၁- ဖြစ်တည်ခြင်း

18 1 0
                                    


လွမ်းမောခြင်းလား၊ ပျော်ရွှင်ခြင်းလား၊ ဝမ်းနည်းခြင်းလား၊ ဆုံးရှုံးတာလား...

အဖြစ်အပျက် တွေက မြန်ဆန်လွန်းပါတယ်။ နောက်ဆုံးတစ်ခါ တွေ့တုန်းက သူ ပြောခဲ့တာတစ်ခုရှိတယ်။

"နေ ကောင်း အောင် နေပါ''... သူ ပြောတာ တစ်ခွန်းတည်းပါ။ သူ ပြောတဲ့ လေသံက ကျွန် တော့် နားထဲ ဆို့ဝင်သွားပြီး နှလုံးသားထိ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်မိတယ်။ သူ ပြောတာကို အခုထိ နားထဲမှာ ကြားယောင် နေတုန်းပဲ။ ပိုင်ဆိုင်ဖို့ ကြိုးစားပေမဲ့ မဆုံနိင်တဲ့ ကံကြမ္မာက သူ နဲ့ ကျွန် တော့်ကို ခွဲခွာပစ်လိုက်တယ်။

အခု ဘယ်မှာများရှိနေမလဲ။ ကျွန် တော် မရှိတဲ့ နေရာ၊ ကျွန် တော် မဟုတ်တဲ့ တခြားဆီမှာ သူ့ ခေါင်းလေး မှီနေမလား။ သူ့ လက်က လေးက ခါးကို ဖကမထား လေမလား။ သူ့ ဆံနွယ် တွေ ကို နမ်းနေမလား၊ သူ့ အပြုံးတွေ ကို တဖွယ်ကြီး ခြွေ နေ လေမလား။ သူ့ မျက်ဝန်း တွေ ရွှန်းလဲ့ နေ လေမလား။ သတိရတယ်။ သူ နဲ့ ပတ်သက်ခဲ့ သမျှနေရာ ရောက်တိုင်း...သူ့ အ ငွေ့ အသက် တွေခံစားမိ နေတုန်းပဲ။ သူ ပြောခဲ့တဲ့ စကားအသံ တွေ နားယောင်မိတုန်းပဲ။

ကျွန် တော်ရှာ နေတယ်။ အခုထိ ရှာ နေတယ်။ မ နေ့က ကော....ဟိုး အရင် နေ့တွေကပါ ရှာ နေတယ်။ သူ ဘယ် ရောက် နေမလဲ။ ပင်ပန်း နေမလား။ ဝမ်းနည်း နေမလား။ ပျော်နေမလား။ သူ ကော ကျွန် တော့်လို လိုက်ရှာ နေ မလား။ အနားမှာ ဖြတ်သွားတဲ့ သူတိုင်း ကို လိုက်ကြည့် နေမိတယ်။ သူ ဖြစ် နေ လေမလား။ ဘယ် ရောက် နေလဲ သူရယ်။

ပြောကြတာ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါတဲ့။ ကျဉ်းကျဉ်း လေးမှာ ဘာလို့ များ ကျွန် တော်တို့ မနီးစပ်ကြတာလဲ။ တစ်ခါဆုံပြီး နောက်တစ်ခါ မ တွေ့ နိုင်ဘူးလား။ ကျွန် တော်တို့ မို့လို့ ပဲ မ တွေ့နိုင် အောင် လုပ်ကြတာလား။ သူ နှုတ်ဆက်ခဲ့တာ အပြီးအပိုင်ထားခဲ့ ဖို့မှ မဟုတ်တာ။ ကျွန် တော် သိပ်ချစ်တာ မသိဘူးလား သူရယ်။

ဒီနေ့ မနက်နိုး တော့ ထုံးစံ အတိုင်း ဖုန်းဖွင့်ကြည့်တယ်။ ခါတိုင်း သူ ပို့နေကျ Message လေး က အခုဆို မဝင်တာ ၁၀ လရှိနေပြီ။

If I remember you Where stories live. Discover now