အပိုင်း ၆

9 1 0
                                    


   လေးထောင့် ကျောက်တုံးရှာ.. ပြိုင်ပွဲနေ့..၊   

   လူတိုင်းက ကိုယ့်အဖွဲ့ရဲ့ တူညီဝတ်စုံကို ဝတ်ဆင် ထားရပြီး တစ်ဦးချင်းစီရဲ့ ရင်ဘတ်မှာ နာမည် ရေးထားတဲ့ ပေရွက်ကို ကြိုးနဲ့ဖောက်၍ ချည်ထားသည်။ ပြိုင်ပွဲ စည်းမျဉ်းအရ နာမည် ရေးထားတဲ့ ပေရွက်ကို ကာကွယ် ရမည် ဖြစ်ပြီး ထိုပေရွက် ပြဲသွားပါက ပြိုင်ပွဲမှ ထုတ်ပယ်ရမည်။

   တစ်ဦးချင်းစီမှာ သစ်သားဓါး တစ်ချောင်းစီ ကိုင်ဆောင်ခွင့်ရှိပြီး ခေါင်းဆောင်တွေက လေးနဲ့မြှား ကိုင်ခွင့် ရသည်။ သို့သော်.. မြှားတို ငါးချောင်းသာပါ၏။ မဖြစ်မနေ အရေးကြုံမှသာ အသုံးပြုခွင့်ရှိပြီး.. လူအသက်ကို အန္တာရာယ် ဖြစ်စေရန် မဟုတ်ကြောင်း ဆရာက မိန့်ကြားထားသည်။ 

   တချို့အဖွဲ့က ကိုယ်ပိုင် အမှတ်အသား အဖြစ် လက်မောင်းမှာ အဝတ်စနီဖြင့် ချည်နှောင် ထားကြသည်။ တချို့ကတော့ နဖူးမှာ စည်းထားကြ၏။ သူတို့ကတော့ တစ်ဦးချင်းစီမှ ခေါင်းလောင်းငယ်ကို အကျႌအိတ်ထဲမှာ လုံခြုံစွာ သိမ်းထားသည်။

   ‘ဆယ့်ခြောက်ဖွဲ့လို့ သတ်မှတ်ထားသော်လည်း အကြီးတန်းမှ မတော်တဆ ဒဏ်ရာရမယ့် သူတွေကို အကူညီပေးနိုင်ရန် အလို့ငှာ တစ်ဖွဲ့ကို ထုတ်နှုတ် လိုက်ရပါတယ် တစ်ဖွဲ့ချင်းစီကို မတူညီတဲ့.. မြေပုံတွေ ပေးထားတယ်.. ဆယ့်ငါးဖွဲ့ ဆိုတော့.. အပိုင်းက ဆယ့်ငါးပိုင်း ရှိတယ်.. လေးထောင့် ကျောက်တုံးဆီကို ရောက်ဖို့ မြေပုံ ဆယ့်ငါးပိုင်းကို ဆက်မှ ရမယ်.. တစ်ဖွဲ့ချင်းစီရဲ့ ကြံရည် ဖန်ရည်နဲ့ တိုက်ခိုက်နိုင်စွမ်းကို သေချာ အသုံးချနိုင်မှပဲ ပြိုင်ပွဲမှာ အနိုင်ရ နိုင်မယ်.. တစ်ဖွဲ့လုံးရဲ့ စည်းလုံးမှု လိုအပ်တယ်.. ပြီးတော့ ဒီမှာ မီးပန်းတွေ တစ်ယောက်ချင်းစီ အတွက် စီစဉ်ထားတယ် ပြိုင်ပွဲက ထွက်ရပြီ ဆိုရင် မီးပန်း ဖောက်လိုက်ပါ အကူအဖွဲ့နဲ့ ဆရာတွေက တောင် ပတ်ပတ်လည်မှာ စောင့်နေမယ်.. မီးပန်း ဖောက်လိုက်တဲ့ နေရာကို ရောက်အောင်လာပြီး လာခေါ်ပေးမယ်.. ပြိုင်ပွဲကို ဆရာက ဗုံထုလိုက်တာနဲ့.. စပြီ’

   သူ လေးထောင့်ကျောက်တုံးကို ရမှ ဖြစ်မယ်.. သူ့အရည်ချင်းကို ပြက်ရယ်ပြုတဲ့ အမတ်တွေကို သူ့မှာ စွမ်းရည် ရှိကြောင်း အမတ်တွေ လက်ခံစေရမယ်။
   ရှင်ဖြူကို ကြည့်မိတော့ သူမက တည်ငြိမ်စွာ ပြုံးနေသည်။ ဟုတ်တယ်..၊ ခေါင်းဆောင်ကောင်း တစ်ယောက်.. အဖြစ် သူမကို ယုံကြည် လို့ရတယ်။ သူမက သူ့အတွက် လေးထောင့်ကျောက်တုံးကို အရ ယူပေးနိုင်မယ်။  သူကတော့ ကြောက်တာကော မကြုံဖူးတာတွေပါ ပေါင်းစပ်ပြီး လက်ဖျားတွေ အေးစက် ရင်တွေခုန်ပြီး အသက်ရှု မဝသလို ခံစား နေရသည်။

ချစ်သောရှင်ဖြူငယ်Where stories live. Discover now