Part-28

1.8K 55 0
                                    

(Unicode)

မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၂၈)

(💋💋💋)

"မသွားနဲ့...မသွားပါနဲ့....မို..မို..."

သူ သွေးပျက်ချောက်ချားစွာ လှမ်းအော်တားနေပေမယ့် သူမကတော့ သူ့အရှေ့မှ ပျောက်ချင်းမလှ ပျောက်သွားခဲ့လေသည်...။သူဝမ်းနည်း ဆို့နင့်စွာငိုကြွေးရင်း ကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ် ဒူးထောက်ချမိရာ ကြမ်းပြင်တွင် ညှိီစို့စို့အနံ့ထွက်နေသော သွေးများဖြင့် ဂျပန်လိုရေးသားထားသည်က ....

"ရှင် ကျွန်မကို စွန့်ပစ်ခဲ့တယ်..."

ဇိုင်းထိုစာတန်းကိုမြင်၍ ဒိန်းကနဲဆိုသလို ထိတ်လန့်ကာ တုန်လှုပ်ချောက်ချားသွားသည်...။ထို့အပြင် နဖူးတွင် ချွေးစေးများပျံလာပြီး ရင်အစုံဟာ ကတုန်ကယင်ဖြင့် ခေါင်းကိုဖြည်းဖြည်းချင်း ခါရန်းမိရင်း...

" မဟုတ်ဘူး!...ကိုယ် မင်းကို မစွန့်ပစ်ခဲ့ဘူး...မဟုတ်ဘူး..မဟုတ်ဘူး မိုမို!!..."

ခုတင်ပေါ် အလျားလိုက် အိပ်ပျော်နေသည့်ဇိုင်း...စိတ်ချောက်ချားစွာ အော်ဟစ်ငြင်းဆန်ရင်း မျက်လုံးများ ဖွင့်ကြည့်မိရာ မျက်နှာကျက်တွင် အဖြူရောင်မီးလုံးလေးက ထိန်ထိန်လင်းလို့နေလေသည်။
ထိုအခါ သူ ဇောချွေးများပျံနေရာမှ ကမန်းကတန်းကောက်ထိုင်လိုက်ကာ ခုတင်ခြေရင်းအပြင် ဘေးဘီဝဲယာ နှင့် ကြမ်းပြင်ပေါ်သို့ အထိတ်တလန့် ဖြင့်ကြည့်မိလျှင် ခုဏက သွေးများဖြင့် ချောက်ခြားဖွယ်စာတန်းကြီးမှာ တကယ်မရှိ...။ဒါဆို သူ မိုမိုကို မသိစိတ်က စိတ်စွဲနေ၍ အိပ်မက်ဆိုးမက်နေခြင်းဖြစ်လိမ့်မည်။
သူ စိတ်ရှုပ်ထွေးစွာ သက်မောတစ်ချက်ချလိုက်ရင်း ...
လန့်နိုးလာခြင်းကြောင့် အာခေါင်များပင် ခြောက်ကပ်နေ၍ ခုတင်ဘေးစားပွဲတွင် တင်ထားသော ရေသန့်ဘူးအား ကောက်ယူကာ မော့သောက်ပစ်လိုက်သည်။

"ဂလု..ဂလု "

"ဟူး...မိုမိုအပေါ် ငါရဲ့အပြစ်မကင်းသလို ခံစားနေရတဲ့စိတ်က အတော်ဒုက္ခပေးတာပဲ...
ငါကလည်း ဘာလို့ မိုမို့မိသားစုအပေါ်မှာ တာဝန် မကျေခဲ့ရတာလဲ...
ကျစ်..အသုံးမကျလိုက်တာကွာ"

မာနလေးရဲ့ကိုယ်ရံတော်Where stories live. Discover now