1ဆီချက်​ခေါက်ဆွဲ /နန်းကြီးသုပ်

1.7K 31 2
                                        

#ဆီချက်ခေါက်ဆွဲလုပ်စားကြမယ်.......

ကြက်သားဆီချက်ခေါက်ဆွဲ{🍝🍝}

#ပါ၀င်ပစ္စည်းများ....

(၁) ခေါက်ဆွဲ
(၂) ကြက်သား
(၃) ဆီ
(၄) ကြက်သွန်ဖြူ
(၅) အရသာမှုန့်
(၆) ပဲငံပြာရည် {အနောက်ရည်}
(၇) ကြက်သွန်မြိတ်
(၈) ငရုတ်ကောင်းမှုန့်

#ပြုလုပ်နည်း.....

(၁) ကြက်သားပြုတ်ပြီးပါးပါးလှီးထားပါ။

(၂) ကြက်သွန်ဖြူကိုမီးအေးအေးဖြင့် ဆီချက် ချက်ပြီး ကြက်သွန်ဖြူများဆယ်ထားပါ။

(၃) လှီးထားသောကြက်သားများကိုဆီချက်အနည်းငယ်နဲ့ (၃)မိနစ်ခန့်လှိမ်းပေးပါ။

(၄) ပြီးလျှင် ခေါက်ဆွဲကိုရေနွေးဆူဆူနဲ့ ပြုတ်ပြီးဆယ်ယူပါ။

(၅) ခေါက်ဆွဲပူနေချိန်မှာ အရသာမှုန့် ၊ ပဲငံပြာရည်အနည်းငယ်၊ လှိမ့်ထားသောကြက်သား၊ဆီချက်တို့နဲ့ ရောနယ်ပေးပါ။
{ပူနေချိန်နယ်ပေးခြင်းက ခေါက်ဆွဲသားကိုပိုအိစေပြီးအရသာ ကိုပို၀င်စေပါတယ်။

(၆) ရရှိလာသောခေါက်ဆွဲပေါ်သို့ကြက်သွန်ဖြူ ဆီချက်၊ကြက်သွန်မြိတ်  ၊ ငရုတ်ကောင်းအနည်းငယ်ဖြူးပါ။
   ဒါဆို ရင် ကြက်သားဆီချက်နံ့လေးနဲ့ မွှေးပျံနူးအိနေသော ဆီချက်ခေါက်ဆွဲလေးကို သုံးဆောင်လို့ရပါပြီရှင့်....
   အဆင်ပြေကြပါစေ

Credit  မူရင်း
..........အိမ်ချက် ဆီချက်ခေါက်ဆွဲလုပ်နည်း
မေးထားသူတွေအတွက်🍝🍝

#ပါဝင်တာတွေက

ကြက်သား
ကြက်အရေခွံ
ကြက်သွန်ဖြူ
ကြက်သွန်မိတ်
ကြက်သားမှုန့်
ပဲငံပြာရည်အကြည်
ငရုတ်ကောင်းမှုန့်
ခေါက်ဆွဲအစို(သို့)ခေါက်ဆွဲအခြောက်
ဆီ

#ပြုလုပ်နည်း

ကြက်အရေခွံကို ရေဆေးပြီး အရာသာနယ်ပါ
ဒယ်အိုးတည်ပြီးကြက်အရေခွံတွေထည့်ပြီး လှိမ့်ပေးပါ၊ကြက်အရေခွံတွေကြွပ်လာတဲ့အထိ လှိမ့်ပေးပါ
သူ့ဘာသာ ကြက်အဆီတွေ ထွက်လာပါလိမ့်မယ်
ဆီပေါက်တတ်တာကိုတော့ သတိထားပါ

ကြက်သားကို ရေဆေးပြီး ဆား၊အချိုမှုန့်၊ငံပြာရည်နဲ့နယ်ပြီးကြက်သွန်ဖြူ၊ဂျင်းဓားပြားရိုက်ပြီး အသားနူးအောင်ပြုတ်ထားပါ၊ နူးရင်တော့ အသားလေးတွေ ထွင်ထားပါ

Cooking TimeWhere stories live. Discover now