အပိုင်း ၇

114 10 0
                                    

( Uni )

ဒီလိုဖြစ်မယ်မှန်းသိရင် ဒင်းကို Seok လေးနဲ့လုံးဝ မိတ်ဆက်မပေးခဲ့ဘူး!။ အခုတော့ ရည်းစားဖြစ်တဲ့ကိုယ်က သူတို့နှစ်ယောက်တစ်တီတူးနေတာကို ထိုင်ကြည့်နေရသည်တဲ့။

" Jimin ဟျောင့် .. နည်းနည်းခွါဦး အရမ်းကပ်နေတာပဲ "

မထီသလိုမျက်နှာဖြင့်ကြည့်လာကာ ပိုတိုးကပ်ဖက်ပြနေသေးသည်။ ဒီ..။ Seok လေးကလဲ ကိုယ့်ဘက်မပါ။ တရားတွေလဲရပါတယ်။ သူတို့ကပ်နေတာလဲမကြည့်နိုင်သည်မို့ ဖုန်းထုတ်ကာ ဂိမ်းသာဆော့နေလိုက်သည်။

" Hoseokie ... "

နာမည်ခေါ်ရင်း စားပွဲဝိုင်းတွင် ပိုင်စိုးပိုင်နင်းဝင်ထိုင်လာသည်။ ဒီလူ ဘယ်သူလဲ ဘာလဲ?။

" ဟာ.. Yoongi ဟျောင်း! "

" မတွေ့တာတောင် ကြာပြီ .
အကုန်အဆင်ပြေလား အန်တီရော နေကောင်းလား "

" ပြေတယ် ပြေတယ် .. မာမီလဲ နေကောင်းတယ် ဟျောင်းရော အခုဘာတွေလုပ်နေတာလဲ မတွေ့တာကြာပြီ ဘယ်တွေရောက်နေခဲ့တာလဲ "

Jimin သည်လည်း မျက်စပစ်ပြကာ မေ့ငေါ့လာသည်မို့ ကိုယ်တိုင်လည်း ဘယ်သူမှန်းမသိကြောင်း ခေါင်းအသာရမ်းပြမိသည်။ ဒါကိုပဲ Seok က မြင်သွားသည်ထင်၏။

" Yoongi ဟျောင်းကို မိတ်ဆက်ပေးရဦးမယ်
ဒါက ကျွန်တော့်ချစ်သူကောင်လေး Kim Taehyung ဒီဘက်က သူ့သူငယ်ချင်း Park Jimin တဲ့ "

" ရည်းစားတောင် ရနေပြီပေါ့လေ ..
ကိုယ်က Min Yoongi ပါ Hoseokie ရဲ့အစ်ကိုပေါ့ "

Jimin နဲ့နှစ်ယောက်သား ကြောင်တောင်တောင်ဖြင့် ခေါင်းငြိမ့်ပြမိကြသည်။ မိတ်ဆက်ပြီးသွားတော့လဲ ချစ်ရသူနဲ့ပဲစကားဆက်၏။

" ဟျောင်းပြန်တော့မယ် လုပ်စရာရှိသေးလို့..
နောက်ရက်မှ အိမ်လာခဲ့မယ် "

" ဟုတ်ပြီ ဟျောင်း "

ပြုံးရယ်ကာ နှုတ်ဆက်နေကြတာကြည့်ပြီး Taehyung အဆင်မပြေတော့ပေ။ အိမ်လာမယ်လဲ ပြောသွားသည်။ ကိုယ်ပင်မရောက်ဖူးသေး။ ရည်းစားလေးက ဘာမှသိပ်မတွေးတော့ ကိုယ်စိတ်ကောက်နေတာလဲ မသိ။ မနေနိုင်တဲ့ကိုယ်ကပဲ ပြန်ကပ်ရသည်။

" Seok လေး ရုပ်ရှင်သွားကြည့်မလား ဒီနေ့ ဟျောင်းကြိုက်တဲ့ကား ရုံတင်တယ်လေ "

" TʜᴀKʜɪɴ ( သခင် ) "Where stories live. Discover now