(5.1)Rhythm Master ရဲ့ ဖိုင်နယ်ပွဲစဥ်

56 10 0
                                    

Unicode

(5.1) Rhythm Master ရဲ့ ဖိုင်နယ်ပွဲစဥ်

လျို့ချွမ် ညနေခင်းအချိန် ပြိုင်ပွဲကျင်းပရာနေရာသို့ ရောက်တော့ အနည်းငယ်ထိတ်လန့်သွားခဲ့ရတယ်။ နေရာတစ်ခုလုံးက လူတွေနဲ့ပြည့်နှက်နေခဲ့တယ်လေ။ ဝန်ထမ်းတွေက ကြေညာချက်ဆိုင်းဘုတ်တွေကိုကိုင်ကာ နေရာအနှံ့ရှိနေခဲ့ကြတယ်။ ဒါက ပထမဆုံးသော ကျောင်းပွဲတော်ဖြစ်တာကြောင့် လူတွေအများကြီး စာရင်းပေးထားခဲ့ကြဟန်တူတယ်!

ဒီတစ်ခေါက် ပွဲအတွက် MC ကတော့ ကျန်းရွှယ်ဖြစ်လေတယ်။ အချိန်ကျလာသည်နဲ့ သူမက မိုက်ခရိုဖုန်းကိုကိုင်ကာ စင်မြင့်ပေါ်မှာရပ်လိုက်တယ်။

"'Rhythm Master ' တက္ကသိုလ်အတွင်းယှဥ်ပြိုင်ပွဲမှ ကြိုဆိုပါတယ်!.. ပထမဆုံး အကြိုပွဲစဥ်ကတော့ အရမ်းကိုမြန်ဆန်မှာပါ..  ကစားသမားများ အားလုံး မိမိတို့ရရှိထားသော နံပါတ်ပြားအတိုင်း မိမိတို့အဖွဲ့ရဲ့ဒိုင်လူကြီးရှိရာနေရာကို သွားပေးကြပါ.. သီချင်းသုံးပုဒ်လုံးအတွက် A အဆင့်နှင့် အထက်ရရှိတဲ့ ကစားသမားတွေက ဆီမီးဖိုင်နယ်ကို တက်ရောက်သွားမှာဖြစ်ပါတယ်!"

Rhythm Master ရဲ့အဆင့်သတ်မှတ်ချက်တွေက အနိမ့်ဆုံးမှ အမြင့်ဆုံးသို့ အစဥ်အတိုင်း  D၊ C၊ B၊ A၊ S၊ SS နှင့် SSS တို့အထိရှိလေတယ်။

သီချင်းတစ်ပုဒ်စီအတွက် အချိန်သုံးမိနစ်ကြာမှာဖြစ်တာကြောင့် ပြိုင်ပွဲပြီးဆုံးဖို့ဆယ်မိနစ်သာ ကြာလိမ့်မယ်။ အနည်းငယ်လောက် ခက်ခဲတယ်လို့သတ်မှတ်နိုင်ပေမဲ့ လူရွေးပွဲအတွက် သတ်မှတ်ထားတဲ့ သီချင်းတွေက အဆင့် (6)သာရှိပြီး A အဆင့်ကိုရောက်ရှိရုံနဲ့ နောက်တစ်ဆင့်သို့ တက်ရောက်ရောက်နိုင်မှာဖြစ်တယ်။ အကြိုပွဲစဥ်အတွက် ထိုနည်းလမ်းကို အသုံးပြုခြင်းအားဖြင့် မကျွမ်းကျင်တဲ့လူသစ်တွေကို တစ်ချိန်တည်းဖယ်ထုတ်လိုက်နိုင်ပြီး အချိန်ကုန်သက်သာစေလိမ့်မယ်။

နာရီဝက်ကြာပြီးနောက်မှာတော့ အုပ်စုလေးတွေရဲ့အကြိုပွဲစဥ် အားလုံး ပြီးဆုံးသွားခဲ့ပြီ။ ဒီအချိန်မှာ စာရင်းသွင်းထားသူတွေရဲ့ (70%) နီးပါးကို ဖယ်ထုတ်နိုင်ခဲ့တယ်။ ဝင်ရောက်ဆော့ကစားကြတဲ့ ကျောင်းသားတော်တော်များများက အပျော်သဘောဖြင့်ပူးပေါင်းဖို့သက်သက် ရောက်လာခဲ့ကြတာဖြစ်နိုင်တယ်။ သူတို့က ဖယ်ထုတ်ခံရပြီးချိန်မှာတောင် ပျော်နေကြသေးပြီး ဆီမီးဖိုင်နယ်ကို ဆက်လက်ကြည့်ရှုဖို့  ကျန်ရှိနေခဲ့ကြတယ်။

အင်အားအကြီးဆုံးနတ်ဘုရား [E_sport/online Gaming] (Myanmar Translation) Where stories live. Discover now