PART(15)🚨

1.8K 108 3
                                        

Unicode

စျာန်က နှိုင်းစားချင်တာတွေကိုဝယ်ကျွေးပြီး စျာန့်မေမေကလည်း နှိုင်းအတွက်ဆိုပြီး မုန့်တွေခြင်းလိုက်ဝယ်ပေးတယ်။ စျာန်တို့အိမ်ပြန်လာတော့ လက်ထဲအထုတ်အပိုးတွေကအများကြီး။

စျာန့်မေမေကတော့ သူငယ်ချင်းတွေဆီသွားစရာရှိတယ်ဆိုကာ လမ်းမှာပဲလမ်းခွဲသွားတယ်။ စျာန်နဲ့သူနဲ့ပဲ အိမ်ကိုပြန်လာခဲ့တယ်။ စျာန်က အဝတ်အစားအထုတ်တွေကို အိပ်ခန်းထဲယူသွားပေးပြီး သူကတော့ အစားအသောက်တွေကို မီးဖိုချောင်ဆီသယ်သွားလိုက်တယ်။

မီးဖိုချောင်ထဲမှာရပ်ကာ မုန့်တွေကိုထုတ်နေတုန်း တွေးမိတယ်။အခု သူနဲ့စျာန်ကနှစ်ယောက်ထဲမဟုတ်လား။ စိတ်လှုပ်ရှားဖို့ကောင်းသည်။

"ဟိဟိ"

"ဟိတ်!"

"အမယ်လေး!...လန့်သွားတာပဲ..စျာန်ကကွာ"

ရုတ်တရက် အနောက်မှခြောက်လိုက်တဲ့စျာန်ကြောင့် နှိုင်းလန့်သွားပြီး နှုတ်ခမ်းဆူသွား၏။စျာန်က ခပ်ကျိတ်ကျိတ်ရယ်ကာ သူ့အနောက်နေပဲသူ့ကိုယ်ပေါ်မှီပြီး ပုခုံးပေါ်မေးတက်ကာ မေးလာ၏။

"ဘာတွေတွေးနေလို့ လန့်သွားတာလဲ။ ခုနကလည်း ဟိဟိ နဲ့ရယ်နေတယ်.."

"ဘာမှတွေးပါဘူး.."

သူ့နောက်ကျောမှာထိကပ်နေတဲ့ စျာန့်ရဲ့နွေးထွေးတဲ့ရင်ဘတ်ကြီးကသူ့ကိုရင်ခုန်စေတယ်။ စျာန်နဲ့ပတ်သတ်လာရင် သူ့မှာရင်ခုန်ရဆဲပဲ။

"ဟုတ်လို့လား...မင်းတစ်ခုခုတွေးနေတာ ကိုယ်သိပါတယ်။"

စျာန်ကပြောရင်း လက်ကလည်းအငြိမ်မနေ သူ့ရဲ့အင်္ကျီထဲဝင်ရောက်ကာ ဗိုက်ကိုပွတ်သပ်လာတယ်။

"စျာ-စျာ့န်..."

"ဟင်..ဖြေလေ.."

စျာန့်ရဲ့ခပ်နိမ့်နိမ့်အသံက သူ့နားအနီးကနေထွက်ပေါ်လာတယ်။အသက်ရှူသံပြင်းပြင်းက ပျော့ပျောင်းလှတဲ့ဆံနွယ်လေးတွေကို လှုပ်ခတ်သွားစေပြီး နှုတ်ခမ်းရဲရဲက နီရဲတွတ်နေသော နားရွက်ဖျားလေးကိုငုံခဲလာသည်။

"အ..မင်းနဲ့နှစ်ယောက်ထဲရှိနေတာကိုတွေးနေတာ ..အာ့..စျာန် မကိုက်နဲ့နော်"

I KᑎOᗯ YOᑌ ᒪOᐯᗴ ᗰᗴ || COMPLETE ✔Where stories live. Discover now