Extra

3.6K 160 2
                                    

Zawgyi

🍒🍑 ကိုကိုဘောစိရဲ့အားဆေးလေးကျန့် 🍑🍒

🍒🍑 ကျန့်ကျန့်ရဲ့ယောကျာ်းကဘောစိ 🍑🍒

Extra

အသက်တွေက၁နှစ်ပြီး၁နှစ်ကြီးလာ
တာမနက်ဖြန်ဆိုရင်ဖြင့်ရှောင်ကျန့်ရဲ့
၃၂နှစ်ပြည့်မွေးနေ့လေးရောက်ရှိလာ
ခဲ့ပြန်ပြီ...
ရိပေါ်ကတော့၁နှစ်ထက်၁နှစ်ပိုမို့
ရင့်ကျတ်ခန့်ညားလာခဲ့သလို
ရှောင်ကျန့်အပေါ်လဲ အချစ်တွေပိုမိုတိုး
သည်ထက်တိုးလာပြီး အမြဲအချစ်မပြတ်
ခဲ့သလို အူတိုလိုမပြတ်ခဲ့ဘူး...

ရှောင်ကျန့်ကလဲအရင်ကချစ်စရာ
အသဲယားစရာအကောင်ပေါက်လေး
ဆိုရင် ခုများတော့တည်ငြိမ်အေးချမ်းတဲ့
အလှပိုင်ရှင်လေးဖြစ်နေပြန်သပေါ့...
ခလေး၆ယောက်အဖေဆိုတာကျိမ်ပြော
တောင်ယုံချင်ကြမှာမဟုတ်ဘူး...

ခလေး၆ယောက်လုံးဟာလဲ
သိတတ်နားလည်ကြကာ
ဖခင်၂ယောက်ရဲ့ရုပ်ရည်ချောမော
ချစ်စရာကောင်းမှုနှင့်သူမတူတဲ့
စိတ်ဓာတ်အမူကျင့်ကောင်းလေးတွေကို
အမွေလက်ခံရရှိထားကြတယ်...

မနက်ဖြန် ရှောင်ကျန့်မွေးနေ့ဆိုတော့
နှစ်တိုင်းအစဉ်လာမပြတ်မွေးနေ့ပွဲ
ကျင်းပပေးနေကြဖြစ်တဲ့ရိပေါ်ဟာ
ဒီနှစ်လဲရှောင်ကျန့်ငြင်းနေတဲ့ကြားက
သူ့မွေးနေ့မှာ မိသားစုလိုက်လေး
အပျော်ခရီးတိုလေး၁ခုထွက်ကြဖို့
ပြင်ဆင်ထားလေတယ်...

"ယောကျာ်းကလဲအဆင်ပြေပါတယ်
ဆိုဗျာ...ကျန့်ကျန့်နှစ်တိုင်းမွေးနေ့လုပ်နေ
ရအောင်ခလေးမဟုတ်တော့ဘူး
နော်...အသက်၃၀ကျော်လို့၄၀ထဲဝင်နေ
ပြီ..."

"၄၀မကလို့၅၀ ၆၀ဖြစ်နေစမ်းပါစေကွာ...
ယောကျာ်းအတွက်တော့ကျန့်ကျန့်က
အမြဲယောကျာ်းရဲ့ပေါင်ပေ့အသဲနှလုံး
လေးပဲ...ငြင်းမနေပါနဲ့တော့ ခရီးထွက်ရ
မယ်ဆိုလို့ခလေးတွေကပျော်နေကြတဲ့
ဟာကို...ခု၁လောယောကျာ်းလဲ
အလုပ်တွေရှုပ်နေရတာ ခလေးတွေက
လဲကျောင်းစာ၁ဖက်နဲ့ မိသားစုအတူရှိ
ချိန်ကနဲတယ်မလား...ခုကျန့်ကျန့်မွေးနေ့
ကိုအသုံးချပြီးယောက်ျားတို့မိသားစု
တွေအတူရှိနိုင်မဲ့အခွင့်ရေးလေးလေ
ကွာ..."

🍒🍑ကိုကိုဘောစိရဲ့အားဆေးလေးကျန့်🍑🍒Where stories live. Discover now