Part-7

96 11 4
                                    

"Kim Sehun မင်းမပြေးနဲ့....ဟေ့ကောင်"

"မပြေးလို့ရမလားကွ...မပြေးရင် မင်းကငါ့ရိုက်မှာပေါ့"

ယခုဆို sehunဟာ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်နေပါပြီ။အသက်ကတော့ ၁၆နှစ်ဖြစ်သည်။အခုပြေးနေတာကတော့ baekhyun လိုက်ရိုက်နေလို့ဖြစ်သည်။လိုက်ရိုက်ရတဲ့အကြောင်းရင်းကတော့....

"sehun.."

sehunနောက်သို့လှည့်ကြည့်လိုက်တော့ သူတို့အတန်းထဲက ကောင်မလေးတစ်ယောက်

"ဘာကိစ္စရှိလို့လဲ"

"ဟိုလေ...တစ်ခုလောက်ကူညီပေးလို့ရမလားဟင်"

"ပြောကြည့်လေ"

"ဟို..baekhyunကို ဒီစာလေးပေးချင်လို့ အဲ့တာ..ပေးပေးပါလားဟင်"

"အိုကေ"

"ကျေးဇူးပါ sehun"

sehunထို့ကောင်မလေးပေးသွားတဲ့စာကို baekhyunမသိအောင် လွယ်အိတ်ထဲသို့ထည့်ပေးလိုက်သည်။ထို့နောက် နှုတ်ခမ်းထက်ယုတ်မာသောအပြုံးတို့ထွက်ပေါ်လာသည်။

------------------------

"ရားးး မင်းရပ်တော့နော်..ဆက်မပြေးနဲ့တော့"

"အိုကေ အိုကေ"

"ဟူးးး ဟော..ဟဲ...ဟော...မောလိူက်တာ..ဟဲ..."

"မင်းဘာလို့အဲ့လောက်အပြေးသန်ရတာလဲဟမ်..."

"ဒါကတော့ ခြေတံရှည်တယ်လေ"

"ဘာကွ..မင်းက ငါ့ကိုခြေထောက်တိုတယ်ပြောချင်တာလား"

"ငါမပြောပါဘူး..မင်းပဲပြောတာ"

"မင်းးး...မင်းးမနေ့ကငါ့လွယ်အိတ်ထဲ အတန်းထဲက မင်ဂျူနာပေးလိုက်တဲ့စာကိုထည့်လိုက်တယ်မလား...ဟမ်"

"အင်းးး ထည့်လိုက်တယ်"

"မင်း...အင့်ဟာ..."

baekhyun စိတ်ဆိုးဆိုးဖြင့်sehunခေါင်းသို့ဖြတ်ရိုက်လိုက်သည်။

"အ..ဘာလို့လာရိုက်တာလဲကွ...daddyတောင်မရိုက်ရက်တာ"

"အေး..မင်းdaddyမရိုက်ရက်ပေမယ့် ငါရိုက်ရက်တယ်...မင်းလုပ်တာဟမ်...ငါအိမ်ရောက်တော့ papaကငါ့လွယ်အိတ်စစ်တော့ အဲ့စာတွေ့ပြီး...ငါ့ကိုဆူလိုက်တာဆိုတာ...ပြီးတော့လည်း ငါ့ကိုအတင်း..."

Am I Your Son Or Boyfriend???Where stories live. Discover now