Parts 1

4.7K 86 3
                                    

ချစ်ကြိုးမျှင်

#အပိုင်း - ၁

ချစ်ကြိုးမျှင်

"Best BG " - ကိုယ်ပိုင်ကျောင်း🏯

သူဌေးတွေသာ တတ်နိုင်သော ကျောင်းဖြစ်သည်။

ကျောင်းသူကျောင်းသားများနှင့် ကျောင်းတော်ကြီးက စည်ကားလျက် အသက်ဝင်နေသည်။

( အခန်း - 7 )

အခန်းပြင်မှာ သစ်သားပြာ အစိမ်းရောင်နှင့် ချိတ်ထားသည်။

"ကဲ ကဲ ဒီမှာကြည့်"

ကျောက်သင်ပုန်းကို ထုပြီး အခန်းသားတွေကို စုရုံခေါ်သည့် ကောင်းမလေး။

ကျောလယ်လောက် ဆံပင်က လှိုင်တွန့်နေ၍ ဖျန့်ချထားပြီး ဆံမိတ်လေးလည် ချထားသည်။ 

ပါးဖောင်းဖောင်းလေးနှင့် နှုတ်ခမ်းဖူးဖူးလေးကို ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ် အချိုအစားလှပသည်။

သတ်မှတ်ထားသည့် ကျောင်းဝတ်စုံ အဖြူရောင်ရှပ် နှင့် ဒူးလောက် ငှက်ခါးရောင် ဂါဝန်လေးကို သပ်ရပ်စွာဝတ်ထားသည်။

သူမရဲ့ နာမည်က လမင်းလေး။

သူမသည် အတန်းထဲက လူအားလုံးကို စည်းစုံနိုင်လောက်အောင် အာဏာရှိသည်။

သူမခေါ်သည်နှင့် တစ်ပြိုင်နက် အားလုံးက လုပ်လက်စတွေကို ရပ်ပြီး နားထောင်ပေးရသည်။

သူမကို ဂရုမစိုက်သလို အရေးမလုပ်သူတစ်ဉီးတော့ ရှိသည်။

သူ့ နာမည်က ဇွဲမာန်ထက်။

တစ်တန်းလုံးရဲ့ အမုန်ခံရသူဖြစ်သည်။

ကိုးရီယားပုံစံညှပ်ထားပြီး ရွှေရောင်သန်းနေသည့် ဆံပင်ကို အရှေ့မှာ ချထားသည်။

မထူမပါး ရွှေရောင်မျက်ခုံတန်း။

အရပ်အမောင်းနှင့် ကိုယ်ခန္ဓာတို့ အချိုးကျကျ ညီမျှပြီး အသားဖြူသည်။

ကျစ်ကန်ကန်ပုံစံနှင့် ဘယ်သူကိုမှ မလေးစားသူ။

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဆိုပေမဲ့ အများဆုံး သူ့ကိုမုန်းကြသည်။

💞ချစ်ကြိုးမျှင်💞Where stories live. Discover now