170 32 8
                                    

'' ကိုကြီးရဲ့ဒီလိုဆုံးဖြတ်ချက်က ကျွန်တော်တော့မှန်တယ်မထင်ဘူးနော်....''

'' ဒါဆိုဘယ်လိုဆက်လုပ်ရမလဲ...ကြာလာရင်ကို​ကြီးအတွက်ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူး ဂျီမင်...''

'' ကျွန်တော်နောက်ထပ်ဂိုက်ဆရာအသစ်ပြောင်းလိုက်ရင်ကောင်းမယ်ထင်တယ်နော်...''

ညိုဖန့်ဖန့်ရောင်ကော်ဖီဆိုင်သေးသေးလေးထဲ ဂျီမင်းနဲ့အတူနမ်ဂျွန်းထိုင်ကာရင်ဖွင့်နေတာပင်။ အိမ်ကထွက်လာပြီး သူငယ်ချင်းမင်ယွန်းဂီအိမ်မှာသောင်တင်နေတာနှစ်ရက်မြောက်ပြီ။
အခြေအနေကဘာမှထူးမလာတဲ့အပြင် ကင်ဆော့ဂျင်ညတိုင်းညတိုင်းတိုက်ခန်းအနောက်ဘက်ခြမ်း လမ်းကြားဘက်ကပြတင်းပေါက်ဘောင်ပေါ် တက်တက်ထိုင်နေတယ်လို့ ဟိုဆော့သတင်းပို့လို့ စာတောင်ဖြောင့်အောင်မသင်နိုင်ပဲ ဂျီမင်နဲ့ ဒင်းကိစ္စကိုပေါ်တင်ဆွေးနွေးနေရသည်။

'' ဟာ...မဟုတ်တာ အဲ့လောက်ထိမလိုအပ်ပါဘူးကွာ....''

နမ်ဂျွန်းပြာပြာသလဲငြင်းမိတော့ ဂျီမင်ကမျက်မှန်လေးထောင့်လေးကိုပင့်တင်ရင်း ခေါင်းလေးငုံ့ကာ

'' ဒါပေမဲ့ အခုပြသနာက ကျွန်​ေတာ့်​ကြောင့်လို့ခံစားရတယ်ကိုကြီး.... ကျွန်တော်စိတ်မဖြောင့်ဘူး....''

'' မင်းကြောင့်ရယ်မဟုတ်ပါဘူးကွာ...သူကဒီအတိုင်းပါပဲ နည်းနည်းထင်ရာစိုင်းတက်တယ်...ဘာပဲဖြစ်ဖြစ် ကိုကြီးကပဲဂျီမင့်ကိုတောင်းပန်ပါတယ်ကွာ... စိတ်ထဲမထားပါနဲ့နော်....''

နမ်ဂျွန်းစားပွဲပေါ်လက်တင်ကာ ဂျီမင့်ရှေ့ကိုကိုင်းကာတိုးရှိုးပြောလိုက်တော့ လခြမ်းကွေးမျက်ဝန်းတွေကအကြည်ရောင်တလဲ့လဲ့ရယ်။

'' ကိုကြီးကို ကျွန်တော်သနားလိုက်တာ....ဘာကြောင့်မှန်းမသိဝမ်းနည်းလာတယ်... တချိန်ကအားကျရတဲ့စီနီယာကိုကြီးက အခုလိုဂျစ်တစ်တစ်ချစ်သူရထားလို့ဝမ်းနည်းတာပဲလား ကျွန်တော်မသိတော့ပါဘူး....''

ဂျီမင်ရဲ့လေသံဖျော့ဖျော့တိုးရှရှလေးကြောင့် နမ်ဂျွန်းငေးခနဲဖြစ်သွားရသည်။ ညိုတိုတိုဆံပင်ပျော့လုံးလုံးလေးတွေနှင့်အပြိုင် အညိုဖြော့ရောငျကုတျအကျင်္ ီလေးနှင့် ဂျီမင်ဟာ နှစ်လိုစရာကောင်းတဲ့ချောကလက်တုံးလေးလိုပဲ။

အစွန်းWhere stories live. Discover now