Part-1(Unicode)

1.3K 148 16
                                    

လီအာ - ပင်လယ်
အဲလ်ရီ - ခြငေ်္သ့
အောမဲဒ်အို - ဘုရားသခင်ရဲ့သားတော်
အာရောဟာ-အချစ်

-*-*-*-*-*-*
အရှေ့ဘက်ပင်လယ်ကို အုပ်ချုပ်တဲ့ပင်လယ်ဘုရင်ကြီးမှာ သမီးတော်ခြောက်ယောက်နဲ့သားတော်တစ်ပါးရှိသည်၊အထွေးဆုံးလည်းဖြစ်သလို တစ်ဦးတည်းသောသားမောင်လည်းဖြစ်တာကြောင့် ဘုရင်ကြီးရော သူရဲ့အစ်မတွေကပါ အလိုလိုက်ကာ ဝိုင်းချစ်ကျတော့သည်၊

ထိုအလိုက်ခံကာ အချစ်ခံရတဲ့ရေသူထီးလေးနာမည်ကတော့ လီအာတဲ့၊လီအာရဲ့အဓိပ္ပါယ်ဟာ ပင်လယ်ကို ဆိုလိုပြီး ပင်လယ်နေသဘာဝတိုင်းဟာ ပင်လယ်ကို တန်ဖိုးထားကာ ချစ်မြတ်နိုးတာကြောင့် ပင်လယ်ကို အစိုးရတဲ့​ရေသူဘုရင်ဟာ လီအာကို ထိုနာမည် ပေးအပ်ခဲ့ခြင်းဖြစ်သည်၊

လီအာဟာ ဖြူစင်ကာ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ရေသူထီးလေးဖြစ်ပြီး တစ်နေ့မှာတော့ လီအာရဲ့အစ်မဟာ လူသားတွေနဲ့ပတ်သတ်တဲ့ပစ္စည်းကို သယ်ယူလာတော့သည်၊

ထိုအရာဟာ သံပတ်ပေးရတဲ့တေးဂီတဗူးလေးသာဖြစ်တယ်၊ထိုပစ္စည်းလေးဟာ လီအာရဲ့အာရုံကို အပြည့်အဝဖမ်းစားသွားတော့သည်၊ဒါကြောင့် လီအာဟာ လူသားတွေနေရပ်ဆိုတာ ဘယ်လိုနေရာမျိုးလဲဆိုတာ စတင်စူးစမ်းချင်လာတော့သည်၊

လီအာဟာ အသက်ဆယ့်ခြောက်နှစ်ပြည့်နေ့ကိုရောက်လာချိန်မှာ လီအာဟာ သူရဲ့ခမည်းတော်အား ပူဆာလိုက်တော့သည်၊လူသားတိုင်းပြည်ကို အလည်တစ်ခေါက်သွားချင်ကြောင်းပေါ့၊

ဘုရင်ဟာလည်း လီအာကို သိပ်ချစ်တာကြောင့် အလွယ်တကူ လက်မခံခဲ့ပေ၊လူသားတွေဆို လောဘကြီးကာ မိသားစုချင်းတောင် အလွတ်ပေးကျတဲ့သူတွေမဟုတ်ကြောင်းနဲ့ တကယ်လို့ လီအာသာ ရေသူမမျိုးစိတ်ဆိုတာ သိတာနဲ့ ဖမ်းယူကာ ပြပွဲတွေလုပ်ကာ ငွေရှာလိမ့်မည်အကြောင်းကို ပြောလာတော့သည်၊ဒါပေမယ့် လီအာဟာ ကြောက်ရွံမသွားခဲ့ပေ၊

လူသားတွေနေရပ်ဆီကို သွားချင်တဲ့စိတ်တွေဟာ သိပ်ကိုဆန္ဒပြင်းပြနေခဲ့တော့သည်၊ဒါကြောင့် နောက်ဆုံးမှာတော့ သူနဲ့မိတ်ဆွေတော်သည့်မှော်ဆရာဆီကို အကူအညီတောင်းရန်သာ ဆုံးဖြတ်လိုက်သည်၊

You've reached the end of published parts.

⏰ Last updated: Aug 06, 2022 ⏰

Add this story to your Library to get notified about new parts!

Little Merman (Short story) Where stories live. Discover now