၂-တွေ့ဆုံခြင်း

10 1 0
                                    

သူ နဲ့ ကျွန် တော်က တက္ကသိုလ်မှာ စ တွေ့တာ။ အသင်းတစ်ခုမှာ အတူ ဝင်လုပ်ကြရင်း တွေ့ကြတာ။ အဲ့တုန်းက သူနဲ့ သူငယ်ချင်း၊ ကျွန် တော် နဲ့ ကျွန် တော့် သူငယ်ချင်း။ သူနဲ့  ကျွန် တော်က ဘေးကပ်ရပ် ထိုင်ရတာမှ စပြီး သူ့ကို သတိထားမိတယ်။ အသင်းဝင် ကဒ်မှာ ဖောင် ဖြည့်ရင်း မသိမသာ ကြည့်လိုက်မိရာက သူ့ နာမည် ကို သိလိုက်တယ်။ နာမည် လေးက ''မေသူသွယ်'' တဲ့...

အဲ့နေ့က သူ ဝတ်ထားတာ မြန်မာဝတ်စုံကိုမှ ချင်း ထဘီ လေးနဲ့။ ဝါဆိုသင်္ကန်းကပ်တဲ့ နေ့လေ။ သူ နဲ့ ကျွန် တော်က အရင်ကတည်းက တွေ့ဖူး နေကြ။ ဒါပေမဲ့ အဲ့ဒီ နေ့ကမှ သူက ကျွန် တော့်မျက်စိထဲမှာ အလှဆုံးကို ဖြစ် နေ တော့ တာ။ တစ် နေကုန် သူဘာပဲ လုပ်လုပ် လိုက်ကြည့်နေမိတယ်။ သူ့အနားမှာ ကူလုပ် သလိုနဲ့ ဝင် ရောတယ်။ သူကျောင်းဆင်းလို့ အ ဆောင်ပြန်မယ် ဆိုရင် ကျွန် တော်လိုက်ပို့တယ်။ မနက် လင်းတာနဲ့ သူ စီးမယ့်ကားဂိတ် မှာ အဆင်သင့် စောင့် နေလို့။ ညဘက် ညဘက် ဆို Viber မှာ စကားပြောလိုက်ရတာ အ မော။ တော် တော်နဲ့ ကို မပြီးနိုင်ဘူး။ သိပ်မကြာခင် ကျွန် တော် သူ့ကို ဖွင့် ပြောလိုက်တယ်။

"ငါ နင့်ကို ချစ်တယ်''

သူက အစ နည်းနည်း တော့ ကြောင် နေတယ်။ ကျွန် တော် ဒီလို ဗြုန်းစားကြီး ပြောမယ်လို့ သူ မထင်လို့တဲ့ လေ။ ဘယ်လိုများ ပြောလိုက်ပါလိမ့် သူ ရယ်။ ကျွန် တော်ရင်ထဲမှာ ဗ လောင်ဆူ နေတာ သူ မသိဘူး။ ဖွင့် ပြောနေတဲ့ အချိန် ကျွန် တော့်ရင်ထဲမှာ အလုံးကြီးလို တင်းဆို့နေတာ သူ မသိဘူး။ ပြောပြီးတဲ့ အချိန် ရင်ထဲက အလုံးကြီး ကျသွားတဲ့ ခံစားချက် ကို သူ မသိဘူး။

သူ ပြောလိုက်တဲ့ စကားလေး တစ်ခုက ကျွန် တော့် ကို ပျော်ရွှင်မှု ပေးမယ့် အစ တစ်ခုလိုပဲ သိလိုက်တယ်။

"စဉ်းစားပါရ စေပါဦး ကျော်ရဲထွန်းရယ်"... တဲ့။ သူ က ပြုံးရင်းနဲ့ ပြောလိုက်တယ်။ ခဏ လောက်ကြာ တော့ ကျွန် တော်က ထပ် မေးလိုက်တယ်။ ''နင်...သိ နေလား''...

"ဘာကိုလဲ...အစမရှိအဆုံးမရှိ နဲ့''...သူက ပြန် ပြောတယ်။

"ငါ ကြိုက် နေတာကို''...လို့ကျွန် တော် ပြော တော့.

If I remember you Where stories live. Discover now