၂၀ ဆန်လှော်မုန့်ဟင်းခါး

16 0 0
                                    

ဆန်လှော်ငရုပ်ကောင်းမုန့်ဟင်းခါးချက်နည်း
ငါးကတော့ကိုယ်ကြိုက်တဲ့ငါးကိုသုံးလို့ရပါတယ်
မုန့်ဖတ်တပိသာအတွက်
ငါး 500gကိုရေစင်အောင်ဆေးပြီး ဆနွင်းမုန့် ငံပြာရည်ထမင်းစားဇွန်းန်းနှစ်ဇွန်း စပလင်နှစ်ချောင်းကိုထုထောင်းပြီးငါးကိုရေမြုတ်အောင်ထည့်ပြီးမိနှစ်နှစ်ဆယ်လောက်ပြုတ်ပါ။
ပြီးရင်ငါးကိုဆယ်ပြီးအအေးခံအရိုးတွေထုတ်ပါ ငါးပြုတ်ရေကိုယူပြီးအိုးတလုံးထဲထည့့်ထားပါ။
ပြီးရင်ငါးဆီသတ်ဖို့ ကြက်သွန်ဖြူဆယ်မွှာ၊စပလင်သုံးချောင်း၊ကြက်သွန်နီဥကြီးသုံးလုံး၊ဂျင်းလက်နှစ်ဆစ်လောက်ကိုထောင်းပါ။
ပြီးရင်အိုးထဲမှာဆီပူအောင်ထားပြီး ဆနွင်းမုနိ့ လက်ဖက်ရည်ဇွန်းတဝက်လောက်ထည့်ပါပီးရင်ထောင်းထားတာတွေထည့်ပြီးဆီသတ်ပါ ကြက်သွန်လေးတွေနွမ်းပြီးဆီသတ်နဲ့လေးမွေးလာရင်အရိုးနွင်ထားတဲ့ငါးတွေကိုထည့်ပြီးဆီသတ်ပါ မီးအလယ်အလတ်လေးနဲ့စိတ်ရှည်ရှည်လေးဆီသတ်မှမုန့်ကစားကောင်းမှာပါ။ငါးလေးတွေကျွတ်ကျွတ်လေးဖြစ်တဲ့အထိဆီသတ်ပါတယ်ကျွန်မကတော့ ပိုမွေးအောင်ပါ
ပြီးရင် စောစောကဖယ်ထားတဲ့ငါးပြုတ်ရည်ကို ပေါင်းအိုလေးလုံးဝင်အိုးလောက်နဲ့ရေကိုထပ်ထည့်ပြီးပွက်ပွက်ဆူအောင်တည်ထားပါ
ပြီးရင်ငါးဆီသတ်တွေထည့်ပါ။
ဆန်လှော်မုန့်ကတော့ဟင်းမွေတဲ့ဇွန်းခွက်ကြီးနဲ့တခွက်လောက်ထည့်ပါတယ်။ ဆန်လှော်မုန့်ကို မီးအေးအေးနဲ့သုံးမိနစ်လောက်ထပ်လှော်ပေးလိုက်ပါတယ် ပိုမွှေးအောင်ပါ
ကြက်သွန်နီ ဆယ်လုံးလောက်လေးစိတ်ခွဲထည့်ပါ။ပြီးရင်ဆန်လှော်မုန့်ကိုရေဖျော်ပြီးထည့်ပါ။ထန်းလျှက်နှစ်လုံးလောက်ထည့်ပါ။ ဟင်းချိုမုန့်နည်းနည်းထည့်ပါ။
မကြိုက်ရင်ကြက်သားမုနိ့ထည့်ပါ။ဆားလက်ဖက်ရည်ဇွန်းတဇွန်းလောက်ထည့်ပါ
ငံပြာရည်ထမင်းစားဇွန်းနဲ့သုံးဇွန်းလောက်ထည့်ပါ။မုန့်ဟင်းခါးကငံပြာရည်အနံ့နဲ့ပိုလိုက်လို့ဆားကိုသိပ်မသုံးဖြစ်ဘူး။တည်ထားရင်းနဲ့ကြက်သွန်နီဥလေးတွေလည်းနူးလာပြီးမုန့်လေးကလည်းမွေးမွေးပြစ်ပြစ်လေးဖြစ်လာရင်ချခါနီးလေး ငရုပ်ကောင်းလှော်ထမင်းစားဇွန်းနဲ့တဝက်လောက်ကိုထောင်းပြီးထည့်ပါ။ ဘဲဥ ကြက်ဥ ပြုတ်ကြိုက်တာထည့်ပြီးရင်အရသာကတော့ကိုယ်စိတ်ကြိုက်ထပ်မြည်းပြီးစားလို့ရပါပြီ။
CrdbyKay Khaing Oo

Cooking TimeWhere stories live. Discover now