Star Dreams Part 5

912 78 3
                                    

Star Dreams

Part 5

#KMForever

Jongin တစ်ယောက် Class ချိန်မပြီးသေးသဖြင့် Sehun အိမ်သို့ Kyungsoo နဲ့ Sehun တို့ကသာ အရင်သွားနှင့်ပြီး သူကတော့ Class ချိန်ပြီးမှသာ လိုက်လာမယ်ဟု msg ပို့လာသည်

After Class

Jongin Kyungsoo ဆီ msg ပို့လိုက်သည်

*ငါလာနေပြီ *

အပြင်မှာတော့မိုးလေးကတဖွဲဖွဲရွာလျှက်

ဒီလောက်မိုးကတော့ Jongin အတွက်မူစရာမလို . . . . မိုးရေထဲမှာပဲ ပြေးလာခဲ့သည် .

ထိုစဉ်မှာပဲ XOXO ဟူသော အသံနဲ့ Msgရောက်လာသံကြောင့် Store ဆိုင်အမိုးစွန်းလေးမှာ မိုးဝင်ခိုရင်း msg စစ်လိုက်တော့ Kyungsoo ဆီက

* မင်းမှာထီးမပါသွားဘူးမလား ဂရုစိုက်ပြီးပြန်လာခဲ့ ငါတို့ Sehun အိမ်ရောက်နေပြီ ညစာပြင်နေပြီ မိုးတိတ်မှပြန်ရင်ပြန်လာ အခုတော့တစ်နေရာမှာမိုးခိုနေလိုက် *

msg ဖတ်ပြီး JongIn ပြုံးလိုက်မိသည် ဟုတ်တယ်လေ Kyungsoo သူ့ကိုစိတ်ဘယ်လောက်ဆိုးဆိုး တစ်ရက်နှစ်ရက်ထက်ပိုပြီးစကားမပြောဘဲမနေနိုင်

KyungSoo က စိတ်တိုတတ်တာလေးရယ် ဆက်ဆက်ထိမခံဖြစ်တတ်တာကလွဲလို့ JongIn အတွက် သူငယ်ချင်းကောင်းပါ

Kyungsoo စိတ်တိုတာကလည်း Jongin အပေါ်သူအလိုမကျတာတွေများလို့ပါ

အခု ဒီနေ့လိုမျိုး အပြင်သွားတာ ထီးမယူသွားတာမျိုး ရောက်ရာနေရာမှာ အိပ်ပျော်တတ်တာမျိုး တွေကို သူလုံးဝမကြိုက်ပါ

တကယ်တော့ KyungSoo ဟာ Jongin အပေါ်မှာ အမေ တစ်ယောက်လို ဂရုစိုက် အဖေ တစ်ယောက်လို အရာရာစိုးရိမ် တတ်ပေမဲ့ တစ်ခါတစ်လေမှာလည်း အစ်ကိုတစ်ယောက်လိုအားကိုးရတယ်လေ

ပြီးတော့ ညီလေး တစ်ယောက်လိုမျိုး စလို့လဲရတယ်

     ××××××××××××××××××××××

"Yah Kim JongIn မိုးရွာထဲမှာ လာရလား မင်းက တကယ် ဦးနှောက်မရှိတဲ့ကောင်ပဲ အဲဒါကြောင့် မင်းကို အရူး လို့ပြောတော့လည်း မခံချင်ဘူး မိုးတိတ်အောင်ခဏစောင့်တော့ဘာဖြစ်မှာမို့လို့လဲ?????"

Star DreamsWhere stories live. Discover now