Part 4

134 13 0
                                    

ည ၇ နာရီ ပဲရှိသေးတယ်အညို . . .
နိုင်ငံရေးမကောင်းလို့ထင်တယ်
အညို တို့မြို့လေးက ဆိုင်တွေတော်တော်များများ
ပိတ်ကုန်ကြပြီ
ကားလမ်းမကြီးတောက်လျောက်
မီးအလင်းရောင်ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့
ရိုးရာဆိုင်လေးတွေ ခပ်ကျဲကျဲလှမ်းမြင်ရတယ်
အညိုနဲ့ ကိုယ်နဲ့ ထိုင်ခဲ့တဲ့ဆိုင်လေးလည်း
အခုထိဖွင့်နေဆဲ မီးရောင်လေး ပျပျ နဲ့
အရင်လို လူတွေစည်နေဆဲ
ကိုယ့်ကိုလည်း ကြိုဆိုနေဆဲ ပဲအညိုရဲ့

ဆိုင်ရှင်အန်တီကတော့ ကိုယ်ဝင်လာတာနဲ့
ဘာစားမလဲ ဘာသောက်မလဲနဲ့
အရင်လို ပြုံးပြီးကြိုဆိုရှာတယ်
ကိုယ့်ကိုတော့ မှတ်မိလောက်မယ်မထင်ပါဘူး . .
ကိုယ်က မှတ်မိနေပေမယ့်ပေါ့ . .

"အညိုရော . . .
ကိုယ်တို့ရဲ့အမှတ်တရတွေကို မှတ်မိသေးလား
မေ့ချင်ယောင်ဆောင်နေသလား မေ့နေပြီလားဟင်"

အညို့စိတ်က ခန့်မှန်းရလွယ်တယ်
အညိုဘာဖြစ်နေတယ်ဆိုတာ
အညို့မျက်နှာလေးကြည့်လိုက်တာနဲ့
တန်းသိနိုင်တယ် သူပျော်နေရင် မျက်ဆံလေးလုံးပြီး
နူတ်ခမ်းလေးကပြုံးသွားတယ် . .
တစ်ခုခုအလိုမကျဖြစ်ရင် နူတ်ခမ်းကြီးဆူပြီး
ဘာစကားမှမပြောပဲ ငြိမ်သွားတတ်တယ်
စားကောင်းတာ တစ်ခုခုစားရပြီဆို
ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ လက်မလေးထောင်ပြတယ်

အညိုက စိတ်မာပေမယ့် မျက်ရည်လွယ်တယ်
စိတ်အတက်အကျအရမ်းမြန်တယ် . .
စိတ်ညစ်စရာပြသနာတွေကြုံလာပြီဆိုရင်
အခုပဲ တစ်ရှူတ်ရှူတ်နဲ့ ငိုပြပြီး တစ်ခနနေဆို
"ဒိပြသနာလေး သေးသေးလေးရှင်းဖို့
ဘာလို့ငိုခဲ့ရတာလဲ "ဆိုပြီး
သူ့ကိုယ်သူပြန်လှောင်တယ်
ချော့ရတဲ့ ကိုယ်ကအမောပေါ့ . .
ခံစားစရာရှိရင် ချက်ချင်းခံစားတယ်
ပြီးရင် မေ့ပစ်လိုက်တယ် သူနာကျင်မယ့်အရာကို
ကြာကြာမဆုတ်ကိုင်ထားဘူး
အညို့ ရဲ့ ငိုပြလိုက် ရီပြလိုက်ကြားမှာ
အရူးတစ်ယောက်လိုကစားခံလိုက်တာ အကြိမ်ကြိမ်ပါပဲ
အခုလည်း အညို ကိုယ့်ကိုယ်ကို နာကျင်မှာဆိုးလို့
ကိုယ့်ကို မေ့ပစ်လိုက်ပြီဆိုတာ ကိုယ် သိနေပါတယ်

ဆိုင်ထဲဝင်တော့ တိုက်တိုက်ဆိုင်ဆိုင် ပဲ
အညိုနဲ့အတူထိုင်ခဲ့တဲ့ ထိုင်ခုံလေးလွှတ်နေတယ်
ဒါပေမယ့် . . ကိုယ်မထိုင်ခဲ့ဘူး
အကယ်၍ညိုနဲ့ နောက်တစ်ခါပြန်ဆုံခဲ့လို့
ဒီဆိုင်လေးပြန်လာဖြစ်မှ ဒီထိုင်ခုံလေးမှာ
အတူထိုင်မယ်လို့ဆုံးဖြတ်ချက်ချထားတယ် . .
အခုတော့ အညိုရောင် Hoodie နဲ့
အသဲကွဲနေတဲ့ ဗမာကောင်လေး
အနောက်ဆုံးတန်း ရဲ့ ထောင့်ဆုံးခုံလေးမှာ . . .

"ဆာဖြယ်၊ကျူးဆိုင်ကင်၊ဝက်မိုးလွတ်၊ခရုချက်"
ညိုသိပ်ကြိုက်တဲ့ Menu လေးတွေလေ . .
အညို ရန်ကုန်လာတော့ ဆာဖြယ်စားချင်တယ်ဆိုလို့
ကိုယ့်မှာ မြောက်ဒဂုံကနေ စမ်းချောင်းအထိလိုက်ပို့ရတယ်
စမ်းချောင်း ချမ်းသာလမ်းက ကချင်ဆိုင်လေးက
မြစ်ကြီးနားကအရသာနဲ့ တစ်ထပ်ထဲပဲတဲ့ . .
ကိုယ့်ဘဝမှာ ညို့အကြိုက်လေးတွေ မှတ်ထားသမျှတွေထဲက တစ်ခုပေါ့
ကိုယ်အရင်က ဆာဖြယ်မစားတတ်ဘူးအညို
မုန့်ဖတ်လေးထဲကို အမဲသားနုတ်နုတ်စင်းထားတဲ့
အချဥ်ရေလေးနဲ့ ရောဆမ်းပြီး စားရတာလေ
ငါးညှီမျှစ်ကိုဇက်တောက်ဇက်တောက်နဲ့ကိုက်မိတိုင်း
အရသာ ပျက်,ပျက်သွားတယ် . .

အခုတော့ ကိုယ်ကြိုက်တတ်သွားပြီအညို
ဆာဖြယ်စားပြီးတိုင်း အချဥ်ရေထဲက
ငါးညှီမျှစ်ကိုရှေ့သွားလေးနဲ့ ကိုက်ဝါးရတဲ့
အရသာလေးကို ကိုယ်သိခဲ့ပြီ
ညိုပြောခဲ့သလိုပဲ အရမ်းအရသာရှိတာပဲနော်

ဆိုင်ရှင်အဒေါ်ကြီးက ကျူးဆိုင်ကင်လေးလာချတယ် အညိုရယ် . . .
ကိုယ် မျက်ရည်တွေဝဲမိတယ် . .
ညိုတို့မြစ်ကြီးနားက ကျူးဆိုင်ကင်က
စမ်းချောင်းက ကျူးဆိုင်ကင်လို
ကပ်ကြေးနဲ့မညှပ်ထားဘူး အညိုရဲ့ . .
ဒီဆိုင်မှာ ပထမဆုံးလာစားခဲ့တုန်းကလို
မြက်ပင်လို ရှည်မြောမြောပဲ အညို
ကျူးဆိုင်ကင်ကို "မြက်ကင် မြက်ကင်"ဆိုပြီး
အညို လိမ်ကျွေးခဲ့တဲ့နေ့ဟာကိုယ့်အတွက်တော့
မနေ့တနေ့ကလိုပဲ အညိုရယ် . .
ကိုယ့်မှာ အညိုကျွေးခဲ့တဲ့ မြက်ကို
မြိန်ရေ ယှက်ရေ စားခဲ့တဲ့
အညို့ရဲ့ နွားကြီးပါ
အညိုတစ်ခါတစ်လေ စနောက်ပြီးခေါ်တတ်တဲ့

"နွားသိုးကြီး" ပါအညို

You've reached the end of published parts.

⏰ Last updated: Jul 12, 2022 ⏰

Add this story to your Library to get notified about new parts!

မခွဲခင် ( Before We Break Up )Where stories live. Discover now