အပိုင်း ၅

107 14 0
                                    

Tulip အဝါလေးပေးပြီးကတည်းက နေ့တိုင်းဆိုင်ကိုလာသည်။ အမြဲပန်းတစ်ပွင့်စီဝယ်ကာ အဓိပ္ပါယ်လေးကို sticky note လေးဖြင့်ရေးပြီးပေးသည်။ စကားတွေအများကြီးပြောပြီး ပေးရင် ပိုရင်ခုန်ရလို့ စာရွက်လေးတွေနဲ့ပေးကြောင်းလဲ ပြောသည်။ နောက်ပြီး စာရွက်လေးတွေက အမှတ်တရလဲ သိမ်းလို့ရတာမို့တဲ့လေ။ ဒီတစ်ခေါက်မတူတာက အရင်လိုမဟုတ်ဘဲ လူကိုယ်တိုင်ပေးလာသည်။

ဒီနေ့တော့ ထူးထူးခြားခြားပန်းနှစ်ပွင့်ပါ။ နှင်းဆီနီနီနဲ့ အဖြူရောင်တစ်ပွင့်စီ။ နှင်းဆီရဲ့ အဓိပ္ပါယ်ဟာ ရိုးရှင်းပြီး လူသိများတယ်မဟုတ်လား။ အနီတစ်ပွင့်တည်းရဲ့အဓိပ္ပါယ်ဟာ ချစ်တယ်ဖြစ်ပြီး အဖြူတစ်ပွင့်တည်းရဲ့ အဓိပ္ပါယ်က ခံစားချက်တွေဟာ အစစ်မှန်ပါဆိုပြီး ဝန်ခံချက်။

ဒီတစ်ခါတော့ ပန်းတွေကို လူကိုယ်တိုင်ပေးလာသည်။

" နှင်းဆီတွေရဲ့ အဓိပ္ပါယ်ကို သိတယ်မလားကျွန်တော် အကို့နောက်လိုက်နေတာ နှစ်နှစ်ကျော်ခဲ့ပြီ Tulip အဝါလေးစပေးတဲ့နေ့က တရားဝင် အကို့ရှေ့ကို ထွက်လာခဲ့တာပဲ
ကျွန်တော်... ကျွန်တော် အကို့ကို သိပ်ချစ်မြတ်နိုးတယ် "

Hoseok ရင်ထဲမှာ ဗလောင်ဆူလျက် မျက်နှာသည်လည်း စတော်ဘယ်ရီနဲ့ နင်လားငါလားဖြစ်နေတော့မည်။ သို့သော် ကောင်လေးမျက်ဝန်းညိုညိုများကို စိုက်ကြည့်နေမိသည်။

" ကျွန်တော့်ကိုရော ဘယ်လိုသဘောရလဲ အခုလက်မခံသေးလဲ ရတယ် လက်ခံတဲ့အထိ အကို့နောက်ကို လိုက်နေမှာ "

" နေ နေပါဦး စဉ်း စဉ်းစားဖို့ အ အချိန်ပေးဦးလေ "

" အင်း....
ကျွန်တော်က စောင့်ရတာတွေဆို မကြိုက်ဘူး ဒါပေမယ့် Seok လေးဖြစ်နေလို့ စောင့်ပေးပါ့မယ် ဒါဆို ဘယ်တော့အဖြေပေးမှာလဲ "

" ဟင် .. အင်း.. သုံးရက် သုံးရက်နေရင် ပေးမယ်လေ "

လက်မ လက်ညိုး လက်ခလယ်ဖြင့် လက်သုံးချောင်းထောင်ပြပြောလာပုံမှာ ချစ်စရာကောင်းလှသည်။ ဘယ်လိုလေးလဲဆိုမေးမေးပြီး ဖက်သာနမ်းလိုက်ချင်တာတွေကို သုံးရက်တော့ မြိုသိပ်ထားလိုက်ဦးမယ်။ သုံးရက်ပြီးရင် တွေ့ကြပြီပေါ့..အဟွန်း..။

" TʜᴀKʜɪɴ ( သခင် ) "Where stories live. Discover now