Chapter 19

2.4K 410 11
                                    

Unicode


စူးယိရန်မှာ ခြုံထည်တွင်း၌ ခွေနေရင်းမျက်ရည်တွေဝဲနေသည်။ ပါးကိုကိုင်ချင်သော်လည်းမကိုင်ရဲပေ။ ခေါင်းသည်လည်းမကြည်လင်လှ။ 

သူသည်မူးတူးတူးနှင့် နာလည်းနာသည်။ အရှက်လည်းကွဲသည်ဟုခံစားရသည်။ တကယ့်ကိုရှက်စရာကောင်းသည်။ ကြီးကောင်ကြီးမားအရွယ်ရောက်မှ သကြားလုံးစားတာများပြီး ညသန်းခေါင်ကြီး ဆေးရုံပြေးရသည်တဲ့လေ။

ဝူး~ဝူး~ဝူး......

ကုယွမ်းထင်က Aမြို့မှ ထိပ်တန်းသွားဆေးရုံသို့ အမြန်မောင်းလာခဲ့သည်။ ကားထဲကထွက်သည်နှင့် စူးယိရန်ကို ဂရုတစိုက်ချီချ၍ ဆေးရုံတွင်းသို့အမြန်ဝင်ကာ အရေးပေါ် booking တင်လိုက်သည်။ 

ဆရာဝန်က စူးယိရန်ကို ဓါတ်မှန်ရိုက်စေ၍ သွားစစ်ဆေးဖို့ရာ ပြင်ပလူနာစမ်းသပ်ကုတင်ပေါ်မှာ လှဲခိုင်းလိုက်သည်။

 "acute pulpitis ဖြစ်တာပါ။ ခွဲစိတ်မှုအသေးလေးလုပ်ရင်ရပြီ" 

ကုယွမ်းထင်က ဘေးနားကနေ စူးယိရန်၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားရင်း  စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

 "အရမ်းစိုးရိမ်ရလား"

ဆရာဝန်က ခွဲစိတ်မှုလုပ်ရန်ပြင်ဆင်ရင်းဖြင့်

 "အရမ်းစိုးရိမ်စရာ​တော့မဟုတ်ဘူး။ ဆေးရုံရောက်လာတာစောလို့ သူ့ဟာကပြန်ကောင်းအောင်လုပ်လို့ရသေးတယ်။ကံကောင်းလို့ အလယ်အလတ်ဆင့်နဲ့ နောက်ဆုံးအဆင့်ထိမရောက်သေးဘူး။ဒါပေမဲ့ပိုသေချာအောင်တော့ဆက်စောင့်ကြည့်ရဦးမှာပေါ့။ တကယ်လို့လုံးဝမရရင်တော့ သွားအမြစ်ပါနုတ်ရမယ်။ ခုတော့အရင်ဆုံးသုံးရက်စောင့်ကြည့်။ သုံးရက်ပြီးရင်ပြန်လာခဲ့" 

ခွဲစိတ်မှုအသေးလေးဖြစ်သောကြောင့် ခွဲစိတ်ခန်းတွင်းသို့ဝင်ရန်မလိုပေ။ ဆရာဝန်က စူးယိရန်ကိုထုံးဆေးထိုးပေးမည်ဖြစ်၏။ ဆေးထိုးအပ်အရှည်ကိုကြောက်သောကြောင့် စူးယိရန်မျက်စိပိတ်လိုက်သည်။ မကြည့်ရဲချေ။ အပ်ထိုးလိုက်သည့်နေရာအလွန်နာလေသည်။ ထို့နောက်မှာတော့ ဘာမျှမခံစားရတော့။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now