Starseed (3)

963 119 7
                                    

တော်တော်များများကို
ကျွန်တော်စွန့်ပစ်ခဲ့တာမှမဟုတ်ရင်
ကျွန်တော့်ကို သူတို့စွန့်ပစ်သွားအောင်
ကျွန်တော် ပြုလုပ်ခဲ့တာချည်းပဲ။

ဒါပေမယ့်
ကျွန်တော့်မှာ ချစ်ခြင်းမေတ္တာတကယ်ရှိပါတယ်။ ။

- လတ်လွန်းဝေဦး

သူ ရင်မဆိုင်ရဲတာ။ ဘာကိုမှ ပြေးမကြည့်ရဲတာ။
ပြိုင်ပွဲမဟုတ်ဘဲ သူ ရှုံးသွားတာ။
အရာအားလုံးကို သူ ပြန်စတင်ဖို့ ကြိုးစားချိန်မှာ အချိန်ဟာ တစ်ပတ်တိတိ ကြာသွားပြီ။
သူ တစ်ယောက်တည်း ဘာကိုမှ အဆက်အသွယ် မလုပ်နေခဲ့တာလေ။ ဖြစ်နိုင်ရင် အဲ့ဒီနေရာကို ပြန်မသွားချင်ပါဘူး။ နှလုံးသားဟာ လွန်ဆန်ဖို့ခက်လွန်းလို့သာ သူ ပြန်သွားရမှာ။

မျက်နှာလေး မတွေ့ရရင် လွမ်းလို့ သေတော့မလား မသိဘူး။ တွေ့ရ၊ မြင်ရ၊ ငေးမောရနဲ့ လုံလောက်တဲ့ ချစ်ခြင်းမေတ္တာကိုလည်း သူတကယ် သိပါပြီ။

ဗြူ ဂျကာပန် ဟာ အဆိုးကလေးရယ်။
သူ့ကို အမြဲ ပြုစားနိုင်တဲ့ နတ်ဘုရားငယ်လေး။
သူ တစ်ခါပြုံးရင် ဒီကောင်မှာ အခါခါ ရူးလို့လေ။

🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾

Build POV,

တစ်ယောက်ယောက်ကြောင့် လစ်ဟာသွားတဲ့ ကွက်လပ်ဆိုတာ အခြားအရာနဲ့ ဘယ်လိုဖြည့်ဖြည့် မပြည့်ဘူး။ ဒီလူကို သူ မလို‌အပ်ဘူး ငြင်းနေရင်းက ဘယ်လိုတောင် မျှော်လင့်နေရတာပါလဲ။

သူ မရောက်လာခင်ထိ သူ့ဘဝဟာ မရှုပ်ထွေးဘူး။
ရှုပ်ထွေးရတာကိုလည်း သူ မကြိုက်ဘူးလေ။
အန္တရာယ်ရှိတယ် ထင်ရတဲ့ နေရာတိုင်းကို သူ ရှောင်ခဲ့တာချည်းပဲ။ သူ့စတိုင်ကိုက ရိုးရှင်းချင်တာပဲ။

များများရယ်မယ်၊ များများပျော်မယ်။
ဘဝက တိုတိုလေးလေ။ လွတ်လပ်ပေါ့ပါးနေဖို့ကသာ အဓိကပဲ။

အန္တရယ်များတယ်ဆိုတဲ့သူကို ဘာလို့များ သတိတွေ ရနေရလဲ။
ကစားနေတာလား၊ လှည့်ဖျားနေတာလားတောင် မသေချာတဲ့သူရဲ့
အမိန့်သံကို ကြောက်လန့်နေရင်း လိုက်နာချင်လာတာ။
အသံပျော့ပျော့လေးနဲ့ပြောရင် သူ အလျှော့ ပေးချင်လာတာ။

Starseed (short story) CompletedWhere stories live. Discover now