8

680 40 2
                                    

-မင်းတို့နှစ်ယောက်ရန်ဖြစ်ထားကြတာလား

hoseok bogum ဘေးမှာမထိုင်ပဲ အရှေ့ဆုံးမှာမျက်နှာကြီး တည်ပြီး သွားထိုင်နေတာကြောင့် jk ကျောင်းရောက်ရောက်ခြင်းမေးလိုက်သည်

-အေးကွာ သူကလဲ အရမ်းစိတ်ကောက်တာပဲ ငါပဲ ချော့နေရတာ အရမ်းပင်ပန်းနေပြီး

-ရည်းစားတွေကျ​နေတာပဲ

bogumမှာတော့ hoseokကိုစိတ်ဆိုးနေသော်ငြားလဲ အတန်းအရှေ့ဆုံးမှာထိုင်နေတဲ့ hoseokကို တကြည့်ကြည့်နဲ့ ဒီလိုနဲ့အတန်းတွေချိန်ပြီးလို့ ထမင်းစားချိန်ရောက်တော့

-bogum မင်း လည်ပင်းကြီးရှည်ထွက်လာပါအုံးမယ် ချော့မယ်ဆိုလဲ မြန်မြန်ချော့ပြီး လက်သာထပ်လိုက်ကြတော့

-ငါဒီတစ်ခါ သူ့ကို လုံးဝမချော့ဘူး သူလာမချော့မချင်း

bogumက ကျောင်းမှာလူချစ်လူခင်များတဲ့သူမို့ hoseokကိုတောင်မကြည့်ပဲ ထွက်သွားလိုက်သည် hoseokကတော့ သူ့ကိုတစ်ချက်ကလေ တောင်လှည့်မကြည့်တဲ့ bogumကြောင့်ဗိုက်လဲမဆာတော့ပါ အတန်းထဲမှာပဲ မှောက်ချပြီး အိပ်နေလိုက်တော့သည်

-မသွားဘူးလား hoseok

-ဟင် အင်းစားချင်စိတ်မရှိဘူး

-ဟင်းး မင်းကလဲ အရမ်းမူတာကို

-jeon jung kook!

-ရော့ငါအိမ်ကချက်လာတာ သွားမစားရင်လဲ ဒါစားလိုက်

-မင်းမစားဘူးလား

-စားမှာပေါ့ တန်းတော့စီရတော့မှာပေါ့

-jeon jung kook ssi မင်းဦးကိုမြန်မြန်ရပါစေလို့ဆုတောင်းပေးလိုက်တယ်

-ဆုတောင်းစရာမလိုဘူးရကိုရမှာ

လို့ပြောပြီး ထွက်သွားတာကြောင့် hoseok နင်သွားပေးမဲ့ jk ပေးတဲ့ lunch boxက အရမ်းစား ကောင်းတာမို့ ကျေးဇူးတင်တာတော့အမှန်ပင်

jkကတော့ yunaနဲ့တော်တော်လေးတော့ ခင်နေပြီးဖြစ်သည် သူနဲ့ အသွားအပြန်တူတူလုပ်ဖြစ်တော့ ဦးလဲ စိတ်အနှောင့်အယုက်မဖြစ်တော့ဘူးပေါ့

အဲ့တာကို အပြင်က ကောင်လေးတစ်ယောက်ကတော့ လက်ထဲက sprite ဘူးနဲ့ ဘာဂါကို အမှိုက်ပုံးထဲ သာထည့်ပြီးပြန်ထွက်လာလိုက်ပြီး ကျောင်းတွင်းထဲမှာရှိတဲ့ သစ်ပင်အရိပ်ရှိတဲ့နေရာမှာ ဘာမှမစားပဲ ထိုင်နေလေရဲ့

My dear uncle(completed)Where stories live. Discover now