Love & Sex (Unicode)

57.3K 446 65
                                    

"ဟိုမှာ ဒေါ်ထားထားစံတို့လင်မယား"

"ဒေါ်ထားထားစံ လှလိုက်တာဟယ်"

"သူ့ကိုတော့ မနာလိုမဖြစ်ဘူး ၊ အားကျတယ် ၊ သူ့ယောက်ျားထက် ပိုတော်တာ "

"ဟုတ်တယ် ခင်ခင်ရယ် ၊ ကျွန်မတို့လုပ်တဲ့ အလုပ်ဆိုတာ ယောက်ျားပိုက်ဆံနဲ့ အပျော်အလုပ်လေးတွေလုပ်တာ ၊ သူ့ကတော့ အားကျစရာပါ"

ရောင်စုံမီးရောင်များအောက် ရှိသမျှအလှအပများထက် ရင့်ကျက်မှု ၊ လေးစားစရာကောင်းမှု ၊ အားကျစရာကောင်းမှု ၊ အရှိန်အဝါကြီးမှုများ လွှမ်းခြုံထားသော အမျိုးသမီးဒေါ်ထားထားစံ ။ ခက်ခက်မားမားနဲ့ သူ့စကားပြောဖော်တို့ ချီးကျူးနေမှုများထက် ပို၍ သာလွန်အောင် တော်သော ဒေါ်ထားထားစံ ။ ရင်တစ်ဝက်ပေါ်လွင်အောင် ဖော်ထားကာ မီးခိုးရောင် Dress ကို ဝတ်ဆင်ထားပြီး လက်တွင် ပိုက်ဆံအိတ်အဖြူသေးသေးလေးကို ညင်သာစွာကိုင်ထားသည် ။ လည်ပင်းညှပ်ရိုး​ပေါ် ဖြည်ချထားသော ဆံပင်အညိုရောင်များကြား ပန်းနုရောင်နှုတ်ခမ်းလေးက ပြုံးယောင်သမ်းယောင်ပဲ ပြုံးပြနေ၏။ ထိုအမျိုးသမီးက မားမားတို့ ပြောနေသည်ထက် များစွာပြည့်စုံသာလွန်သည် ။

"ခက်ခက် သမီး"

မားမားရဲ့ ခေါ်ဆိုမှုကို ခေါင်းစောင်း၍သာ ခက်လက်တုန့်ပြန်လိုက်၏။ ဒီလိုပါတီပွဲမျိုး ခက်ခက်တက်ရခြင်း သိပ်မကြိုက် ။ မားမားနှင့်အလွန်ရင်းနှီးသူပွဲမို့သာ ခက်ခက်လိုက်လာရခြင်းပင် ။ ရောက်နေသည်မှာ ကြာပြီမို့ ခက်ခက်ပြန်ချင်ပြီ ။

"ဒေါ်ထားထားစံကိုကြည့် သမီး ၊ သူ့လိုဖြစ်အောင်ကြိုးစား ၊ သိပ်တော်ပြီး ကိုယ့်အားကိုယ့်ကိုးနိုင်တဲ့ အိမ်ထောင်သည်အမျိုးသမီးဖြစ်စေချင်တယ် "

"ဟုတ် မားမား"

ခက်ခက်အပြုံးများ အဓိပ္ပါယ်ကို မားမားမသိပေမဲ့ မားမားက ကျေနပ်စွာ သူ့မိတ်ဆွေတွေဘက် လှည့်သွား၏။ ခက်ခက်မားမားက ဒေါ်ထားထားစံလို ဖြစ်အောင်ကြိုးစားစေချင်သည် ။ ခက်ခက်ကတော့ ဒေါ်ထားထားစံနဲ့ ဖြစ်အောင်  အသက်အမြဲနေတယ်ဆိုတာ မပြောဖြစ် ။ အသက် 43 နှစ်သာရှိသေးတဲ့ ဒေါ်ထားထားစံက ခက်ခက်အမြင် ငယ်သေး၏။ ခက်ခက်ထက် 23 နှစ်ခန့်ကြီးတဲ့ ထိုအမျိုးသမီးလို ဖြစ်အောင်တဲ့လေ ။ ဟား...

One Shot Collection 🔞🔞(GL)Where stories live. Discover now