💗 ချစ်တေးသီကျူး မောင့်အချစ်ဦး 💗

10.1K 295 1
                                    


Part - 12

ညဆယ်နာရီအထိ အခန်းထဲ ပြန်မဝင်လာသေးသော မ ကြောင့် သူ ဝရန်တာတွင် ထိုင်ကာ ကောင်းကင်ကို မော့ကြည့်ရင်း သက်ပြင်းချမိသည်။ မ က သူ နဲ့ မလိုက်ချင်သလို သူကလဲ မ မပါပဲ မသွားနိုင်။

! ကျွီ!

အခန်းတံခါးဖွင့်သံကြောင့် သူ လှည့်ကြည့်လိုက်မိတော့ မ ။ ခပ်တည်တည် မျက်နှာလေးနှင့် အထဲဝင်လာရင်းမှ ဗီရိုထဲရှိ အဝတ်အစားတွေ ဖြုတ်ယူကာ ခရီးဆောင်အိတ်ထဲ ထည့်နေသဖြင့် သူ အခန်းထဲဝင်လာရင်း မ အနားရပ်ကာ.....

" မ....ဘယ်သွားမလို့လဲ... ခု ဘာလုပ်နေတာလဲ ။ "

တိမ်ငွေ့ အဝတ်အစားတွေသာ သိမ်းရင်း သူ့ကို မော့မကြည့်ပဲ...

" မင်းပဲ အိမ်ပြောင်းမယ်ဆို.....ခုထဲက သိမ်းထားမှ ရမှာပေါ့။ "

ဟာ...
မင်းဟာရ ဝမ်းသာအားရဖြင့် ဟွန်းခနဲ ရယ်လိုက်မိသလို ပျော်ရွှင်ကြည်နူးစိတ်က တလှိုက်လှိုက်ဖြင့် ပြောမပြတတ်အောင်ပင်။ မ အနား သူပါ ကမန်းကတန်း ထိုင်ချရင်း အဝတ်အစားတွေ သိမ်းကူတော့ မ မျက်နှာလှလှလေးမှာ အပြုံးရိပ်က ရိပ်ခနဲ မြင်လိုက်မိသလို ထင်မိသည်။

ဟုတ်ပါတယ်....
တိမ်ငွေ့ ပြုံးမိခြင်းပါ။
ဝမ်းသာသွားတဲ့ သူ့ ပုံစံကို ကြည့်ပြီး တိမ်ငွေ့လဲ စိတ်ချမ်းသာသည်။

ငြင်းဆန်ကာ ပြဿနာဖြစ်ပြီး အောက်ထပ်ဆင်းသွားပေမယ့် သေချာ စိတ်အေးအေးထား စဥ်းစားမိတော့လဲ တိမ်ငွေ့က သူ့ဇနီး။ သျှောင်နောက် ဆံထုံးပါရမှာ ထုံးစံဖြစ်သလို သူ့လို မာန နှင့် မေမေ့အိမ်မှာ အကြာကြီး နေရင် သူလဲ နေတတ်မှာ မဟုတ်။ တိမ်ငွေ့ အဖက်ဖက်က စဥ်းစားပြီး မေမေ့ကို ဖွင့်ပြောပြကာ အိမ်ခွဲနေဖို့ ခွင့်တောင်းခဲ့ရသည်။

မေမေက စိတ်မကောင်းပေမယ့် သဘောတူပေးရှာပါသည်။ တိမ်ငွေ့ သိတာပေါ့ မေမေက သားရူးပီပီ သူ့ကို သားအရင်းပမာ သိပ်ချစ်နေသည်။ ပြောရလျှင် မင်းဝဠာတုန်းကတောင် ဒီလောက် မဖော်ရွေခဲ့။

" မနက်ဖန် မ ကို မောင် လာကြိုမယ်လေ....ပြီးရင် အိမ်လိုက်ပြမယ်နော်။ "

တိမ်ငွေ့ ခေါင်းငြိမ့်ပြလိုက်ရင်းမှ ပစ္စည်းတွေ ဆက်သိမ်းနေစဥ် တိမ်ငွေ့ လက်ကို လှမ်းကိုင်လာသည့် ဟာရကြောင့် ဖျတ်ခနဲ ကြည့်မိသွားရသည်။ တိမ်ငွေ့ကို ပြုံးကာ စိုက်ကြည့်နေရင်းမှ.....

ချစ်တေးသီကျူး မောင့်အချစ်ဦး ( Complete) Where stories live. Discover now