တီခက်/တီခက္

24.8K 275 6
                                    

Title -တီခက်

"ခက်ရာရေ ငါ့တူမကို အလိုမလိုက်နဲ့နော် ၊ သူက သိပ်ရောင့်တက်တာ"

"သွားပါတော့ တီတီရယ် ၊ ဟိုမှာ ဦးကောင်းစောင့်နေပြီ"

ဧကရီအဒေါ်မှာ ယောက်ျားနှင့် ခရီးသွားဖို့ကို စိတ်တော်မချ၍ တမှာ မှာ ။ သူ့သူငယ်ချင်း ဒေါ်ခက်ရာက ခပ်အေးအေးသမားမို့ ဘာမှပြန်မပြောဘဲ ရယ်နေတော့သည် ။

"အေး အေး ဧကရီ နင်...."

"လာပါတော့ မိန်းမရယ် ၊ ခက်ရာသိပါတယ်"

ယောက်ျားခေါ်တော့ တီတီက လှည့်ကြည့်လှည့်​ြကည့်ဖြင့် ကားပေါ် ပါသွား၏။ အသက် ၂၀ ရှိနေပြီ တူမကို စိတ်မချလို့တဲ့ သူ့သူငယ်ချင်းအပျိုကြီးဆီလာထားလေရဲ့ ။ စိတ်မချသည်ကလည်း Bar သွား Club တက်နေသည်များကို စိတ်မချသည်ပါ ။ ဧကရီဘဝက မိဘနှစ်ပါးမှာ oversea ကနေ ပေါ်မလာဇတ်ကားရိုက်နေ၍ အဒေါ်အိမ်ရောက် ။ အဒေါ်က တစ်ခါ ကလောကို ယောက်ျားနဲ့ နှစ်ပတ်လည်ခရီးထွက်တော့ အခု အန်တီခက်ရာဆီ ရောက်ရပြန်ပြီ ။

"ဧကရီလေး အိမ်ထဲဝင်မယ်"

"ဟုတ် တီခက်"

တီခက်....သိပ်ကို ယဥ်ပြီးလှပတဲ့ အမျိုးသမီးလေး ။ အသက် ၃၅ လို့ မထင်ရ ။ ရွှေအဆင်းရောင်အသားလေးနှင့် ဆံပင်ရှည်များက ပေါင်ထိရောက်မတက် ရှည်လှသည် ။ အိမ်မှာနေရင် သနပ်ခါးပါးကွက်ကြားလေး အမြဲလိမ်းခြယ်ထားတက်သူပင် ။ မျက်တောင်ရှည်များအောက်က မျက်ဝန်းဝိုင်းဝိုင်းလေးများဖြင့် ကြည့်လာလျှင် သူ့ရင်တွင်း ဝုန်းဒုန်းကြဲရသည် ။

×××××××
ဂျလောက်! !

ရေချိုးခန်းတံခါးဖွင့်သံကြောင့် ဂိမ်းဆော့နေရင်း သူမျက်လုံးလှန်ကြည့်မိတော့ ညအိပ်ဝတ်ကို လဲထားပြီး ခြေလက်ဆေးထွက်လာသူ တီခက်အား တွေ့ရသည် ။ အပြာရင့်ရောင် ကတ္တိပါသားညဝတ် ဝမ်းဆက်ကို ဝတ်ဆင်ထားပြီး မျက်နှာအား ရေသုတ်နေပုံလေးကအစ လှတယ် ။ တီခက်က အိမ်တွင်အနေများပြီး ပန်းချီဆွဲသူမို့ အပြင်ထွက်သည်က နည်းသည် ။ သူနှင့်ဆို အရပ်က မတိမ်းမယိမ်းပင် ။ တီခက်တို့ဆီ လာအိပ်တိုင်း သူတီခက်နဲ့ပဲ အိပ်သည် ။ ငယ်ကတည်းက တီခက်မေမေတို့ ခေါ်ရင်တောင် မအိပ် ။ သူ တီခက်ကို ချစ်နေခဲ့တာ ကြာလှပြီ ။ ထိုကြောင့်လည်း စိတ်တွေမရိုးအသားကတည်းက လာမအိပ်ဖြစ် ။

One Shot Collection 🔞🔞(GL)Where stories live. Discover now