Unicode
စူးယိရန်က ထင်ကော၏ အသိမှတ်ပြုပေးမှုနှင့် ထောက်ခံအားပေးမှုကြောင့် အလွန်ပျော်ရွှင်သွားလေသည်။
သူက စာချုပ်ချုပ်ဖို့အကြံနှင့်ပတ်သက်ပြီး ကုယွမ်းထင်နှင့်အတူ ဆွေးနွေးကာ စီနီယာအစ်မက မနက်ဖြန် သူမ အားသည်ပြောတာကြောင့် စီနီယာအစ်မအား နေ့လည်ခင်းလက်ဖက်ရည်တိုက်ကာ စာချုပ်အသေးစိတ်ကိစ္စကိုအချောသတ်ဖို့ စီစဥ်ထားကြောင်း ပြောပြလိုက်သည်။
ကုယွမ်းထင်က စူးယိရန်ဆီကနေ စီနီယာအစ်မ ဟူသည်ကိုထပ်မံကြားလိုက်ရပြန်တော့ မသိလိုက်စွာပင် မျက်မှောင်ကြုတ်သွားလေသည်။
စူးယိရန် ဆိုင်စဖွင့်သည့် ပထမဆုံးနေ့မှာ ထိုအမျိုးသမီးက ဝင်ဝင်လာချင်း အဖြူအမည်း မခွဲခြားဘဲ "ရန်ရန်"ဟု အော်ခေါ်လာခဲ့ခြင်းကို သူမှတ်မိနေတုန်းပင်။
ကုယွမ်းထင်က ပြောလိုက်၏။
"ကိုယ် မင်းနဲ့မနက်ဖြန် အတူတူလိုက်မယ်"
စူးယိရန်က အံ့အားတသင့်ဟန်ဖြင့်
"ခင်ဗျားက အလုပ်သွားရဦးမှာလေ။ ကျွန်တော်က တစ်ယောက်တည်း အဆင်ပြေတယ်။အလုပ်ကိုမနှောင့်နှေးစေနဲ့လေ။ အလုပ်ဝင်တာ ရက်နည်းနည်းပဲရှိသေးတယ်။ ဒီလိုလုပ်ရင် ဘယ်ကောင်းမလဲ"
ကုယွမ်းထင် : "......"
သူ့အမူအရာကိုမြင်တော့ စူးယိရန်က ထိုသူတော့ ရှာလကာရည်အိုးလေးအသွင်ထပ်ပြောင်းသွားပြန်ပြီဆိုတာ သိလိုက်သည်။ သူမနေနိုင်စွာ ရယ်မောမိသွားရင်း
"ကျွန်တော်က သူနဲ့ အလုပ်ကိစ္စပြောမှာလေ။ ခင်ဗျား ပေါက်ကရတွေ အမြဲလျှောက်တွေးမနေစမ်းနဲ့"
ထင်ကောက အတော်ချစ်စရာကောင်းသည်ဟု သူ တွေးကာ လက်ဆန့်ထုတ်ရင်း ထင်ကောပါးပြင်ကို ဖျစ်ညှစ်လိုက်မိတော့သည်။
YOU ARE READING
ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)
Romanceစာရေးသူ : အားချင်အားချင် အမျိုးအစား : romance,yaoi,Amnesia,possessive,M preg I own nothing. This is belongs to author. both unicode and zawgyi are available.