲ နွေးထွေးစွာ အကြံပြုဖို့ပဲတတ်နိုင်တော့တယ်။

"အဟွတ်.. ဒီအအမျိုးအစားကို ကစားဖို့ စိတ်ပိုင်းဖြတ်ထားမှတော့ ကျွမ်းကျင်သူတွေရဲ့ ဗီဒီယိုတွေကို အရင်ရှာကြည့်လိုက်ရအောင်.. ပရော်ဖက်ရှင်နယ် အသိုင်းအဝိုင်းက ထန်ဂိုဏ်းရဲ့ ရုပ်သေးအမျိုးအစားကို ကျွမ်းကျင်တဲ့သူရဲ့ ဗီဒီယိုတွေအများကြီးရှိတာ မှတ်မိသေးတယ်.. သူကိုခေါ်တာက ... ဘာပါလိမ့်"

လျို့ချွမ် သူ့ကို အသိပေးလိုက်တယ်။

" ဟိုင်နန်ပေချွမ်မလား"

လီရှန်း ကိုယ့်နဖူးကိုယ် ရိုက်ချလိုက်တယ်။

"ဟုတ်တယ် ဟိုင်နန်ပေချွမ်ပဲ .. ဟွားရှရဲ့ခေါင်းဆောင်ဟောင်း ဟိုင်နမ်ပေချွမ်လေ .. မင်းသူ့ကိုသိတယ်ပေါ့.. သူ့ရဲ့နာမည်မှာလည်း ချွမ်ဆိုတဲ့စာလုံးပါတယ် .. ဒီတော့ မင်းကသူ့ကိုသဘောကျလို့ ရုပ်သေးပညာရှင်အမျိုးအစားကို ကစားချင်တာလား"

လျို့ချွမ် တည်ငြိမ်စွာပြောလိုက်တယ်။
"အမ် .. ငါ သူ့ကိုတော်တော်ကြီးကြိုက်တာ"

သူ့ရဲ့ဘေးမှာထိုင်နေတဲ့ ကျူးရှောင်ယွီကလည်း သဘောတူလာတယ်။

" ငါလည်းပဲ ခေါင်းဆောင်ချွမ်ကို တကယ်ကြိုက်တာ .. သူက တစ်ချိန်တည်းမှာ ရုပ်သေးခုနှစ်ရုပ်ကို ဆွဲနိုင်တယ်! သူ ရုတ်တရက်ကြီးအနားယူသွားပြီး ဘယ်ကိုရောက်နေမှန်းမသိရတာ သနားစရာကောင်းတာပဲ .. ပြောကြည့် .. သူ့ရဲ့သတင်းတွေမကြားရတာနှစ်ဝက်တောင်ရှိနေပြီ .. သူ့မှာ ကုသလို့မရတဲ့ရောဂါတစ်ခုခုတော့ မရှိနေလောက်ပါဘူးနော်?"

အင်အားအကြီးဆုံးနတ်ဘုရား [E_sport/online Gaming] (Myanmar Translation) Where stories live. Discover now