StarDream Part 7

1K 87 4
                                    

Star Dream

Recall

မှောင်ထဲမည်းမည်းထဲမှာ Junmyeon က Kyungsoo ကိုနမ်းမိသွားတယ်ပေါ့နော်

ပြီးတော့ချစ်တယ်တဲ့

Part 7

ခုနက ဖြစ်ပျက်ထားတဲ့အခြေအနေက Kyungsoo ကို ခုချိန်ထိပုံမှန်မဖြစ်စေနိုင်သေး

အဲ့ညကလည်းJunmyeon နဲ့ မျက်ဝန်းချင်းမဆုံရဲစွာ အစောကြီးအိပ်ရာဝင်ခဲ့သည်

"အိပ်တော့မလို့လား Kyungsoo "

Sehun ကလှမ်းမေးလိုက်သဖြင့် Kyungsoo ခေါင်းငြိမ့်ပြလိုက်သည်

ကုတင်ပေါ်တက်လှဲကာ မျက်ဝန်းများကို ပိတ်ထားပေမဲ့ နူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရသည်

"ဟင် Hyung ဘာလုပ်တာလဲ "

Kyungsoo ဘေးနားက အထိအတွေ့ကြောု့်မျက်ဝန်းများကို ဖွင့်ကြည့်လိုက်တော့ သူ့ဘက်ကို စောင်းကာ မျက်ဝန်းများကို ပိတ်ထားသော Junmyeon

သူ့အလန့်တကြားမေးလိုက်သံကြောင့် Junmyeon က မျက်လုံးများမဖွင့်ဘဲပြုံးလိုက်ရင်းမှ

"ကိုယ်လည်း Game ဆော့ရတာ မကြိုက်ဘူးလေ အဲဒါကြောင့်အိပ်မလို့"

Junmyeon စကားက Kyungsoo ကိုလန့်သွားစေတယ် သူ့မျက်ဝန်းချင်းဆုံမှာတောင် လန့်နေတာ ဒီလို တူတူ အိပ်နေရင် သူရင်အခုန်လွန်ပြီး တစ်ခုခု ဖြစ်သွားနိုင်တဲ့အလားအလာကြောင့် ကုတင်ပေါ်မှကုန်းကျုံးထလိုက်သည်

ရုတ်တရက် သူ့အခြေအနေကြောင့် Sehun တို့ကပါ လှည့်ကြည့်ပြီး

"Kyungsoo အိပ်တော့မလို့ဆို ဘယ်သွားမလို့တုန်း "

ရုတ်တရက်မေးလာသောမေးခွန်းအတွက် Kyungsoo မှာအဖြေမရှိ 

" ဟို ဟာ ဟို "

ဘာဖြေရမှန်းမသိဖြစ်နေစဉ် အကုန်လုံးရဲ့အာရုံက သူ့ဆီမှာပဲရှိနေသဖြင့် Kyungsoo.ချွေးတွေပါပြန်လာပြီး ဒီနေရာကနေ အငွေ့ပျံကာ ပျောက်သွားချင်စိတ်တွေပါပေါ်လာသည်

ထိုစဉ်မှာ မျက်လုံးရှေ့မှာ မြင်လိုက်သည် သ ကျောပိုးအိတ်

"ငါ Homework တွေရှိတာမေ့နေလို့ အခုမှလုပ်ဖို့သတိရလို့ "

" aww အဲဒါ များ အလန့်တကြား Kyungsoo ရာ "

Star DreamsWhere stories live. Discover now