အပိုင်း - ၁၈

5.2K 238 2
                                    

Zawgyi

🍒🍑 ကိုကိုဘောစိရဲ့အားဆေးလေးကျန့် 🍑🍒
( OR )
🍒🍑 ကျန့်ကျန့်ရဲ့ယောကျာ်းကဘောစိ 🍑🍒18

🚨🚨 warning 🚨🚨

အပိုင်း - ၁၈

Wangကုမ္ပဏီဟာပြိုင်စံရှားကုမ္ပဏီ
ဖြစ်သည့်အလျောက်အားကျသူတွေရှိ
သလိုမနာလိုဝန်တိုသူစီးပွားပြိုင်ဘက်များ
ဟာလဲအလွန်းပေါများတာပေါ့...

အဲ့ထဲကယုတ်မာကောက်ကျစ်တဲ့လူ
၁ယောက်ဟာငွေမက်တဲ့ကျောက်ရွှမ်းကို
လာဘ်ထိုးလို့ရှောင်ကျန့်ကိုဖျက်စီးရန်
ကြံရွယ်ခဲ့တယ်လေ...
Wangကုမ္ပဏီလက်ခွဲများဟာCEO Wang
အတွက်အရေးမကြီးပေမဲ့ရှောင်ကျန့်က
တော့ရိပေါ်ရဲ့အသည်းသက်အားနည်းချက်
ဆိုတာသူတို့သိတယ်လေ...

အဲ့ဒါကတစ်ကြောင်းဖြစ်သလို ယောကျာ်း
လေးတစ်ယောက်ဖြစ်ပါလျက်လှလွန်း
ချောလွန်း ထိရက်စရာမရှိတဲ့ အလှဧကရီ
နတ်ဘုရားလေးရှောင်ကျန့်ကိုရိပေါ်သူ့ခင်ပွန်း
အနေနဲ့ပွဲထုတ်ခဲ့ကတည်းကရှောင်ကျန့်
ဟာဝမ်ရိပေါ်အပိုင်ဖြစ်နေပေမဲ့လို့
လုယူပိုင်ဆိုင်ချင်သူများဟာလဲအခွင့်ရေး
ရရင်ရသလိုမြေခွေးချောင်းချောင်းနေကြ
တာလေ...

ခုတော့ရှောင်ကျန့်တစ်ယောက်ကျောက်ရွှမ်း
ရဲ့ပွေ့ချီခေါ်ရာနောက်အသိစိတ်ကင်းမဲ့
လျက်လိုက်ပါသွားခဲ့ပြီ...
ရိပေါ်ရဲ့အသိတစ်ယောက်ဟာလဲ
အနောက်ကနေအဆတ်မပြတ်လိုက်နေ
ခဲ့တယ်...

VVIP Roomအရှေ့တစ်ခုရောက်တော့
ကျောက်ရွှမ်းအထဲကိုဝင်သွားခဲ့တယ်...
ရိပေါ်ရဲ့မိတ်ဆွေ ဝူဆောင်း ၁ယောက်
ထိုအခန်းထဲဝင်မယ်ပြင်တော့တံခါးစောင့်
တွေကဝင်ခွင့်မပေး...

တံခါးစောင့်အပြင်နောက်ထပ်လူ၎ယောက်
လောက်ကလဲရှိနေပြန်တယ်...
ဝူဆောင်းအတင်းဝင်မယ်ကြိုးစားတော့
ဝိုင်းချုပ်ကာတားကြတယ်...

၎ယောက်လုံးဝူဆောင်းရဲ့လက်သံပြောင်
မှုကြောင့်လဲကျကုန်ပြီးအခန်းစောင့်၂
ယောက်ထွက်ပြေးသွားကြချိန်နောက်ထပ်
လူ၁၀ယောက်လောက်ထပ်ရောက်လာ
ပြန်တယ်...

တိုက်ခိုက်နေရင်းဝူဆောင်းလဲ
''ရိပေါ်မြန်မြန်ရောက်ပါစေ...''လို့ဆုတောင်း
နေမိတယ်...
သူ့ဆုတောင်းပြည့်ခဲ့ပြီလေ...
ရိပေါ်အပြေးလေးရောက်ချလာပြီး
ဝူဆောင်းကိုဝိုင်းကူပေးတာအကုန်မြေ
ပေါ်မှောက်ကုန်ကျပြီ...

🍒🍑ကိုကိုဘောစိရဲ့အားဆေးလေးကျန့်🍑🍒Where stories live. Discover now