stepbrother (2)

57 13 5
                                    

နေ့လည်ထမင်းစားချိန်က ဒီလိုဘဲ မရင်းနီးခဲ့ဘူးတဲ့ မိသားစုနဲ့ အတူ ပျော်ရွှင်စရာမကောင်းတဲ့ မထင်းဝိုင်းလေး အဖြစ် တိတ်တဆိတ်ပြီးသွားခဲ့တယ်
အဖေ အလုပ်သွားတဲ့အချိန်ဟာ doyoung အတွက် ဧည့်ခန်းမှာ စာအုပ်လေးဖတ်ပြီး ကော်ဖီသောက်လို့ အကောင်းဆုံးချိန်ပါဘဲ စိတ်ရှုပ်စရာတေကို မတွေးမိအောင်ပေါ့
ဒီနေ့ခင်းစာအုပ်ဖတ်ချိန်ကတော့ ပုံမှန်လိုအေးချမ်းမနေခဲ့ဘူး
အရှုပ်ကောင်တစ်ကောင် ဘေးနားလာ‌ထိုင်နေတာကို
အလုပ်မရှိအကိုင်မရှိ ဘာကိုမျှော်နေမှန်းမသိ
နာရီ၀က်လောက်ထိ ဘေးဘက် တစ်ချက်စီမှာ ထိုင်နေခဲ့ပေမဲ့ လေထုက တိတ်ဆိတ်လျက်
ထိုအချိန်တွက် တိတ်ဆိတ်မှုထဲသို့ အသံတစ်ခုက တိုး၀င်လာခဲ့တယ် " တင်းတောင်!!!" အိမ်ရှေ့ ပင်မတံခါးရှိက ဘဲလ်တီးသံ
အိမ်‌အကူအန်တီကြီးပြေးပြီး တံခါး သွားဖွင့်ကာ
"Ms'Cia(စီယာ) ရောက်လာပြီလား"
"ဟုတ်..အန်တီ ဒါနဲ့ yoshi ကော"
နားကြပ်တပ်ထားတဲ့ Yoshi ကတော့ မကြားဟန်

အကို Yoshi ရဲ့ကောင်မလေးလား!
Ms cia လာတာကို သတိထားမိ သွားတဲ့ အကို့ Yoshi မျက်နှာမှာတော့ သူနဲ့ ထိုင်နေစဉ် မတွေ့ရတဲ့ အပြုံးတစ်ပွင့်ပန်ဆင်ကာ cia နဲ့ စကားတေပြောနေကြတယ်
Ms cia လှပါတယ် လှတယ်ဆိုတာထက်ကို ပိုပါတယ်
အမျိုးသားတိုင်းကို စိတ်ယိုင်လာစေနိုင်လောက်တဲ့ ခန္ဓာ သေးသွယ်လှတဲ့ ခါးလေးနဲ့ ခြေတံရှည်ရှည်ကိုမှ grand exotic beauty ပါ facial beauty ကတော့ ပြောစရာမလိုအောင်
ကြားမိပါတယ် အိမ်အကူ အန်တီတေပြောနေကြတာ Ms cia ဘယ်လောက်လှကြောင်းနဲ့ အင်ဒိုနီးရှား ဇာတ်မြင့်အမျိုးသမီးတစ်ဦးဆိုတာ ယခုလို ‌မညို မဝါ အသားရောင်နဲ့ exotic beauty ဖြစ်နေလိမ့်မယ်လို့တော့မထင်ထားမိဘူး

သူကတော့ ဗိုက်ခေါက်တစ်ထွက်နဲ့ ဒုတိယမိ ကိုယ့်ကိုကို သူများနဲ့ နှိုင်းယှဉ်မိပြန်ပြီ

Ms cia နဲ့ အကို Yoshi ကြားမှာ ထူးခြား ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိတာ သေခြာပါတယ် နှစ်ယောက်သား စ စကားပြောထဲက ယခုအထိ အပြုံးမပြတ်
နောက်ဆုံးတော့ သူတို့နှစ်ယောက် အပြင်သွားဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်ထင်ရတယ်

ဘယ်သွားကြမို့လဲ ဘာသွားလုပ်ကြမာလဲ သူတို့ကဘာတေလဲ
ခေါင်းထဲမှာမေးခွန်းတေနဲ့ အပြည့်
"ဘယ်သွားကြမလိုလဲဟင်..?" Shit ရည်ရွယ်ချက်မရှိဘဲ doyoung ပါးစပ်ကနေ အလိုအလျှောက် ထွက်သွားတဲ့စကား
အမ cia ကတော့ကြောင်ကြည့်နေတယ်
"အော်... doyoung အကိုနဲ့ cia နဲ့ night sky tower မှာ night view သွားကြည့်မို့ doyoung လိုက်ချင်ရင် လိုက်ခဲ့လေ"
မတုံ့မဆိုင်းစွာဖြင့်
"လိုက်ခဲ့မယ်လေ" ဒါလဲ doyoung ပါးစပ်ကနေ မရည်ရွယ်ဘဲ ထွက်သွားတဲ့ နောက်ထပ်စကားတစ်လုံးပေါ့
*******************
ကားပေါ်တွင်
ကားနောက်ခန်းမှာ တိတ်ဆိတ်နေတဲ့ doyoung ဆိုတဲ့ကောင်လေးနဲ့
ကားအရှေ့ခန်းမှာတော့ နားမလည်နိုင်တဲ့ Indonesian ဘာသာစကားနဲ့ ပြုံပျော်ကာ စကားပြောနေကြတဲ့ တစ်ယောက် အတိုင်‌အပေါက် တော်တော်ညီပုံဘဲ
Dy"အစ်ကို...ကျ‌တော်ဗိုက်ဆာတယ်"
Ys"အမ်... နေ့ခင်းတုန်းကစားခဲ့တာ မ၀လို့လား"
Dy"အဲ့တာက နေ့လည် အခုက ညနေ"
Cia" yoshi ... Cia လဲဗိုက်နည်းနည်းစာလို့ စားလို့ရမဲ့နေရာရပ်လိုက်ပါလား"
Cia နဲ့ Indo accent က တော်တော်ကို ချစ်ဖို့ကောင်းလွန်းလှပါတယ်
Ys"အင်း....cia ရှာရပ်လိုက်မယ် ဒီနားမှာ စားသောက်ဆိုင်တေ ပေါပါတယ်"
ဘာလဲ ငါဗိုက်ဆာတယ်ဆိုတုန်ကကျ မသွားချင်သလိုနဲ့
သူလဲပြောကောချက်ချင်
Doyoung ရဲ့ နှုတ်ခမ်းဖူးလေး နှစ်ခု ဆူထွက်လာပါပြီ
သူကိုယ်တိုင်လဲ သူဘာကို စိတ်တိုင်းမကျလဲမသိ
သေချာတာတော့ အရှေ့ကနှစ်ယောက် မမြင်တဲ့ ကားနောက်ခန်းမှ သွေးစပ်တဲ့ အကိုကို စိတ်ကောက်နေပြီဆိုတာ ပါဘဲ
************
စားသောက်ဆိုင် အတွင်းတွင်
Doyoung ရဲ့ ရှေ့အပေါ်ဘက်မှာ ကြီးမားလှတဲ့ မီးဆိုင်းကြီးတစ်ခု
သေခြာတာတော့ သူတို့ luxury ဆန်တဲ့ နေရာတစ်ခုကို ရောက်နေတယ်ဆိုတာဘဲ
Philippines ရဲ့ ရိုးရာ အစားအစာတေသီးသန့် luxury vipe နဲ့ စားသောက်ဆိုင်ဘဲ
Doyoung menuကိုကြည့်ပြီးကြောင်နေခဲ့တယ် ဒါတေကို ဘယ်လို အသံထွက်ရမှာလဲ........
အကို Yoshi နဲ့ cia အရှေ့မှာ အရှက်မကွဲချင်တာတော့ အမှန်ပါ
Ys" Doyong ဘာမှာမာလဲ မှာလေ "
Dy" Halo halo" အသံထွက် အလွယ်ဆုံး အရာကို ထွက်လိုက်ခြင်းဖြစ်တယ်
[Halo halo က Philippines version ဖာလူဒါ ပေါနော် ရေခဲမုန့် ခရမ်းရောင်နဲ့]
Cia" Doyoung ရယ် မုန့်အချိုစားခြင်တယ်ဆိုလဲ ကြိုပြောပါ မြန့်အချိုကြိးကောင်းတဲ့နေရာ မောင်းခိုင်းလိုက်မာပေါ့ အားမနာပါနဲ့"
Ys"ကလေးတေက ဒီလိုပါဘဲ "
Dy" က လေး မ ဟုတ် ဘူး.." ပါးစပါကနေ တစ်လုံးချင်းစီ စောင့်ကြိးအောင့်ကြီးနဲ့ ပြောလိုက်တဲ့ စကားတစ်ခွန်း
Ys" ဟုတ်ပါပြိ လူကြီး ပေါက်စရယ်"
*************
စားပြနောက် sky tower ကိုဆက်သွားခဲ့ကြတယ်
Sky tower ကိုရောက်တဲ့ အချိန်မှာ သိလိုက်တာ‌ကတော့
ငယ်ငယ်ထဲက သူက အမှောင်ကိုကြောက်ခဲ့တာ ဒါပေမဲ့ ယခုလိုကြတော့လဲ အမှောင်ရဲ့ အလှက နေ့လိုက်မမှီပါလားတဲ့
ဘေးကနားက လူနှစ်ယောက်ရဲ့ တိတ်တိုးစကားပြောသံတေကြောင့် စိတ်အနှောက်အယှက် ဖြစ်ရသလို အထီးကျန်တဲ့ ခံစားချက်ကိုလဲ ခံစားရတယ် ငယ်ငယ်ထဲက အဆင်မဖြေခဲ့တဲ့ မိသားစုရေးကို ပြန်တွေးမိလာတယ် မိဘနှစ်ယောက် ရန်ဖြစ်တိုင်း သူခိုးငိုရတယ် အသက်အရွယ်ရလာတော့ အပြင်ပိုင်း ရင့်ကျက်လာတယ် ထင်ရပေမဲ့ စိတ်ထဲမှာတော့ ဒီဒဏ်ရာတေကို ခုခံဖို့အားမရှိသလို ခုခံဖို့လဲ မကြိုးစားမိတော့ဘူး နာကျင်နေရလျက်နဲ့ မမြင်ချင်ယောင် မသိချင်ယောင် နေခဲ့တယ် အရေးမပါဘူးလို့ မျက်နှာက ပြနေပေမဲ့ ဘ၀မှာ
" ကိုယ့်ကို တကယ်ချစ်ပြီး အလေးထား‌ပေးပြီး နာကျင်မှုရဲ့ ဒဏ်ရာတေကို ကုသပေးနိုင်မဲ့ သူကို မျှော်နေမိပါသေးရဲ့ "
ကျလာတဲ့ မျက်ရည်စက်တေနဲ့ အတူ ဘာမှန်းမသိ ခန္ဓာနဲ့ စိတ် ကင်းကွာကာ sky tower ရဲ့ ဒေါင့်ဘက်လေး မျက်လုံးရဲရဲ နှခေါင်းနီနီလေးနှင့် အိပ်ပျော်သွားတော့တယ်

ကယ် ဒါလေးကတော့ ကိုယ်ရဲ့ တစ်နှစ်ကျော်မှ ပြန်လာတဲ့ update လေးပါ🥺
အမန်ဒါ တစ်နှစ်နဲ့ခုနှစ်လလုံး မအားဘူး‌လို့ပြောရင်တော့ လိမ်တာသိသာတာပေါ့ ဒါပေမဲ့ personal cases လေးတေရှိနေတာမို့ပါ အခုလို အချိန်အကြားကြီးနေမှ up ပေးဖို့ လာပြောတဲ့သူတွေ့တော့ သတိသွားလို ဆက်ရေးခဲ့တာပါ တိုတယ်ဆိုပေမဲ့ ဒီနေ့အတွက်ကို ချက်ချင်း‌တင်ပေးချင် စိတ်ဖြစ်လာမိလို့ ချက်ချင်းရေးပြီးတင်ပေးတာပါ😗
တစ်နှစ်နဲ့ ခုနှစ်လလုံး စောင့်ပေးခဲ့တဲ့ သူလေးကိုလဲ သတိရပေးသေးလို ကျေးဇူးပါလို့🤍

stepbrotherWhere stories live. Discover now