Love Soul EP 2

77 9 8
                                    

ထိုကောင်လေးမှာ...........

Beomgyuသည်အဲ့ကောင်လေးမျက်နှာကိုသေချာမမြင်ရပေမယ့် ကြည့်ရသလောက်က သူ့အရွယ်လောက်ပဲမလို့ ရုတ်တရက်ကြီး ခင်မင်ချင်စိတ်တွေဖြစ်ပေါ်လာခဲ့သည်။ ထိုကောင်လေးမှာလည်းရဲတိုက်အရှေ့တွင် မျက်စိလည်နေသည့်ပုံပေါ်၍ သူ့၏ ကိုယ်ရံတော်Choiကို ထိုကောင်လေးအား သူ့ဆီခေါ်လာရန် ပြောလိုက်ပြီး တဖန် မျက်စိလည်နေသည့်ကောင်လေးအား ငေးမောနေခဲ့သည်။

သူ၏ကိုယ်ရံတော်သည် ထိုကောင်လေးအား ခေါ်ဆောင်လာခဲ့သည်ကိုတွေတော့ ချက်ချင်းပင်လျှင် သူ၏ ပုံစံကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် ဘာအကြောင်းကြောင့်မှန်းမသိ ပြင်ဆင်နေခဲ့မိသည်။

ခဏကြာတော့ Beomgyu၏ အခန်းဆောင်၏ တံခါးအားခေါက်သံနှင့်တကွ

"ကျွန်တော် သခင်လေးခေါ်ခိုင်းတဲ့သူကို ခေါ်လာပါတယ်"

"သူတစ်ယောက်တည်းဝင်လာခိုင်းလိုက်"

ချက်ချင်းဆိုသလိုပင် တံခါးပွင့်လာကာ အထုတ်တစ်ထုတ်နှင့် ကောင်လေးတစ်ယောက်ဝင်လာခဲ့သည်။

"မင်းနာမည်ကဘယ်သူလဲ"

"Kang Taehyun"

Taehyunမှာ မျက်နှာကို ပဝါနှင့် မျက်နှာတစ်ဝက်ကိုဖုံးထားကာ ကြီးမားကျယ်ဝန်းပြီးတောက်ပသော မျက်လုံးတစ်စုံနှင့် ပျော့ပျောင်းသောချယ်ရီရောင်ဆံနွယ်များကိုသာ ဖော်ထားခဲ့သည်။ အဝတ်အစားများသည်လည်း လုံခြုံစွာ လက်နှစ်ဖက်ပဲပေါ်သည့်အထိဖြစ်လေသည်။

Beomgyuမှာ ဘာဆက်ပြောရမလဲ မသိချိန်

"ကျွန်တော့်ကို ခေါ်တာဘာကိစ္စလဲမသိဘူးဗျ"

"မင်းငါဘယ်သူလဲသိလား"

"ဘယ်သူလဲမသိဘူး?"

Taehyunမှာတာဝန်အတိုင်း Choi Beomgyuအားလှည့်စားတော့လေသည်။ အမှန်တကယ်အတွေးမှာတော့ ရုပ်လေးကော ပုံစံကောကြည့်ရတာ မိစ္ဆာဆိုသည့်အတိုင်းကြောက်စရာကောင်းမှု ရွံရှာစရာမကောင်းသည့်အပြင် လူသားတစ်ယောက်ထက်တောင် ချောမောပြေပျစ်သောရုပ်ရည်နှင့်သပ်ရပ်ကျော့ရှင်းသော ဝတ်ပုံစားပုံတို့ကြောင့် တခဏတော့ တွန့်ဆုတ်မိသွားသည်မှာအမှန်။ သို့ပေမယ့် တာဝန်အရ အမုန်းတရားတို့ကိုသာ ရှေ့ထားကာ အလုပ်ကို စတင်ထမ်းဆောင်တော့သည်။

You've reached the end of published parts.

⏰ Last updated: Jun 27, 2022 ⏰

Add this story to your Library to get notified about new parts!

Love Soul : အချစ်ဝိညာဥ်Where stories live. Discover now