Starseed final

1.3K 149 21
                                    

" မင်းကလွဲလို့ ပြုလုပ်ခြင်း အတတ်ပညာ "

ကြယ်တွေ မရှိပေမယ့်
မင်း ရှိသေးတယ်
ပင်လယ်တွေ မရှိပေမယ့်
မင်း ရှိသေးတယ်
ကမ္ဘာမြေ မရှိတော့ပေမယ့်
မင်း ရှိသေးတယ်

ကြယ်တွေက ပြန်လည် ပြုလုပ်လို့ ရတယ်
ပင်လယ်တွေက ပြန်လည် ပြုလုပ်လို့ ရတယ်
ကမ္ဘာမြေက ပြန်လည် ပြုလုပ်လို့ ရတယ်

-သုခမိန်လှိုင်

"Build"

"Build"

"Build"

"မင်း တကယ် မတော်နိုင်သေးဘူးလား"

"Build မှ ကျနော့်ကို မထူးတာ"

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ
ရှိရှိသမျှ ဝေနေယျာသာ တ, မိပါရဲ့လေ။
သူ့မှာ ရည်းစားထားရတာလား၊ ကလေးထိန်းရတာလား မသဲကွဲဘူး။

"Build
မနက်စာ ဘာလဲ"

"ဘယ်သူက မင်းကို ပြင်ပေးမယ် ပြောလို့လဲ"

စကားမဆုံးခင်မှာပဲ စားပွဲပေါ်မှာ မနက်စာက အဆင်သင့် ဖြစ်နေပြီ။

"ဗြူ"

တကယ့် မျက်စိသူငယ် နားသူငယ်ပုံစံနဲ့ ပါးစပ်ကိုဟပြီး "အာ" တဲ့။

"မင်း တကယ်ပဲ ထမင်းကို မင်းဖာသာ မစားတတ်တော့ဘူးလား"

"အင်း မစားတတ်ဘူး"

"ဘယ်တော့ ငါ့ကို P'Build လို့ ခေါ်မှာလဲ"

"ခေါ်ရင် ဆုပေးမှာလား"

"အင်း"

"P'Build "

"ကျို့"

"မလုပ်နဲ့လေ"

"P'Build "

"ကျို့"

....
...
...
.
.
.
.
.

"တော်ပြီ ထမင်းစားတော့လို့"

နောက်ဆုံးတော့ သူပဲ အရှုံးပေးရတာပဲ။
သုံးနှစ်ငယ်တဲ့ သူ့ကောင်လေးက မနိုင်စိန်လေ။

🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾

"ဟား...ဟား"

"Mechanical က ဖိုက်တာကြီးပါလားဟေ့
အခုတော့ ဘဲ မေဂျာသွားရင် အချိန်‌ကုန်နေတယ်ပေါ့"

Starseed (short story) CompletedWhere stories live. Discover now