Love Soul EP 1

63 9 0
                                    

1971ခုနှစ်တွင် ဘုံနှစ်ဘုံတည်ရှိနေခဲ့ခြင်းမှာ နှစ်ပေါင်း 300ကျော်ပင်ဖြစ်သည်။ ထိုဘုံနှစ်ခုမှာ လူ့ဘုံနှင့် မိစ္ဆာဘုံဆိုကာ ရန်ငြိုးအကြီးအကျယ်ရှိနေကြသည့် လူနှင့်မိစ္စာ..........။

လူဘုံနှင့် မိစ္ဆာဘုံမှာ ဘုံနှစ်ခုဖြစ်တည်လာကထဲက ရန်သူ့ပြိုင်ဖက်တွေဖြစ်ခဲ့ကြကာ ရန်ပွဲ၊စစ်ပွဲများနဲ့ အခြားအမျိုးမျိုးသော လုပ်ကြံသတ်ဖြတ်မှုတွေရှိခဲ့ကြခြင်းဖြစ်သည်။ လူသားများသည်
မိစ္စာများအားရွံရှာသလို မိစ္ဆာများသည်လည်း လူများကိုမုန်းတီးကြသည်။

မျိုးရိုးအဆက်ဆက် ရန်ငြိုးများနှင့် မပြီးနိုင်သာ စစ်ပွဲများထဲမှာမှ အဆိုးဆုံးနှင့် လူသားနှင့်မိစ္ဆာများ၏ နောက်ဆုံးသတ်ဖြတ်ခြင်းသို့ခေါ်တွင်သလို လူသားများ၏ အဆုံးသတ်ဟုပင် ခေါ်တွင်နိုင်သော စစ်ပွဲတွင် လူသားများသည် အင်အားမလုံလောက်ခြင်းနှင့်အားလျော့ခြင်းစသည့် အားနည်းချက်တို့ဖြင့် မိစ္ဆာများ၏ အစွမ်းသတ္တိများကို မခုခံနိုင်ခြင်းကြောင့် မိစ္ဆာများလက်ထဲတွင် ဆုတ်ဆုတ်ယွယွ မြင်မကောင်းအောင်
ရှုုံးနိမ့်ခဲ့ရသည်။

လူ့ဘုံ၏ အတော်ဆုံးစစ်သည်တော်များကိုဆုံးရှုုံးခဲ့ရသည့်အပြင် အတော်ဆုံး ခေါင်းဆောင်ကြီးသည်လည်း လူ့ဘုံ၏ ဘုရင်ကြီးအား
ကာကွယ်ရန် အသက်စတေးကာ ဆိုးဆိုးဝါးဝါးသေခဲ့ရသည်။

အခုထိ လူ့ဘုံသည် မိစ္ဆာများအားမယှဥ်နိုင်ခဲ့ပါ။
မျိုးဆက်သစ်တွေသည်လည်း အခုထိမိစ္ဆာများအား မယှဥ်နိုင်ခဲ့သလို ကြောက်ရွံ့ခြင်းများလည်းရှိခဲ့ကြသည်။

သို့ဖြစ်၍ 1955ခုနှစ်တွင် လူ့ဘုံနှင့် မိစ္ဆာဘုံမှတစ်ချိန်တည်း သားတော်လေးနှစ်ပါးအား ဖွားမြင်ခဲ့ကြသည်။

သခင်လေးနှစ်ယောက်မှာ ငယ်စဥ်ကထဲက မင်းသားတို့အတတ်ပညာများပိုကိုယ်စီသင်ယူခဲ့ကြရပြီး 1965ခုတွင် အတော်ဆုံးမျိုးဆက်ဟူ၍ပင် ခေါ်တွင်နိုင်အောင် ငယ်ငယ်ရွယ်ရွယ်လေးနှင့် ထူးချွန်ခဲ့ကြသည်။

မိစ္ဆာများသည်လူသားများအပေါ်နောက်ဆုံးစစ်ပွဲပြီးကထဲကအခုထိအငြိုးရန်ငြိုးများမရှိကြတော့ပါ။ လူသားများအကြောင်းကိုလည်း စိတ်မဝင်စားဘဲ ကိုယ့်ဘုံကိုယ် အေးချမ်းအောင်စီမံကာ နေထိုင်ခဲ့ကြသော်လည်း လူသားများသည် ရှုုံးနိမ့်ခြင်းအား မကျေနပ် မိစ္ဆာဘုံအား မျက်စိဒေါက်ထောက် စုံစမ်းနေခဲ့ကြသည်။ မျိုးဆက်သစ်များကိုလည်း ထိုကဲ့သို့ သမိုင်းအကြောင်းကို လိုတာထက်ပိုအောင် ပြောပြခဲ့ကြပြီး ရန်ငြိုးမကြီးကြီးအောင် မုန်းတီးတတ်အောင် သင်ပေးခဲ့ကြသည်။

အခုလက်ထက်တွင်လည်း လူ့ဘုံ၏သခင်လေး
Kang Taehyunအား ဤကဲ့သို့အယုံသွင်းထားခြင်းဖြစ်လေသည်။

မိစ္ဆာဘုံ၏ မျိုးဆက်သစ် Choi Beomgyuဟုအမည်ရသည့် သခင်လေးကတော့ အဲ့လိုမျိုးတွေ အငြိုးမထားကာ အေးချမ်းစွာ ငယ်ငယ်ရွယ်ရွယ်လေးဖြင့် မိဘတွေကိုဆုံးရှုုံးခဲ့ရပြီး မောင်နှမ၊သူငယ်ချင်းမရှိခဲ့ဘဲ အထီးကျန်စွာ တိုင်းပြည်ဘုံကို ကိုယ်တိုင် အုပ်ချုပ်နေရသည်။

4.3.1971နေ့တွင် လူ့ဘုံမှဘုရင်ကြီးသည် သခင်လေး Kang Taehyunအား ကြီးလေပြီး
အန္တရာယ်များတဲ့တာဝန်ကြီးအား ခိုင်းစေလေသည်။

ဤသည်မှာ မိစ္ဆာဘုံကိုသွားကာ မိစ္ဆာများ၏ သခင်လေးChoi Beomgyuအား ချဥ်းကပ်၍ အသက်နှုတ်ရမည်ဆိုသည့် ယုတ်ညံ့ရွံရှာဖွယ်ကောင်းသော တာဝန်ကြီးဖြစ်ပေသည်။

သခင်လေးKang Taehyunမှာငယ်ငယ်လေးကထဲအယုံသွင်းခံထားရတာမလို့ ဤတာဝန်ကြီးအား လွယ်လွယ်နှင့်လက်ခံခဲ့ပြီး ချက်ချင်း ထမ်းဆောင်ဖို့အတွက်ပြင်ဆင်လျက်ရှိခဲ့သည်။ Taehyunသည် ထက်မြက်ထူးချွန်ပါးနပ်သည့်အတွက် ဤအရာသည်ထင်သလောက်မလွယ်ကူသလို အချိန်များများဆွဲကာလုပ်ရမည်ဟုတွက်ချက်ထားလေသည်။

မိစ္ဆာဘုံက သခင်လေးBeomgyuကတော့ဘာမှမသိရှာခဲ့ပါ........

နောက်နေ့မနက်စောစောတွင် Beomgyuသည် လသာဆောင်ပေါ်မှ တိုင်းပြည်ပုံကိုရှုစားကာ သူငယ်ချင်းဖြစ်ဖြစ် တယောက်ယောက် သူ့အနားမှာရှိလျှင်ကောင်းမှာဘဲဆိုကာ တွေးနေချိန် ရဲတိုက်ရှေ့တွင် မိစ္ဆာအရိပ်အရောင်မရသည့် လူငယ်လေးတဦးကအားလှမ်းမြင်လိုက်လေသည်။

ထိုကောင်လေးမှာ..............

__________________________

Love Soul EP 1လေးပါ။ အရေးအသားကတော့သည်းခံပေးကြပါ။ အပိုင်းကရေးတာစစချင်းမလို့နည်းတာပါ နောက်ပိုင်းများများရေးပေးမယ်နော်။

ဖတ်ပြီးရင် ဒါဒါတို့ရဲ့တာဝန်အရ voteခဲ့ပြီး အရေးအသားဘယ်လိုနေလဲမန့်ခဲ့ပါဦး။

Updatedကတော့ viewရတဲ့ပေါ်မူတည်ပြီးupပေးမယ်🌚

Moonlight🌙

Love Soul : အချစ်ဝိညာဥ်Where stories live. Discover now