အပိုင်း ၅

18 1 0
                                    


    နှစ်လလုံးလုံး သူမက သူ့ကို ညင်းပန်း နှိပ်စက်ပြီး သင်ပေးသဖြင့် ပညာရပ်တွေ တော်တော် များများကို တတ်မြောက် ခဲ့ရသည်။ လိုက်လုပ်!. လို့ ပြောပြီး မလိုက်နာရင် နာကျင်အောင် အပြစ်ပေး တတ်သလို ကောင်းမွန်စွာ လုပ်ပြီ ဆိုရင် သူမက ဆုလာဘ်အဖြစ် မုန့် ဒါမှမဟုတ် သူဖြစ်ချင်တာ တစ်ခုခုကို ဆရာတွေ တားဆီးမှုကို ဖောက်ဖျက်ပြီး လုပ်ပေးတတ်၏။
   ဆရာတွေက တောထဲမှာ အမဲလိုက်တာကို တားဆီးထားပေမယ့် သူမက သူ့ကို ဆုပေးတဲ့ အနေနဲ့ သူနဲ့အတူ လိုက်ကာ အမဲလိုက်ပေး၍ ဆရာက သူမကို ရေပုံးထမ်းခိုင်းတာကို အပြုံးမပျက်..၊ အရယ်မပျက်..၊  ပြီးတော့ ပြောသေးသည်။ ‘မင်း ခေါင်းဆောင် တစ်ယောက် ဖြစ်လာရင် မှတ်ထား.. တစ်ဦး တစ်ယောက်မှ ထိခိုက်ဖို့ မရှိဘူး ဆိုရင် တားမြစ်ထားတာကို ချိုးဖျက်လိုက်ပါ..’ .. တဲ့..၊ သူမ ပြောတတ်တဲ့ ထူးဆန်းတဲ့ စကားတွေကို တစ်ခါတစ်လေကျ နားမလည် သလို ဖြစ်သွားရ၏။ 

   ‘တော်ဝင်.. ငါတို့ အဖွဲ့လိုက် လုပ်ဆောင်မှု စတော့မယ်.. တခြားအဖွဲ့တွေက အတူတူ လေ့ကျင့် ပြီးသား ဆိုတော့ ငါတို့ထက်တော့ သာနေမှာ အမှန်ပဲ.. ဒါပေမဲ့ ကြောက်စရာ မလိုဘူး.. ကိုယ်ရအောင် လုပ်မယ်လို့ တွေးထားရင် ရပြီ ပြီးတော့ မင်းအိမ်စည်ကို မင်းတို့ စမ်းသပ်ကြည့်ပါ လိုနေသေးတာ ရှိရင် ထပ်ကြိုးစားကြတာပေါ့’

   ‘ဘာပြိုင်ပွဲလဲ.. အရေးကြီး လို့လား’

   ‘ငါတို့တွေ.. တစ်ကျောင်းလုံး တိုက်ခိုက်ရမှာ.. ကိုယ့်အဖွဲ့နဲ့ကိုယ်.. တောထဲမှာ လေးထောင့်ကျောက်တုံး ရှာရမှာ အဲ့ကျောက်တုံးကို ငါတို့အဖွဲ့ရရင် ငါတို့ အတန်းတက်ဖို့ တစ်ဝက် သေချာပြီ’

   ‘တစ်ဖွဲ့ချင်းစီမှာ အမှတ်အသားတွေ ရှိလိမ့်မယ်.. အဖွဲ့ပေါင်း ဆယ်ခြောက်ဖွဲ့ကို ငါတို့ ကျော်ဖြတ်ရမှာ.. ခေါင်းဆောင် တွေထဲမှာ မိန်းကလေး ခေါင်းဆောင်ဆိုလို့ ငါပဲ ရှိတယ် ငါ့အဖွဲ့သားတွေက ပိုပြီး ဂရုစိုက် ရမယ်’

   ‘ငါတို့ အဖွဲ့ရဲ့ အမှတ်အသားကို ဘယ်လို လုပ်မလဲ’

   ‘ခေါင်းလောင်း.. တစ်ယောက်ယောက် တိုက်ခိုက်ခံရပြီ ဆိုရင် ခါလိုက်ရုံနဲ့ အသံ ထွက်တဲ့ ခေါင်းလောင်း..’

ချစ်သောရှင်ဖြူငယ်Where stories live. Discover now