အခန်း {၁}

8.8K 447 35
                                    

2012 ခုနှစ် အင်ချွန်း။

"တကယ်ကျက်သရေတုံးလေးနော် ကြည့်ရင်းကြည့်ရင်း အမြင်ကပ်လိုက်တာ သေချာတယ်နောက်ကျ သူ့မျက်မှန်က ပုလင်းဖင်ဖြစ်လာတော့မှာ"

သူတမင်သက်သက်ကြားအောင်ပြောလိုက်ပေမယ့် ဟိုကတော့ သူ့မျက်မှန်လေးကိုတစ်ချက်ပင့်ရင်း သူ့စာသူကြည့်နေသည်။

"ဟုတ်တယ် Soo ငါလည်း သိပ်ကြည့်မရတော့ဘူး စာတော်ပြီး အတန်းခေါင်းဆောင်ဆိုတိုင်း သူလုပ်ချင်ရာလုပ်နေတာ ငါစိတ်တိုလာရင် လူဆိုးမလုပ်ပြီး Bully ပစ်တော့မှာ"

​အနားကနေ စိတ်တိုသည့်အခါနဲ့ရှက်သည့်အခါ မျက်နှာ နီရဲလာတက်တဲ့ Chae က အခုလည်း ပန်းသီးလိုနီရဲနေပြီးသူ့ကိုထောက်ခံရင်းပြောလာသည်မို့ Jisoo ခပ်ဟဟရယ်မိသည်။ သူလား Bully မှာ သူများကိုနာကျင်လုပ်ဖို့နေနေသာသာ ခြင်တောင်ရိုက်သတ်တဲ့သူမဟုတ်ဘူး။

"Soo နော် ဘာရယ်တာလဲ!"

"နင့်ကိုပေါ့ Chae ရယ် ငါ Kim Jennie ကိုဒေါသထွက်နေပါတယ်ဆိုနေ ငါ့ကိုဟာသလာလုပ်မနေစမ်းပါနဲ့။ တကယ်သူ့ကို စိတ်ရှိလက်ရှိ နုတ်နုတ်စင်းပစ်ချင်တာ"

"ငါလည်းတူတူပဲလေ"

"ငါကပိုဆိုးတယ်လေ ငါ့အကြောင်းအကုန်တိုင်ပစ်တာမတွေ့ဘူးလား ဆရာက မိဘတောင်ခေါ်လာခိုင်းပြီကို!"

"ငါလည်း အပြစ်ပေးခံရတာပဲ"

"ငါကကျ အပြစ်ပေးရော မိဘရောခေါ်ခံရတယ်လေ Park Chae ရဲ့"

သူတို့ နှစ်ယောက် Target က Jennie ဆီမှာမရှိတော့ပါပဲ။ နှစ်ယောက်သား ငြင်းခုန်တဲ့ဆီကရောက်ရှိသွားကြသည်​။
ဒါကို သူတို့နှစ်ယောက် စားပွဲဘေးဘက်ခြမ်းမှာရှိတဲ့ Jennie ကနားညည်းမှုမခံနိုင်တော့စွာဖြင့် စာအုပ်ကိုဆောင့်ပိတ်ပလိုက်ကာ ထသွားသည်လေ။

"သွားပေါ့ သူ့ကိုကြောက်ရမယ်တဲ့လား လေးလုံးမ blah!"

ထွက်သွားတဲ့ Jennie ကို Jisoo အသံကျယ်ကြီးနဲ့အော်ကာ လျာထုတ်ပြလိုက်သည်။ ထို့ကြောင့် Jennie ရဲ့ ထပ်တိုင်ပြောချင်းကို ခံရလို့ အခန်းရှေ့ဒူးထောက်လက်မြှောက်ရသည့် အပြစ်ဒဏ်ကိုခံရလေပြန်သည်။

Falling In Love With Crazy Bit*hWhere stories live. Discover now