stepbrother (3)

67 12 3
                                    

ရီမှိုင်းမှိုင်း အလင်း တဝေဝေ ကားသံတေနဲ့အတူ နီမြန်းနေတဲ့ မျက်လုံးလေးပွင့်လာမိတယ်
‌ဘေးဘက်မှာတော့ သွေးမစပ်တဲ့အကို ကားမောင်းနေတာကို တွေ့ရတယ်
Ys"နိုးပြီလား"
Dy"Ciaရော"
Ys"သူ့ driver လာခေါ်သွားပြီ"
Dyမျက်နှာက ထုတ်မပြပေမဲ့ ရင်ဘက်ထဲမှာတော့ အနည်းငယ် နေသာထိုင်သာရှိသွားတယ်
Ys"ဘာဖြစ်တာလဲ?"
Dy"ဘာဖြစ်နေလို့လဲ?"
Ys" tower ပေါ်မှာ"
Dy" အော်....ဒီအတိုင်းပါဘဲ"
နှစ်ယောက် ဆက်ဆံရေးက အေးဆက်နေတုန်း
စကားတစ်ခွန်းနဲ့ တစ်ခွန်းကြားက လေဟာနယ်တွေက ကျယ်ပြောလွန်းလှတယ်
တုံးတိ စကားတေနဲ့ဘဲ အဆုံးသတ်နေခဲ့တယ်
လေညှင်းတေတိုး၀င်နေတဲ့ ကားမှန်ပြတင်းပေါက်ကနေ အပြင်ကြည့်ပြီး စဉ်းစားမိတယ် "ဆက်ဆံရေး ပိုကောင်းလာရင် အဆင်ပြေမာဘဲ"
Ys" စိတ်ထဲမှာပြောနေတာတေက အကုန်ကြားနေရတယ် ကောင်လေးရယ်"
ရုတ်တရက် မောင်းနေတဲ့ ကားလေးက ထိုးရပ်သွားပြီး
Yoshi ကသူ့နားတိုးလာကာ မှန်ပြတင်းပေါက်ကို လက်ထောက်ကာ သူ့နားထဲကို "ကြိုးစားကြည့်လေ ဘာလို့မကြိုးစားဘဲ တောင်းဆိုနေယုံဘဲလုပ်နေတာလဲ"
Doyoung ရင်ထဲ လျှပ်တပျက် မိုးကြိုးလှိုင်းလေး ဖြတ်သန်းသွားတယ် ရင်ကို တလျှပ်လျှပ် ဖြစ်စေတယ်
Doyoung သိတာပေါ့ မသိစရာလား Yoshi က doyoung အပေါ် ရင်ခုန်‌အောင်လုပ်နိုင်တယ်ဆိုတာ သူ့အတွက် Yoshi က ဆွဲအားပြင်းတဲ့ လေပွေ တစ်ခုဆိုတာ doyoung ကောင်းကောင်းကြီးကို နားလည် သဘောပေါက်‌တာပေါ့ ဒါပေမဲ့ ငါတို့ကို ညီအစ်ကိုတေလေ သွေးမစပ်တဲ့ ညီအစ်ကိုပေါ့
*******************
အိမ်ပြန်ရောက်တော့ ညအချိန်တစ်ခုထိရောက်နေပြီ သို့သော် အဖေနဲ့ သူ့၏ဇနီးတို့ကတော့ ဧည့်ခန်းမှာ ထိုင်နေတုန်းပေါ့
Yoshi နဲ့ သူနဲ့ အိမ်ထဲကို အတူပြန်၀င်လာကြတယ်
ဒါပေါ့ Mrs: eiri ကြည့်ရတာ စိတ်ကျေနပ်နေတဲ့ပုံဘဲ သူ့က သူ့သားနဲ့ doyoung နဲ့ကို ပြေလည်တဲ့ ဆက်ဆံရေး ရှိစေချင်တာပေါ့
Doyoung သိပါတယ် သူ့မိထွေးက မကောင်းတဲ့သူမဟုတ်ဘူးဆိုတယ ဒါပေမဲ့ yoshi ဆိုတဲ့ အမျိုးသားနဲ့ ချောမွတ်တဲ့ ဆက်ဆံရေး ရှိဖို့က သူ့အတွက် လွယ်ကူမနေပါဘူး
ခံစားချက်တေ ပေါက်ကွဲမိမာလဲ ဆိုးရသလို နာကျဉ်းမှုနဲ့ ရွှံရှာမှုဆိုတဲ့ အရာတေကို သူ‌ပြေးမြင်မိနေတယ်
Yoshi ကတော့ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ သူ့မိခင်နဲ့ စကားပြောနေပြီး doyoung ကတော့ အလိုက်တသင့် အပေါ်တက်ကာ အခန်းထဲ၀င်ပြီး အိပ်ယာပေါ်လဲကာ ရင်ဘက်ကို ဖိထားမိတယ် သူပေါက်ကွဲထွက်ခံနီးထိ ဖြစ်လာခဲ့တယ် ဒါ အနုနည်းနဲ့ သတ်နေတာဘဲ!
Doyoung တစ်ညလုံးအိပ်မပျော် အရှေ့အခန်းက လူဒီ အချိန်လောက်ဆို အိပ်ကောင်းချင်းနဲ့ အိပ်နေလောက်ပေမဲ့ doyoung အတွေးတေထဲမှာတော့ ထိုလူသားက တိုး၀င်နှောက်ယှက်နေတယ်
ကိုယ့် အကိုဖြစ်လာမဲ့သူကို ချစ်မိသွားရင် ဘာဖြစ်လာနိုင်သေးလဲခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့အတူ ခပ်ကင်းကင်းနေဖို့ စဉ်းစားထားလိုက်တယ်
တစ်အိမ်ထဲမှာ အတူရှိနေပေမဲ့ သူနဲ့ မိသားစုအသစ်နဲ့ စုံမိတဲ့ အချိန်က ခပ်ရှားရှား ထမင်းစားဝိုင်းလို အချိန်မျိုးမှသာ တိတ်ဆိတ်နေတဲ့ ထမင်းဝိုင်းကြား mrs eiri က စကားလမ်းကြောင်းရှာပေးရှာတယ်
Er"မနေ့က အပြင်သွားရတာ ဘယ်လိုလဲ သား doyoung နောက်လဲ အိမ်ထဲဘဲ မနေဘဲနဲ့ မင်းအကို အပြင်လိုက်သွားလေ သူကအားနေ တစ်နေရာမှ တစ်နေရာ ခြေရှည်နေကြ စိတ်ပြေလက်ပျောက်ရှိတာပေါ့"
Dy"ဟုတ်ကဲ့ ကျတော် သွားချင်တဲ့ နေရာရှိရင် အကိုကိုပြောလိုက်ပါ့မယ်"
Er"အေးအေးသား....ဒီညနေ မင်းအကို အပြင်သွားရင် လိုက်ချင် လိုက်သွားလေ"
Ys"လိုက်ချင်ရင် လိုက်ခဲ့လေ doyoung "
Dy"ဘယ်ကိုလဲ"
Ys"မြို့ အစွန်နားက တောင်‌ပေါ် စခန်းကို သွားပြီး တစ်ညလောက် အပန်းဖြေ မလားလို့ပါ"
Dy"ဘယ်သူနဲ့လဲ"
Ys"ဟို....တစ်ယောက်ထဲဘဲပေါ့ doyoung လိုက်မယ်ဆိုရင်တော့ နှစ်ယောက်ပေါ့ လိုက်မာမလား..."
Dy"အင်း....."
ဒီလိုနဲ့ လေထုက ငြိမ်သက်သွားပြန်တယ် ထမင်းဝိုင်းမှာ စကားသံတစ်လုံးမှ မထွက်သူတော့ သူရဲ့ဖခင်ပေါ့ ၀င်မပါချင်တာမျိုးလားတော့မသိပေမဲ့ပေါ့
********************
ညခေါင်အချိန် လမ်းအပိတ်မရှိ မြို့အပြင် လမ်းမထက်မှာ တစ်ငြိမ့်ငြိမ့်‌ သွားနေတဲ့ကားတစ်ပတ် လူချေသိပ်မရှိသည့်အရပ်ဖြစ်သည်မို့ တိတ်ဆိပ်ငြိမ်သပ်လှသည်
လမ်းမအထက် ကားပေါ်ကနေ လှမ်းမြင်နေရတဲ့ တောင်တစ်လုံးသူများတေလို အစုလိုက်မဟုတ်ဘဲ တစ်သီးတစ်ခုထဲသာ
ဝေးလွန်းလှသေးတဲ့ ကားလမ်းမကနေတောင် တောင်ပေါ်စခန်းက မီးရောင်စုံတေက လှမ်းမြင်နေရသေး တောင်ပေါ်မှာသာဆို ဘာ်လောက်တောင် လှလိုက်နေမလဲ
တောင်ခြေစခန်းတော့ ရောက်ခဲ့ပြီ
Ys" doyoung ဒီကနေ လမ်းလျှောက်ဖို့ ready ဘဲလာ:"
Dy" အမ်......"( "
ဒါပေါ့ တောင်ခြေစခန်းကနေ တောင်ပေါ်အထိ လှေကားတေကြီးဖြစ်သလို လှေကားတစ်လျှောက်လဲ ဆိုင်ခန်းလေတေ အသီသီနဲ့ လူသိပ်မများလှသော်လည်း အထိုက်အလျှောက် စီကားနေသော နေရာတစ်ခုပါ
လှေကားထစ်တေ တစ်လျှောက် တက်လာရင်း တွေ့လာရတဲ့ ဆိုင်ခန်းတေထဲက ရနံ့တေက လမ်းလျှောက်တက်၍ ပင်ပန်းလားတဲ့ doyoung ကို အလွန် attractive ဖြစ်စေတယ်
Dy" အကို တစ်ခုခု၀င်စားကြာမလား"
Ys"အမ်...ဗိုက်ဆာပြီလား"
Dy"အင်း....လမ်းလျှောက်ရတာများလာလို့ထင်တယ်"
Ys"အမ်း....သေခြာတာတော့ အကိုတို့တက်လာတာ လှေကားထစ်ရဲ့ လေးပုံ တစ်ပုံ သာလောက်ပဲရှိသေးတာပါ ကယ်.... ဘာစားမှာလဲပြော"
Dy"မသိဘူး.... အကုန်စားချင်တာ"
Ys"ဟား..ဟာ.. ဒါကြောင့် ဒီလိုဗိုက်ခေါက်လေးနဲ့ ဖြစ်နေတာ"
ဘာမပြော ညာမပြောနဲ့ ဗိုက်ခေါက်ကိုဆွဲကာ ထိုသို့ပြော၍ ထွက်သွားသော သူကြောင့် Kim doyoung ၀ယ်ဆိုင်ခန်းတေကြား လှေကားထစ် အလယ်မှာ ကြောင်တောင်တောင်နှင့်ပင်

အမန်ဒါ ဒီရက်ပိုင်းတေက သိပ်မအားတာမို့ update က နည်းနည်းကြာနိုင်ပါတယ်နော်😗
တို့လို့တန်းလန်းကြီးပေမဲ့ တစ်ပါတ် တစ်ပိုင်းဆို ခေါင်းလာခေါက်ကြမာဆိုးလို့😁👉🏼👈🏼

You've reached the end of published parts.

⏰ Last updated: Feb 27 ⏰

Add this story to your Library to get notified about new parts!

stepbrotherWhere stories live. Discover now