Starseed 1

2.2K 147 14
                                    

"ဖြောင်း"

converse high အနက်ရောင်ရဲ့ ခြေရာဟာ တစ်ဖက်လူရဲ့ ရှပ်အင်္ကျီအဖြူပေါ်မှာ အမှတ်အသားအဖြစ် အဆုံးသတ်ပြီးနောက်မှာ ပါးစပ်ထောင့်စွန်းမှာ စွန်းပေနေတဲ့ သွေးအချို့ကြိ လက်မနဲ့ ပွတ်သုတ်လိုက်တယ်။ ကျောပိုးအိတ် အနက်ရောင်ကို ကောက်လွယ်ပြီး အခြားကောင်တွေ ပြန်ပေမယ့် သူမပြန်ဖြစ်သေး။

ခပ်ဖွဖွခြေသံကို အနောက်ဘက်ဆီကကြားရတော့မှ နှုတ်ခမ်းက မသိလိုက် မသိသာ ပြုံးလိုက်မိသေးတယ်။

"ဟိတ် နေဦး"

ပခုံးပေါ်ကို လက်နဲ့ ဆွဲထားလိုက်တာနဲ့ ခန္ဓာကိုယ် အလိုအလျောက် တုန့်ပြန်မှုအရ ပခုံးက တွန့်သွားသေးတယ်။

"ခုနက အားလုံးကို မြင်တယ် မဟုတ်လား"

သူတို့ ရန်စဖြစ်ကတည်းက အနောက်မှာ ဒီအတိုင်း ပုန်းနေတာကို သူ မြင်တယ်လေ။ ဒါက အတည်ပြုတာမဟုတ်ဘူး အကျပ်ရိုက်အောင် မေးတာ။

Mullet haircut နဲ့ သူက ပါးရိုးမို့မို့တွေ အပေါ်တက်ပြီး၊ မျက်လုံးတွေ မှိတ်သွားတဲ့ အထိ သူခိုးလူမိသလို လာပြုံးပြ‌ေနသေးတယ်။

...WTF ငါ သေပြီ
ငါ တကယ်ကြီး သေသွားပြီပဲ...

"ဘာမှ မမြင်ပါဘူး"

"တကယ် ဘာမှမမြင်ဘူးလို့ ယုံလို့ရပါ့မလား
ခင်ဗျား video တွေ ဘာတွေ ရိုက်ထားရင်ရော

ဖုန်းပေး"

မပေးချင် ပေးချင်နဲ့ ကမ်းပေးလာတဲ့ ဖုန်း wallpaper ကြည့်မိတော့ သူမသိတဲ့ K Pop girl group က အမျိုးသမီးတစ်ယောက်ပုံ။ ခွီ ကနည်း တစ်ချက် ရယ်လိုက်ပြီးမှ သူ့ပင်ကိုစတိုင်အတိုင်း အရှိန်အဝါ မကျအောင် ထိန်းလိုက်တယ်။

ဖုန်းစကရင်မှာ သူ့လက်အနည်းငယ် လှုပ်ရှားပြီးမှ

"ရပြီ"

"တကယ်လို့ ဒီနေ့ကိစ္စ တစ်ခုခုသာဆို ခင်ဗျား တာဝန်ယူရမယ်နော်"

🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾

အိုး....shit

စိတ်ရှုပ်လိုက်တာ။
ဒီလိုလူတွေနဲ့ မတွေ့ချင်ပါဘူးဆိုမှ တည့်တည့်လာတိုးနေရတယ်။ ဒီ TU မှာ mechanical က ကျောင်းသားတွေဟာ အဆိုးဆုံးပဲ။

Starseed (short story) CompletedWhere stories live. Discover now