Part-14

61 6 4
                                    

"ဂျီယွန်း နင်ဒီနေ့ဂျုံအင့်ကိုသွားတွေ့တယ်ဆို.."

"ဟုတ်တယ် အစ်မ"

"ဘာတွေလုပ်ဦးမလို့လဲ ဂျီယွန်းရယ်"

"ကျွန်မဘာလုပ်လုပ်အစ်မနဲ့မဆိုင်ပါဘူး..ဝင်မပါနဲ့ ပြီးတော့ဂျုံအင်ကအရင်ကတည်းကကျွန်မနဲ့လက်ထပ်ဖို့စီစဥ်ထားတဲ့သူ"

"အဲ့လက်ထပ်ပွဲကိုထားပြီးထွက်ပြေးသွားတာဘယ်သူလဲ..ပြီးတော့ဂျုံအင်ကနင့်ကိုကလေးတစ်ယောက်အမေမှန်းမသိလို့လက်ထပ်ဖို့စီစဥ်ခဲ့တာလေ..သူသိသွားရင်လက်ခံမယ်ထင်လို့လား"

"အရင်ကလည်းမသိခဲ့သလို..အခုလည်းသူမသိနိုင်တော့ပါဘူး..ဘာလို့ဆိုကျွန်မသားကအခုအစ်မရဲ့သားဖြစ်နေပြီမလား"

"ဂျီဝူးကငါ့သားအရင်း ဂျီယွန်း"

"ဘာတွေလာပြောနေတာလဲ အစ်မ...ဂျီဝူးကကျွန်မကိုယ်တိုင်မွေးခဲ့တဲ့သားပါ..အစ်မကသူ့အဒေါ်ပါ"

"ငါDNAစစ်ပြီးပြီ..ဂျီဝူးကငါ့သားအရင်း..နင်စွန့်ပစ်ခဲ့တဲ့ကလေးကငါ့သားမဟုတ်ဘူး.."

"ဟမ်...မဖြစ်နိုင်တာ..အဲ့တာဆို ကျွန်မကိုစွန့်ပစ်ခိုင်းတဲ့ကလေးက ဘယ်သူ့ကလေးလဲ.."

"ဒီကိစ္စတွေရဲ့အမှန်ကိုအမေတို့ကလွဲရင်ဘယ်သူသိမှာလဲ"

"အမေတို့ကမရှိတော့ဘူးလေ...ဘယ်သူ့ကိုသွားမေးရမှာလဲ..ဒီကိစ္စတွေကိုတခြားသိတဲ့သူရှိ...ဟင်.."

"ဘာဖြစ်လို့လဲ ဂျီယွန်း"

"ဒီကိစ္စတွေကိုသိမယ့်သူရှိတယ်..အစ်မ..ကင်ဂျုံအင်..ဂျုံအင်..သူသိတယ်"

"ဟဲ့..သူကဘယ်လုပ်သိမှာလဲ..နင်ကလေးရှိမှန်းတောင်သူသိမှာမဟုတ်ဘူး"

"ဟင်..ဟုတ်သားပဲ..ဒါပေမယ့် ဒီနေ့သူ့ဆီသွားတွေ့တော့ သူပြောတာ..ကျွန်မမသိတဲ့တချို့ကိစ္စတွေတောင်သူသိတယ်တဲ့"

"ဘယ်လို..ဘာကိစ္စလဲ.."

"သူမွေးစားထားတဲ့ကင်ဆယ်ဟွန်းဆိုတဲ့ကလေးကိုအစ်မရဲ့ကလေးလို့ထင်ခဲ့တာ..သူ့ကိုသွားပြောတော့..ကျွန်မမသိတဲ့ကိစ္စတွေကိုသူသိထားတယ်တဲ့..အဲ့လိုပြောတယ်"

"မဖြစ်နိုင်တာဟယ်..သူပြောတာက ငါ့ကလေးမဟုတ်မှန်းသိတာပဲနေမှာပေါ့..နင်ကလေးရှိမှန်းတောင်သိတာမဟုတ်ဘူး"

Am I Your Son Or Boyfriend???Where stories live. Discover now