အပိုင်း(၂၀)

36.8K 2.9K 325
                                    

#For Unicode

နေရောင်နုနုက အခန်းဆီသို့ လိုက်ကာဖြူလွင့်လွင့်ကြားမှ တိုးကာ ဝင်ရောက်လာသည်။ ခမ်းနားလှသော အသုံးဆောင်ပစ္စည်းများစွာဖြင့် တန်ဆာဆင်ထားသော အခန်းဟာ တိတ်ဆိတ်၍ အထီးကျန်သော အငွေ့အသက်များနှင့် မလိုက်ဖက်။
ခပ်တိုးတိုးမျှ ရှူရိုက်နေသော အသက်ရှူသံတစ်ခုကလွဲ အရာအားလုံးဟာ ငြိမ်သက်နေသည်။ ဖြူဖျော့ဖျော့ မျက်နှာလေးနှင့် ကုတင်ပေါ်၌ မလှုပ်မယှက်ထိုင်နေသော ကောင်လေးတစ်ဦးဟာတော့ ပြာလွင်သော ကောင်းကင်ပြင်ကြီးအား ငေးမောနေသည်မှာ ကြာပြီဖြစ်၏။

နှစ်ရက်မျှရှိပြီ။ ယခုကဲ့သို့ အခန်းတွင်း တစ်ယောက်တည်း ပိတ်ထားသည်မှာ နှစ်ရက်မျှရှိပြီ။ အခန်းတွင်းလေထုကပင် အသက်ရှု၍ မဝသကဲ့သို့ ပိတ်လှောင်
မွန်းကျပ်နေသည်။

"မင်းကို ဖမ်းချုပ်လိုက်ပြီ နေခြည်" ဆိုသည့် စကားတစ်ခွန်းနှင့် ယခုအခြေအနေကို နားမလည်စွာ ရောက်ရှိခဲ့ရသည်။ သို့သော် ဦးအဂ္ဂမင်းထင်သည် နှစ်ရက်တာအတွင်း လုံးဝ လာမတွေ့ခဲ့။ လော်ရှီးဟန်နှင့် ပတ်သက်ပြီးလည်း မည်သည့်အကြောင်းအရာမှ မကြားရ။ နားမလည်နိုင်သည်က အဘယ့်ကြောင့် မိမိအား
မနှိပ်စက်ဘဲ ခမ်းနားလှသော အပြင်အဆင်များနှင့် သက်တောင့်သက်သာ နေစေပါသနည်း။

ထိုအကြောင်းအရာများကို မစဉ်းစားတတ်လောက်အောင် ထက်မြက် စိတ်တွေ ရှုပ်ထွေးနေသည်။ ယခုလို ထားမည့်အစား သတ်ပစ်လိုက်တာမှ ကောင်းမည်ဟု အကြိမ်ကြိမ် စဉ်းစားနေမိသည်။ ရန်ကုန်မှာကျန်ခဲ့သော မိမိ ချစ်သူရော အန္တရာယ် ကင်းပါရဲ့လား။ မိမိကို ဖမ်းချုပ်ပြီး၊ နွေ့ကို မရရအောင် ယူတော့မည်လား။ ဦးအဂ္ဂမင်းထင်သည် မိမိရှေ့မှာပင် မျက်နှာပြောင်တိုက်စွာ နွေ့အား တောင်းခဲ့ဖူးသည်။ ထိုသူကို ထက်မြက်သည် စိတ်ရင်းဖြင့် ယုံကြည်ခဲ့မိသည်။ ဒုက္ခရောက်ချိန်မှာပင် ထိုသူ့အား သတိရမိသေးသည်။ ထက်မြက် တွေးရင်း ရှက်စိတ်ဖြင့် နာကြည်းစွာ မျက်ရည်များ ကျလာပြန်သည်။

"ဒေါက်..ဒေါက်.."

ထုံးစံအတိုင်း အချိန်မှန် စားစရာလာပို့ပြီဖြစ်သော ဟိုလူကြီး၏တပည့်ကို ထက်မြက် လှည့်မကြည့်မိ။ အခန်းထဲက တုန့်ပြန်သံမကြားလည်း ပိုင်စိုးပိုင်နင်း ဝင်လာလိမ့်မည်။ တွေးလို့မှ မဆုံးသေး တံခါးပေါက်ပွင့်သွားသော အသံကို ကြားလိုက်ရသည်။

Luigi's Empire (Complete)Where stories live. Discover now