ချစ်ရပါသောမောင်

135 1 0
                                    

ချစ်ရပါသောမောင်ရေ....

       ‌လောကမှာ ချစ်ခြင်း၊ မုန်းခြင်း တွေဆိုတာ လူတိုင်း ခံစားဖူး ကြုံဖူး ခဲ့ကြမှာပါ။ ဒီအကြောင်းလေးကတော့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်ရဲ့ ငယ်ရွယ်တဲ့ အသိစိတ်၊ လွဲမှားထင်မြင်မှု‌ေတွကြောင့် ဘယ်လို ကြေကွဲခံစားခဲ့ရတယ် ဆိုတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

Chpt 1

      Online classတစ်ခုမှာ  “သားတို့ သမီးတို့ ကြောက်စရာဇာတ်လမ်း တစ်ခု ရေးလာခဲ့ရမယ်၊ တီချယ်အဖွဲ့ခွဲပေးမယ်ေနာ်။” ဆရာမက ကျောင်းသားများကိုအုပ်စုဖွဲ့၍ ဆွေးနွေးရေးသားရန် အိမ်စာခေါင်းစဉ်တစ်ပုဒ်ပေးလိုက်သည်။ “ဟုတ်ကဲ့ပါ တီချယ်။” ။
        “ကဲ ခွဲပေးပြီးပြီနော်။ သားတို့၊ သမီးတို့ တူတူ‌ေ‌ဆွးနွေးပြီးတီချယ့်ကို ပို့ပေးကြပါ.. ” ။    ဆွေးနွေးမည့်အကြောင်းကိုမေးရန်  မက်ဆင်ဂျာတွင်  အဖွဲ့တွင်တူတူကျသော ဒေးဗစ်ဆီ‌သို့   “hi”   ဆိုသည့်စာတစ်စောင်ဖြင့် အစပြုလိုက်သည်။ တောင်! “Yes” ဆိုသည့် စာတစ်‌ေစာင်ပြန်ရသည်နှင့် တီချယ်ပေးခဲ့သည် အိမ်စာအကြောင်းကို မေးလိုက်ပါသည်။ ဒေးဗစ်သည် ကိုယ်တိုင်ရေးမည်ဟု ပြောကာ သူရေးထားသည့် စာများကိုပြပါသည်။  ကျွန်မသည် စာကိုသေချာဖတ်ပေးကာ အမှားများကိုပြင်ပေးပါသည်။
“You correct my mistakes.Thanks you.” တဲ့လေ။

     ဒီလိုနဲ့ အိမ်စာတွေလည်းပြီးရော ကျွန်မသူ့ကို စပြီး စိတ်ဝင်စားမိလာတယ်။ အင်း...ဒါပေမယ့် ကျွန်မမှာ တွဲလာတာလချီပြီဖြစ်တဲ့ ကောင်လေးလည်းရှိသေးတယ်။ ဒါပေမယ့် သူက ကျွန်မကို မချစ်ဘူး ဂရုမစိုက်ဘူး လို့ ခံစားရတယ်။ တောင်းပန်ပါတယ် သူ့အပေါ် စိတ်ဝင်စားမှုတွေ လျော့လာပြီ။  ဒါမယ့် အဲ့အချိန် မဖြတ်ရဲခဲ့ဘူး။ အကြောင်းအရာတွေအမျိုးအမျိုးကြာင့်‌ေပါ့ရှင်...
ဒေးဗစ်ဆိုတဲ့‌ေကာင်‌ေလးနဲ့ ရင်းနှီးခြင်လို့  “Can we be friends?”  လို့မေးတော့ “Ofc we're friends.” တဲ့။ သူနဲ့ သူငယ်ချင်းဖြစ်သွားပြီ ။ ပျော်ရတဲ့နေ့လေးပါ။ သူစကားတွေလာလာပြောတယ်။ ကျွန်မကလည်း စကားတွေ ပြောတယ် ပျော်ပျော်ကြီးရီမောပြောကြတယ်။  ဒီလိုနဲ့တဖြည်းဖြည်း ရင်းနှီးလာရောပေါ့တဲ့ကွယ်...။

‌မောင့်ဆီသို @ ဆယ်ကျော်သက်အချစ် (The teenage Love)Όπου ζουν οι ιστορίες. Ανακάλυψε τώρα