Parts 6

1.2K 47 0
                                    

ချစ်ကြိုးမျှင်

#အပိုင်း - ၆

ချစ်ကြိုးမျှင်

"ဟေ နောက်ဆုံးချိန်က ဘာလဲ"

"အေးငြိမ်း နင့်ကြည့်လိုက်"

"မလိုဘူး ငါသိတယ် အကုန်ထကြ"

"ဘာလဲဟ....ဘာအချိန်မို့ ထရမှာလဲ"

"ငါ့အချိန်လေ ဟောခန်းမှာ သွားကရအောင်"

"ဝတ်ရည် နင်နေခဲ့လိုက်တော့ ခါးနာတယ်မလား"

"သွားမယ်"

"မသွားနဲ့ ."

"သွားမယ်ဆို"

"တော်တော် ကချင်နေတာလား"

"မဟုတ်ပါဘူး နင်တို့ကတာ ကြည့်ချင်တာပေါ့"

"ပြီးရော"

အားလုံး လွယ်အိပ့်ကိုယ်စီလွယ်ပြီး ထွက်သွားကြသည်။

__________________________

"ဟဲ့ .. ဟဲ့...ကျိုးပြီး"

"မကျိုးဘူး ဒီတိုင်းနေနေ"

"ဘာအကလဲဟာ ညောင်းလို့သေတော့မယ်"

‌ကနေတာလား ယောဂ ကျင့်နေတာလား မသဲကွဲဘူး။

သူများ" က "တာက K Pop တွေလို ကခုန်းကြတာပါ။

အေးငြိမ်းလုပ်နေတာမှ အရိုးတွေကျိုးကုန်ပါပြီး။

သူတို့ ကရင်း ညည်းခုန်နေတာကို ဝတ်ရည်တိတ်တဆိတ်ထိုင်ကြည့်နေသည်။

ဟောရှေ့ပျက်လာတဲ့ ဇွဲကိုတွေ့တော့။

"ဇွဲ လာဉီး"

ဝတ်ရည်ခေါ်တာ ကြားပေမဲ့ ပုံမှန်သာ သွားနေသည်။

"ခုရပ်"

ဘယ်လိုနှုန်းနဲ့ ပြေးလာလဲ မသိ လစ်ခနဲ့ ဇွဲနောက်ကို ရောက်လာသည်။

ခါးက ကောင်းသွားတာလား။

"နောက်တစ်လှမ်း နင်လှမ်းတာနဲ့ ငါ့တို့အဖွဲ့သားမဟုတ်တော့ဘူး"

ဇွဲက ဂရုမစိုက်ပဲ လမ်းထပ်လျှောက်လိုက်သည်။

သူမလည် ဇွဲရှေ့ကို သွားပြီး ပိတ်ရပ်လိုက်ကာ

"ငါတို့က အဖွဲ့ထဲ ထုတ်လိုက်လည် ဂရုမစိုက်တဲ့ သဘောလား"

"မင်းသတ်မှတ်ချင်သလို သတ်မှတ်နိုင်တယ်"

💞ချစ်ကြိုးမျှင်💞Where stories live. Discover now