Part.19

2.5K 215 8
                                    

Unicode

ဝတ်ရည်အိမ်ပေါ်ပြန်ရောက်တော့ကုတင်ပေါ်
ထိုင်ချကာသူ့လုပ်ရက်တွေမှန်ရဲ့လားဆိုတာပြန်
တွေးနေမိသည်.ဘာပဲဖြစ်ဖြစ်အစထဲကအလင်္ကာ
ဆိုတာသူမအပိုင်ဖြစ်နေပြီးသားပဲကို..တောသူမ
ဝင်ရှုပ်လို့အခုလိုတွေဖြစ်ကုန်ရတာ..အခုဆိုရင်
အလင်္ကာနဲ့ထွေးဖြူကချစ်သူတွေဖြစ်နေကြပြီ
ဒီတိုင်းဆိုဝတ်ရည်မှုံဆိုတာရေခဲတုံးလိုအရေပျော်
ပြီးပျောက်ကွယ်သွားတော့မှာ..သေချာပေါက်
အဲ့နှစ်ယောက်ကိုပြတ်အောင်လုပ်ရမယ်။

ခဏကြာတော့ထွေးဖြူတစ်ယောက်ထဲပြုံးစိစိနဲ့
အိမ်ပေါ်တက်လာလေသည်...ဝတ်ရည်ထိုင်နေတာကိုမြင်မှမျက်နှာပြန်တည်သွားတာပင်

"အလင်္ကာရော"

"အောက်မှာအမေတို့နဲ့စကားပြောနေတယ်
ကျုပ်ကိုသူ့ဖုန်းထဲကကိုရီးယားကကြည့်ချင်ရင်
ရတယ်ဆိုလို့လာကြည့်တာ..ဘာမေးအုံးမလဲ"

"ဟက်..ဖုန်းရောကိုင်တက်ရလား"

"ကိုင်တက်တာပေါ့လက်ကြီးနဲ့ပဲကို..လက်ပြတ်
နေတာမှမဟုတ်ပဲ"

"ဖုန်းအကြောင်းနားလည်လားမေးတာ‌ဟဲ့!!"

"သိသိမသိသိညည်းမပူမပါဘူး"ဆိုကာကုတင်
ဘေးမှာတင်ထားတဲ့အလင်္ကာဖုန်းကိုယူပြီးအရင်
ကသင်ထားတဲ့အတိုင်းလိုက်နှိပ်ကြည့်တော့ကြည့်
လို့ရသွားတာကြောင့်ထွေးဖြူမှာသူ့ကိုယ်သူဂုဏ်
ယူလျက်.....

"ရပြီကွ"

ဝတ်ရည်ကပါဖုန်းကြည့်နေတဲ့ထွေးဖြူနားကပ်
ထိုင်ပြီးဘာလုပ်ရမလဲအကြံထုတ်နေလေသည်။
ဖုန်းထဲကမင်းသားနဲ့မင်းသမီးနမ်းတဲ့အခန်း
ရောက်တော့ထွေးဖြူကတဟားဟားနဲ့ထရီတာ
ကြောင့်ဝတ်ရည်မှုံတောင်လန့်သွားရသည်။

"ဟားဟားဟားဟား!'

"ရီစရာလဲမပါပဲဘာလို့ရီနေတာလဲရူးနေတာလား"

"ရူးနေတာကညည်းလေ..ဒီမှာမမြင်ဘူးလား
မင်းသားနဲ့မင်းသမီးကနှုတ်ခမ်းချင်းလက်ဝှေ့ထိုး
နေတာ"

ထွေးဖြူပြန်ဖြေတဲ့အဖြေကြောင့်ဝတ်ရည်မှာ
ပြောစရာစကားများဆွံအ..သွားရသည်။ကိုယ့်မှာ
ရီရခက်ငိုရခက်အခြေအနေပင်..နမ်းနေကြတာကို
နှုတ်ခမ်းချင်းလက်ဝှေ့ထိုးတာလို့ဘယ်သူကများ
ဒီတောသူမကိုပြောလိုက်ပါသနည်း။

သူကြီးသမီးရဲ့ဇနီးTempat cerita menjadi hidup. Temukan sekarang