Stepbrother (1)

354 35 23
                                    

"ရှင်ကျွန်မကို ဒုက္ခပေးတာ မပြီးသေးဘူးလား တစ်နေ့တစ်နေ့ အိမ်ပေါ်ခေါ်တင်ထားပြီး ဒုက္ခပဲပေးနေတယ်"
"အေး! မနေချင်ရင်လဲဆင်းသွား"
ဒါကတော့ထုံးစံအတိုင်းပါပဲ kimdoyoung ရဲ့မိဘတေရန်ဖြစ်နေတာ ဒါပေမဲ့ ဒီတခါတော့ အမေက တကယ်အိမ်ပေါ်ကနေ ဆင်းသွားပြီပဲ
"ဟူး....."doyoungရဲ့သက်ပြင်းချသံ

ဒီနေ့နဲ့ဆို အမေအိမ်ပေါ်ကဆင်းသွားတာ လေးရက်တောင်ရှိပြီ
"သခင်လေး! သခင်လေးဒိုယောင်း...."
အိမ်အကူအဒေါ်ကြီးမှ ဒိုယောင်းကို အသဲအသန်ခေါ်နေခြင်းဖြစ်တယ်
"ကြီးကြီးရယ် သားဒီမှာရှိနေတာကို ဘာလို့အဲ့လောက်တောင် အသဲအသန်ခေါ်နေတာလဲ"
"သခင်လေးရေ သခင်လေးအဖေ အတွင်းရေးမှုနဲ့ဖုန်းပြောနေတာ ကြားခဲ့တယ်"
"အော်......အဖေက အတွင်းရေမှုးနဲ့ နေ့တိုင်း ဖုန်းပြောနေတာမဟုတ်ဘူးလား ကြီးကြီးကလဲ"
"မဟုတ်ဘူး သခင်လေးအဖေနဲ့ အတွင်းရေးမှုးနဲ့ပြောနေတာက သဌေးကတော်နဲ့ ကွာရှင်းဖို့ ကိစ္စပြောနေကြတာ"
"ဘာ!"
ဒိုယောင်းသိပါတယ် ဒီလောက် ခဏခဏ ရန်ဖြစ်လိုက် အိမ်ပေါ်ကဆင်းလိုက် ဖြစ်နေမှတော့ တစ်ချိန်ချိန်မှာ အဲ့လိုဖြစ်လိမ့်မယ်ဆိုတာ
"ဟူး..........."
"ဟုတ်ကြီးကြီးသားသိပြီမို့လို့ သွားခွင့်ပြုပါအုံး"
ကောင်လေးရဲ့အသံမှာ ၀မ်းနည်းမှုတေပါနေတာကို သူသေချာသိပါတယ် သူက ဒိုယောင်းကို ငယ်ငယ်ထဲက ထိန်းလာပေးတဲ့သူပဲလေ
-----------------------------
ဒီနေ့ဆို အမေအိမ်ပေါ်ကဆင်းသွားတာ ခြောက်ရက်ရှိပြီ အဖေက နောက်မိန်းမယူဖို့တောင် လုပ်နေပြီ

အဲ့ထက်ပိုဆိုးတာ အဲ့မိန်းမမှာ ကျွန်တော့ ထက်တောင် ၂နှစ်ကြီးတဲ့ သားရှိတယ်တဲ့

အမေကလဲ နောက်မိန်းမကို မယားငယ်ပဲဖြစ်အောင် မကွာပေးဘူးတဲ့

နောက်ရက်ဆို မိထွေးနဲ့ သွေးသားလုံး၀တော်တဲ့ အစ်ကိုတို့ အိမ်ပေါ်ကိုရောက်လာတော့မယ်

အဖေ့ကိုမုန်းမိတယ် သူဒီလိုလုပ်ရင် သူ့သားဘယ်လိုခံစားရမလဲ မစဉ်းစားဘူးလား

"ဟူး......" ဒီသက်ပြင်းချသံတွေက ဒီနေ့နဲ့တင်ဘယ်နှကြိမ် ဖြစ်နေပြီလဲတောင်မသိတော့ဘူး

မျက်လုံးထဲမှာ သူ့အလိုလိုကျလာတဲ့ မျက်ရေတွေနဲ့အတူ ဒီနေ့ညကတော့ ထပ်မှန်ကုန်ဆုံးသွားပြန်ပြီ
-----------------------------
"သခင်လေး....ထတော့လေ.....အော်......ဒီကောင်လေးကတော့.........ဘာနေ့လဲမေ့နေတာလားမသိပါဘူး"
"ဟုတ်.......ထပြီ ကြီးကြီး"
ဒိုယောင်းမမေ့ပါဘူး ဒီနေ့က သူခန်းရဲ့ မျက်နှာချင်းဆိုင်က လူမရှိတာနှစ်နဲ့ချီနေတဲ့အခန်းက ပိုင်ရှင်ရှိလာတော့မယ်လေ
"ဟူး....."

stepbrotherWaar verhalen tot leven komen. Ontdek het nu