Part-4

2.6K 112 0
                                    

(Unicode)

မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၄)
                                      
               
             လွန်ခဲ့တဲ့ ၃နှစ်က မိုမိုတို့မိသားစု အမှုကို ယခုချိန်အထိ စိတ်အလိုမကျ ဖြစ်နေရတဲ့ ဇိုင်းခန့် ...။ စိတ်တွေရှုပ်ထွေးလာတိုင်း အဝေးပစ် လေ့ကျင့်ရေး သေနတ်ကွင်းထဲမှာ ပစ်မှတ်မှန်သမျှကို လူသတ်တရားခံ၏ ဦးခေါင်းဟု မှတ်ယူ၍ "တဒိုင်း..ဒိုင်း"စိတ်ကြိုက် ပစ်ခတ် သည်။ စိတ်အလိုကျမှု ရှိသည်ဆိုမှ ပစ်ခတ်မှုကို ရပ်တန့်သည်။ယခုလည်း ထိုသို့ပင်....

              "ဒိုင်း...ဒိုင်း...ဒိုင်း...."

              "ချောက်..."

မောင်းဆွဲတင်ကာ ထပ်၍ပစ်ခတ်ဖို့ ချိန်ရွယ်လိုက်စဉ်ပင်...

          "လေ့ကျင့်လှချီလား..ရှီတို"

            ဘေးနားသို့ တပ်ဖွဲ့ချုပ်ဆာကာ ရောက်လာသည်။

           "တပ်ဖွဲ့ချုပ်! ..."

         အသံနှင့်အတူ အလေးပြုလိုက်သည်။တပ်ဖွဲ့ချုပ်မှလည်း ပြန်၍ အလေးပြုဟန်ပြလိုက်သည်။ အံ့ဩသလိုရှိနေတဲ့ ဇိုင်းခန့်အနေအထားက တာဝန်ကိစ္စရှိလျှင် အမြဲ လက်အောက်ငယ်သားမှ တစ်ဆင့်အခေါ်လွှတ်၍ ပြောတတ်သော တပ်ဖွဲ့ချုပ်ကြောင့်ပင်...။ယခု သူကိုယ်တိုင် လေ့ကျင့်ရေးကွင်းသို့ လိုက်လာသည်ဆိုတော့ ဘယ်လို အရေးတကြီး တာဝန်များ ဖြစ်နေမလဲဟုတော့ တွေးမိသည်။

           "တပ်ဖွဲ့ချုပ် ကိုယ်တိုင် ဒီကိုလိုက်လာတယ်ဆိုတော့  ဘယ်လို အရေးကြီး တာဝန်များပေးစရာ ရှိလို့ပါလဲ..."

            ဇိုင်းခန့်အမေးကြောင့် ခန့်ညားတဲ့ ရုပ်အသွင်နဲ့ ပိရိသေသပ်သော နှုတ်ခမ်းညိုတွေကို သဘောကျစွာ တွန့်ချိူးလို့ ပြုံးလိုက်သည်။တပ်ဖွဲ့ချုပ်က မြင့်မားတဲ့အရပ်အမောင်း နဲ့ တောင့်တင်းသောbody အချိုးအစားကိုပိုင်ဆိုင်ထားသူဖြစ်ကာ အလွန်ဆုံးရှိ အသက်၃၀ကျော်လောက်ပင် ဖြစ်သည်။

                  "ရော့..."

             လက်ထဲက ဖိုင်တွဲအဝါကို ဇိုင်းခန့်ထံ ကမ်းပေးလိုက်သည်။ ထို့နောက် 'ကိုယ်တိုင် ဖတ်ကြည့်'ဆိုသည့် ပုံစံဖြင့် မေးဆတ်ပြလိုက်သည်။ဇိုင်းခန့် ဖိုင်တွဲကို လက်ခံယူကာ ဖွင့်ကြည့်လိုက်တော့ အဝယ်စာချုပ်တစ်ခုဖြစ်သည်။Bad Lady ခေါင်းစီးဖြင့် 🇲🇲မြန်မာနိုင်ငံမှ Bodyguard အဖြစ်၂နှစ်စာဝယ်ယူမည် ဖြစ်ကြောင်း ကမ်းလှမ်းချက် စာချုပ်ပင်...။
အလုပ် လက်ခံလျှင် တစ်ဖက်တွင် Confirmဖြစ်ကြောင်း သတင်းပို့၍ ၂ရက်နေလျှင် ဝယ်ယူမှုအတွက် မြန်မာနိုင်ငံသို့ သွားရမည်ဖြစ်သည်။

မာနလေးရဲ့ကိုယ်ရံတော်Όπου ζουν οι ιστορίες. Ανακάλυψε τώρα