10

631 32 0
                                    

taehyungနိုးလာတော့ ကုတင်ဘေးကို လက်စမ်းမိတော့ အအေးဓာတ်ကိုခံစားမိလိုက်သည်

-ဒီကလေးဒီညလဲ ပြန်မလာဘူးလား

taehyung သက်ပြင်းတစ်ချက်ချပြီး ရုံးသွားဖို့သာပြင်ဆင်လိုက်တော့သည်

-ကလေးစုတ် သူလုပ်တာ မနက်စာမစားရတော့ဘူး

မနက်စာအမြဲလုပ်ပေးတက်တဲ့ jung kook ကြောင့် taehyung မနက်စာလုပ်ဖို့စောစောထဖို့မေ့တက်နေပြီး

လူကရုံးရောက်သွားပြီးအလုပ်တွေလုပ်နေပေမဲ့ စိတ်က jung kook စီမှာပင်

-ဘယ်တွေများသွားနေတာလဲ ငါဘာလုပ်လိုက်လို့အဲ့လောက်စိတ်ဆိုးပြီး အိမ်ပြန်မလာနိုင်တဲ့အထိဖြစ်သွားတာလဲ

taehyung လက်ထဲက file ကို ဘုန်းကနဲပစ်ချလိုက်သည် ဘေးနားက လုပ်ဖော်ကိုင်ဖက်ရဲ့ coffee ခွက်တောင်ပြုတ်ကျ၏ ဒါတောင်သူသတိမမူနိုင်သေးပင် ဘေးကတစ်ယောက်ကလဲ ဒေါသထွက်နေတဲ့ taehyungပုံစံကြောင့် ပါးစပ်မဟရဲပေ

-ချီးလိုပဲ တကယ်ဆို သူကျောင်းပြေးပြီး ကောင်မလေးနဲ့လျှောက်သွားလို့ ငါကစိတ်ဆိုးရမှာကို သူက ရာရာစစစိတ်ဆိုးသွားရတယ်လို့

ထို့နောက်ထိုင်ချလိုက်တော့လဲ ထိုင်ခုံကအနောက်ဘက်ကဘီးလေးကျွတ်ထွက်သွားသည် အင်း... ဒါလဲသူသတိမမူသေး

-ငါ့စကားနားမထောင်ပဲနဲ့သွားကြသွားတယ် ငါကပဲ သူ့ကို ဂရုမစိုက် ပစ်ထားတဲ့ပုံစံနဲ့ငနာလေး

ကိုယ့်ညီလေးကို ခဏတစ်ဖြုတ် လာကြည့်တဲ့အတွင်းမြင်လိုက်ရတဲ့ ဘီးကျွတ်ပေါ်ထိုင်နေတဲ့kim tae hyung ကြောင့် seokjin တစ်ယောက် ရင်ဘက်ပေါ်လက်တင်ပြီး

-KIM TAEHYUNG!!! မင်းကိုအလုပ်လာလုပ်ခိုင်းတာရုံးက ပစ္စည်းဖျက်စီးဖို့မဟုတ်ဘူး

-hyu- ဟုတ်ကဲ့ပါ

taehyung စိတ်ထဲအဆင်မပြေတော့ သွားစောင့်တော့ ကျောင်းကနေ yunaဆိုတဲ့ကောင်မလေးနဲ့ ပြုံးပြီးထွက်လာတာကိုတွေ့တော့ taehyungဒေါသထောင်းခနဲထွက်သွားပြီး jung kook စီသွားပြီး လက်မောင်းကနေဆွဲခေါ်လာလိုက်သည်

-လွှတ်

-မင်းဘာဖြစ်ချင်နေတာလဲ jung kook

-ကျွန်တော် ဘာမှမလုပ်ထားဘူးလေ

My dear uncle(completed)Where stories live. Discover now