💗 ချစ်တေးသီကျူး မောင့်အချစ်ဦး 💗

7.4K 201 1
                                    


Part - 30

နေခ ရင်ခွင်ထဲတိုးဝင်ကာ တင်းတင်းကြပ်ကြပ် ဖက်ထားသည့် မြူ့ကြောင့် ရင်ခုန်သံတွေက ပရမ်းပတာ ခုန်ပေါက်နေရသည်။ ကိုယ်လုံးသေးသေးလေးက နွေးထွေးလွန်းသလို ချစ်မြတ်နိုးစိတ်ကြောင့် သူ ဖက်မဝနိုင်ပဲ ဖြစ်နေရသည်။

" ချစ်လိုက်တာ မြူရယ်။ "

" အင်းးးးးးတိမ်ငွေ့လဲ မောင့်ကို အရမ်းချစ်တယ်...."

သူ့ရင်ခွင်ထဲမှ မျက်နှာလေး မော့ကြည့်လာရင်း ပြောလာတော့ နေခ အသဲတွေယားကျိကျိ ဖြစ်သွားရသည်။ အပျော်တွေဖြင့် ပြုံးရယ်ရွှင်မြူးသွားစဥ်မှာပဲ မြူ့မျက်နှာလေးက မဲ့ခနဲ ဖြစ်သွားပြန်တော့ သူ ရင်ထဲ ပူပန်သွားကာ မေးဖျားလေးကို ဆွဲမော့ယူလိုက်သည်။

" ဘာဖြစ်တာလဲ မြူ......ဘာဖြစ်လို့လဲ။ "

" ခေါင်းကိုက်တယ်......အ.....အားးးး"

မျက်နှာလေးမဲ့ရှူံ့သွားရင်း သူမခေါင်းကို သူမကိုယ်တိုင် လက်သီးဆုပ်လေးဖြင့် ပြန်ထုရိုက်နေတာမို့ သူဖမ်းဆွဲထားလိုက်တော့ မျက်ခုံးလေးတွန့်ချိုးရင်း ငေးကြည့်လာကာ.....

" နေခ......နင်...နင် ဖယ်စမ်းးးး".

ဆောင့်တွန်းထုတ်လိုက်တာမို့ အလစ်ငိုက်မိသွားကာ သူလဲ ခုတင်ပေါ်မှ ပြုတ်ကျသွားရသည်။ ရင်ထဲ စိုးထိတ်သွားရရင်း ကပျာကယာ ကြည့်မိတော့ သူမက အိပ်ယာထက် ခွေခွေလေး လဲကျနေပြီ ဖြစ်၏။

" ဟာ.......မြူ.....မြူ့......"

ကမန်းကတန်း အိပ်ယာပေါ် ပြန်ပြေးတက်ကာ ဆွဲထူရင်း မေးစေ့လေးကို လှုပ်ယမ်းနှိုးတော့ ညီူးညူသံသဲ့သဲ့လေးနှင့် မျက်ဝန်းလေး ဖွင့်ကြည့်လာသည်။

" မောင်....."

" ဟင်....."

" အိပ်ချင်တယ်.....အရမ်းပင်ပန်းနေသလိုပဲ။ "

နေခ ကမန်းကတန်း ခေါင်းငြိမ့်ပြကာ မြူ့ကိုယ်လေးကို ဖေးထူရင်း အိပ်ယာထက် သေချာလှဲသိပ်လိုက်၏။ ချက်ချင်းအိပ်မောကျသွားတာမို့ သူ ရင်မောစွာပင် သက်ပြင်းမောလေးချမိသည်။ ခုတော့ ရင်အေးသွားရပေမယ့် သူ မြူ့ကို မဆုံးရှုံးချင်ရင် တစ်ခုခု အမြန်စီစဥ်ရလိမ့်မည်။

ချစ်တေးသီကျူး မောင့်အချစ်ဦး ( Complete) Where stories live. Discover now