Description

20.2K 1K 76
                                    

Unicode

[ကိုယ့်ကိုယ်ကိုယ် သဝန်တိုနေသော သံသယလွန်ကဲသူ အထက်ပုဂ္ဂိုလ် VS နူးညံ့သော အိန်ဂျယ်လ်ဇနီးသည်လေး အောက်ပုဂ္ဂိုလ် ]

စူးယိရန်နှင့် ခင်ပွန်းဖြစ်သူ ကုယွမ်းထင်တို့ဟာ အတူတူကြီးပြင်းလာကြပြီး အလယ်တန်းကျောင်းမှသည် အထက်တန်းထိ တူတူတက်ခဲ့ပြီး တစ်ဦးကိုတစ်ဦးချစ်မြတ်နိုးကာ လက်ထပ်သွားကြသည်အထိ တစ်ဆင့်ပြီးတစ်ဆင့် တက်ခဲ့ကြသည်။ လက်ထပ်ပြီးနောက်မှတော့ သာယာပျော်ရွှင်သော သာမန်မိသားစုဘဝလေးကို နေ့စဥ်နေ့တိုင်း ဖြတ်သန်းခဲ့ကြလေသည်။

စူးယိရန်မှာ သူဟာ စာအုပ်ထဲရှိဗီလန်ဘော့စ်ကြီးကို မတရားအမှုဆင်ကာ သစ္စာဖောက်ခဲ့သော အမြောက်စာနေရာကို ကူးပြောင်းလာမိကြောင်း မသိခဲ့သလို ထိုပြန်လည်မွေးဖွားလာသော ဗီလိန်ကြီးမှာ သူ့ခင်ပွန်းဆိုတာကိုလည်း မသိခဲ့ပါချေ။

တစ်နေ့မှာတော့ ကုယွမ်းထင်ဟာ ရုတ်တရက် အတိတ်မေ့သွားကာ သူ့မှတ်ဥာဏ်တွေက ပြန်လည်မမွေးဖွားခင် ယခင်ဘဝကဖြစ်ရပ်တွေမှာပင် ရပ်တန့်သွားသည်။

အတိတ်ဘဝတုန်းက ကုယွမ်းထင်မှာ သစ္စာဖောက်ခံခဲ့ရသလို ကွာရှင်းတာလည်း ခံခဲ့ရသည်။အဆုံးမှာ သနားစရာကောင်းစွာ အဆုံးသတ်ခဲ့ရ၏။

သူနိုးလာချိန်မှာတော့ သူဟာ ၂၆နှစ်အရွယ်ကို ပြန်ရောက်နေတာကို တွေ့လိုက်ရကာ သူ၏ အတိတ်ဘဝက ရန်သူတော်ကြီးနှင့် လက်ထပ်ပြီးရုံမက အရာအားလုံးကလည်း အတိတ်ဘဝနှင့် အများကြီးကွာခြားနေတာကို တွေ့လိုက်ရလေသည်။

နောက်ဆုံးတော့ သူဟာ သူ့ကိုယ်သူအပြိုင်ကမ္ဘာက လာတာဖြစ်လိမ့်မည်ဟုတွေးကာ ဤအပြိုင်ကမ္ဘာက တခြား"သူ" ဖြစ်လာသည်ဟု တွေးလိုက်လေသည်။

ဤအပြိုင်ကမ္ဘာ၏ မူလပိုင်ရှင်သည် ဘယ်ဘက်ခြေထောက် မသန်မစွမ်း မဖြစ်ထားသလို အေးစက်သောကုအိမ်တော်ကိုလည်း မပြန်ခဲ့ပေ။ မူလပိုင်ရှင်ဟာ အိမ်ထောင်သည်ဖြစ်ကာ ရိုးရှင်း၍ ပျော်ရွင်နွေးထွေးဖွယ် မိသားစုဘဝကို ပိုင်ဆိုင်ထားသည်။

မူလပိုင်ရှင်၏ ဇနီးဖြစ်သူ စူးယိရန်မှာ သူ့အပေါ်အလွန်ကြင်နာကာ နာခံကျိုးနွံ၍ နူးညံ့ကာ ချစ်ဖို့ကောင်း၏။ ကုယွမ်းထင်မှာ မူလကိုယ်၏ ဇနီးဖြစ်သူကို ချစ်မိသွားတော့သည်။

စူးယိရန်မှာ ခုတလော ကုယွမ်းထင်က မူမမှန်တာကို တွေ့လာရသည်။ သူဟာ ရုတ်တရက်ဆိုသလို လူချမ်းသာမိသားစုက အကောင်ကြီးကြီးဖြစ်လာကာ ပိုပြီးတော့လည်း လူကပ်လာသည်။ မကြာခဏဆိုသလိုလည်း သူ့အပေါ် ကျိုးကြောင်းမဆီလျော်စွာ "အနိုင်ကျင့်" တတ်သေးသည်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now