Part.1

4.7K 323 25
                                    

Unicode

"မိလုံးရေ..မိလုံးရေ..မုန့်ချော!!!"

"ဟေ့‌...မုန့်ချောရေ..မုန့်ချောရေ..မိလုံး"

အောင်ချမ်းသာရွာလေးရဲ့မြစ်ချောင်းကျဉ်းကျဉ်း
လေးဘေးက(သီးသီး)ပင်ကြီးအောက်မှာငှက်ဆိုး
ထိုးသံနှင့်အော်နေတဲ့နှစ်ယောက်အားထွေးဖြူ
‌စိတ်ညစ်သလိုတစ်ချက်ကြည့်ကာလှမ်းရိုက်လိုက်တော့သည်။

"ဖြန်း!!"

"‌တိတ်တိတ်နေစမ်းပါဟယ်..ညည်းတို့အသံကြီးပဲ
မဆိုတက်ကြ‌ပဲနဲ့အော်မနေနဲ့"

ထွေးဖြူရဲ့အပြောကိုဝိုင်းစုကမဲ့ရွဲ့ပြီးလက်က
ကိုင်ထားတဲ့လေးဂွအားအောက်ချကာ

"ကျုပ်တို့ကညည်းလိုဗဟုသုတမကြွယ်တော့
မသိဘူးလေတော်...ရသလို‌ဆိုတာပေါ့"

ထိုအခါမိဖြူခေါ်စံပယ်ဖြူကထွေးဖြူဘက်
လှည့်ကာအားနဲ့မာန်နဲ့ပြောချလိုက်တာက

"ဦးဖင်ပေါက်ကြီးရဲ့ဟာတွေကအကြီးကြီးပဲတဲ့"

"ဟမ်!!"

"ဘာကြီးး!!"

မျက်လုံးတွေပြူးထွက်ကုန်ကာမိဖြူဘက်ကို
လှည့်လာကြတဲ့ထိုနှစ်ယောက်ကိုကြည့်ပြီး
မိဖြူမှာရှင်းပြဖို့‌ပြင်ရတော့သည်။

"ကျုပ်..ကျုပ်ပြောတာကဦးဖင်ပေါက်ကြီးခြံက
သ‌င်္ဘောသီးတွေကအကြီးကြီးပဲလို့ပြောတာပါ
တော်!!"

"ရှင်းရှင်းပြောလေဟယ်..ကျုပ်ကအရင်ထဲက
ညဏ်မမှီရတဲ့ထဲညည်းကမရှင်းမရှင်းတွေမလုပ်
စမ်းပါနဲ့အေ"

ဝိုင်းစုကငိုသံပါကြီးနဲ့အော်ပြောလေတော့
ထွေးဖြူကချောင်းတစ်ချက်ဟန့်ကာ

"ညည်းနဲ့ကျုပ်ဖြူချင်းတူနေတာကျုပ်နာမည်
ပျက်ပါတယ်တော်..အခုလဲလူပျိုကြီးကကပ်စေး
နည်းပါတယ်ဆိုသူ့ခြံကသွားခိုးမဲ့အပြင်သူ့ကိုပါ
ဖင်ပေါက်ကြီးခေါ်တော့လူပျိုကြီးကြားရင်
တီကောင်ဆားနဲ့ပက်သလိုဖြစ်နေတော့မှာပဲ"

"အေးလေအဲ့မိဖြူကတစ်ကယ်ပါပဲ..ညည်း
သူကြီးထိပ်တုံးမိနေအုံးမယ်နော်..ကျုပ်ရင်လေး
ပါတယ်တော်"

"ထွေးဖြူနဲ့ဝိုင်းစုရယ်ကျုပ်က..စားစေချင်လို့ပါ
ဖင်ပေါက်ကြီးကသူကြီးသွားတိုင်လဲကျုပ်ပဲ
ထိပ်တုံးအခတ်ခံလိုက်မယ်..ယုံလိုက်"

သူကြီးသမီးရဲ့ဇနီးWhere stories live. Discover now