တိတ်ဆိတ်မှောင်မိုက်နေတဲ့ဒီလမ်းကြားလေးထဲ နမ်ဂျွန်းခြေလှမ်းတွေလေးလံကာတစ်လှမ်းချင်းစီလှမ်းလာသည်။ ရင်ထဲမှာလည်းရှုပ်ထွေးနေသလို စိတ်တွေလည်းယောက်ယပ်ခက်နေလို့နေသည်။
တိုက်ခန်းစုတ်လေးနားမရောက်ခင် လမ်းကြားလေးထဲက အုတ်ခုံလေးပေါ်မှာပစ်စလက်ခက်ထိုင်ချလိုက်ကာ ဒူးနှစ်ဖက်ပေါ်ခေါင်းငုံ့ချလိုက်မိသည်။
အား.....တကယ်ရူးသွားပြီပဲကင်နမ်ဂျွန်း။ ဘာလို့ ဘာလို့ ဂျီမင့်ကိုပါထပ်ပြီးလဲ။
ခေါင်းငိုက်စိုက်နှင့်ပင်နမ်ဂျွန်းအံကိုတင်းတင်းကြိတ်လျှက် ခေါင်းကဆံပင်တွေကိုလက်ချောင်းတွေနဲ့ဆွဲဆုပ်ပစ်လိုက်သည်။
ခံစားချက်တွေရှုပ်ထွေးနေတာပဲသိတယ်။ ဦးနှောက်ထဲမှာဘာကိုမှဆက်မတွေးချင်တော့ဘူး။ ဘယ်ချိန်ထိဒီလိုခံစားချက်မရေမရာတွေနဲ့ရှေ့ဆက်တိုးမိနေဦးမယ်မသိတော့။
ချက်ချင်းပင် မိုးစက်ပေါက်တွေတစ်စတစ်စသည်းလာကာ သူ့ခန္ဓာကိုယ်ပေါ်တစ်စက်စက်စိုရွဲလာတဲ့အထိ သူနေရာမှတစ်ဖဝါးမှမခွာ။ ကျောက်ရုပ်တစ်ရုပ်လို မိုးရေထဲငြိမ်လျှက်ပင်ရှိ၏။
ေဘးဘက်ဝဲယာမှ တိုက်ခန်းများရဲ့ပြတင်းပေါက်သံဆူဆူညံညံကြားမိခါမှ သတိဝင်လာသည်။ ဆော့ဂျင်ရော ပြတင်းတံခါးမှသေချာပိတ်ပါရဲ့လား။
အစွန်း
ပိတ်တယ်ဆိုရုံမျှပိတ်ထားတဲ့တိုက်ခန်းတံခါးလက်ကိုင်လေးကိုအသာဆွဲလှည့်ကာ သူဝင်လာခဲ့သည်။ အခန်းထဲတိတ်ဆိတ်မှောင်မိုက်မှုသာကြီးစိုးနေကာ ဆော့ဂျင်ရဲ့အရိပ်အယောင်မှလွဲ၍ အရာအားလုံးကအစီအစဥ်တကျဖြစ်ကာ နံရံမှနာရီသံတစ်ချက်ချက်သာပျံ့လွင့်နေသည်။
မိုးရေတွေစိုရွဲနေပြီဖြစ်သောအပေါ်ဂျက်ကပ်ကိုဆွဲချွတ်ပစ်လိုက်ပြီး ဘေးလွယ်အိတ်ကိုနံရံမှာချိတ်ကာဖိနပ်ချွတ်မှ အခန်းထဲသို့အသာနင်းဝင်လိုက်သည်။
'' မောင်ပြန်ရောက်ပြီ...''
အခန်းထဲအသာဝေ့ကြည့်ရင်းအသံပြုလိုက်ပေမဲ့လည်း တိတ်ဆိတ်မြဲတိုင်းတိတ်ဆိတ်လို့နေသည်။
YOU ARE READING
အစွန်း
Fanfictionမောင်က ဖျက်မရတဲ့အစွန်းလေးပဲ။ မောင်ကအဖြူထည်တွေအားလုံးကိုစွန်းထင်းစေတယ်။ ညစ်ပေစေတယ်။ ပျက်ယွင်းစေတယ်။ မောင်က တကယ်ကိုအစွန်းအထင်းအစစ်ပါပဲ။ NamJin BoyXBoy