လွမ်းပုံပြင် အပိုင်း(၅)

283 42 37
                                    

#Unicode

လွမ်းပုံပြင်....အပိုင်း(၅)

2လကြာသောအခါ

"မောင်ရေ...အား...မောင်!!!!"

ည2နာရီကြီး Hoseokဗိုက်တွေအရမ်းနာလာသဖြင့် Taehyungကိုအော်နှိုးနေရသည်။ အအိပ်ဆက်သည့်Taehyungကလဲ ချက်ချင်းဆိုသလိုနိုးလာခဲ့သည်။

"အကို..အကို..ဘာဖြစ်တာလဲ"

"ဗိုက် ဗိုက်ကအရမ်းနာတယ် အား..!!"

"ဟာ ဒါ ဒါဆိုဆေးရုံသွားရမှာပေါ့"

အကိုကဗိုက်ကိုကိုင်ကာ အရမ်းအော်နေသဖြင့် Taehyungလဲအကို့ကိုသာချီပိုးပြီးဆင်းလာခဲ့သည်။ထို့နောက် အကို့ကိုကားထဲ၌နေရာချပေးပြီး သူကလိုအပ်တာများယူရန်အိမ်ပေါ်သို့နောက်တစ်ခေါက်တက်ရသည်။

"မောင်ရေ....!!!!! အား ဗိုက်အရမ်းနာနေပြီ မောင်ရေ...!!!"

Taehyungလဲ လိုအပ်သည်များအမြန်ယူပြီး ကတိုက်ကရိုက်ဖြင့်ကားထဲပြန်လာရသည်။

"မောင်ရေ!!!!!"

" မောင်ရောက်ပြီနော် ခဏလေးနော်အကို မောင်ဆေးရုံကိုမြန်မြန်မောင်းပေးပါ့မယ် အားတင်းထားနော်အကို"

ဗိုက်အရမ်းနာသဖြင့် အော်ဟစ်ကာ ချွေးတွေရော မျက်ရည်တွေပါရောနေသည့်အကို့ကိုကြည့်ပြီး Taehyungစိတ်မကောင်းဖြစ်ရသည်။

မသက်သာမှန်းသိပေမယ့်လဲ Taehyungအကို့၏လက်ကိုဆုပ်ကိုင်ထားလိုက်သည်။

အကိုဘာမှမဖြစ်စေရဘူးနော် ...
ခဏလေးပါပဲအကိုတောင့်ခံထားပါ မောင်ကဆေးရုံကိုမြန်မြန်မောင်းပေးပါ့မယ်...

ဆေးရုံသို့ရောက်သောအခါ ချက်ချင်းဆိုသလိုခွဲခန်းဝင်ရသည်။ နယ်မြို့လေး၏ဆေးရုံမို့ အကိုတစ်ခုခုလွဲချော်သွားမှာကိုလဲTaehyungစိုးရိမ်သည်။

မောင့်မှာ အကိုတစ်ယောက်ပဲရှိတာ
အကိုသာမရှိတော့ရင် မောင်ရူးမှာ.....

Taehyungအကို့လက်ကိုင်ထားပြီး ခွဲစိတ်ခန်းအဝအထိလိုက်အထိလိုက်ပို့သည်။

"အကို အားတင်းထားနော် မောင်ရှိတာမို့ အကိုအားတင်းထားနော်"

Hoseokဗိုက်နာနေသည့်ကြားမှမောင့်ကိုကြည့်ပြီးခေါင်းငြိမ့်ပြသည်။ ခွဲခန်းမဝင်ခင် မောင့်မျက်နှာကိုအလွတ်ရသည်အထိမှတ်သည်။

လွမ်းပုံပြင် [VOPE] || Short StoryWhere stories live. Discover now