Part - 25

4.9K 375 6
                                    


Unicode

မျက်နှာ ကပြာကယာ သစ်ပြီး နံနက်စာတောင် မစားနိုင်ဘဲ သက်ပိုင်နဲ့ ဆေးရုံကို ထွက်လာခဲ့တော့သည်။ အနီ ဘာမှတောင် မေးချိန်မရလိုက်။
နှလုံးခုန်နှုန်းတွေက အရှိန်ပြင်းပြင်း ရိုက်ခတ်နေသည်။ အရေးပေါ်အခန်းထဲ မရောက်ချိန်ထိ တေးရဲ့ လက်တွေတုန်ရီ အေးစက်နေဆဲ။ အခန်းနံပါတ်တစ်ခုရှေ့မှာ ဒေါ်ဒေါ်အေးကို တွေ့ရတော့ မျက်နှာမကောင်း ။ ခြေလှမ်းတွေက ဘယ်ကိုဦးတည်နေမှန်းတောင် မသိတော့ ။ လက်ရှိမြင်နေတာကတော့ ပိတ်စောင်ဖြူဖြူ လွှမ်းခြုံထားတဲ့ ဖေဖေ့ရဲ့ ခန္ဓာကိုယ်ပဲ ။ဆရာဝန် တစ်ယောက်ရဲ့ လက်က ခေါင်းပိုင်းက အစကို အနည်းငယ် လှပ်လိုက်တော့ ကမ္ဘာဟာ လုံးဝပြိုလဲ သွားသလို ။ ခေါင်းဟာ ထူပူပြီး ထုံထိုင်းသွားသည်။ မေမေ နဲ့ အတူနေစဥ်က ဘယ်တုန်းကမှ ဖေဖေ့ကို မတမ်းတမိ။ ရွာကို တစ်ပတ်တစ်ခါ ဖေဖေ ဖုန်းဆက်လာရင်တောင် ပျော်တယ်လို့ မခံစားရ။ကလေးပေါက်စ ဘဝက ဖေဖေနဲ့ ရင်းနှီးခဲ့သလောက် နည်းနည်းလောက် ကြီးပြင်းလာတော့ မေမေနဲ့ နေသားကျလာမို့၍လား မသိ ဖေဖေ့ဆိုတာ တေးရဲ့ အသိအာရုံထဲမှာ ခဏတာ ပျောက်ကွယ်နေခဲ့သည်။ဖေဖေနဲ့ရင်းနှီးတာ ဘယ်လောက်မျှတောင် မကြာသေး။ ဖေဖေ့ ကိုခင်တွယ်လာစပင် ရှိသေး ထွက်သွားပြီတဲ့လား ။ အဖြစ်ပျက်တွေက မြန်ဆန်လွန်းလှသည်။

" ညက သန်းခေါင်ကျော်ကျော်လောက် မမနွေးနဲ့ ဦးလေးထွန်း စကားများကြတယ် ၊ အပေါ်ထပ်နဲ့ အောက်ထပ် ဖြစ်တယ် ပြီးတော့ အိပ်ပျော်နေတာမို့ ဘာတွေ ဖြစ်တယ်တော့ ငါတို့ မသိလိုက်ကြဘူး ဆူညံသံ ပဲကြားတယ် မသဲကွဲဘူးလေ
နောက်တော့ ဦးလေးထွန်း ကားနဲ့ ထွက်သွားတာတော့သိလိုက်တယ် မူးနေတယ်လို့တော့ မမနွေးက ပြောတာပဲ မနက်အာရုံတက်ချိန်လောက် ဆေးရုံက ဖုန်းဆက် သတင်းပေးတော့တာပဲ ဦးကျော်စွာထွန်း အက်စီးဒန့် ဖြစ်လို့ ဆိုပြီး "

ကြွေကွဲစွာ ပြောနေတဲ့ သက်ပိုင်ရဲ့ စကားတွေကို နားထောင်ရုံသာ နားထောင်နေသည်။ ဦးနှောက်ဟာ ထုံထိုင်းနေပြီး ဘာမှတွေးလို့ မရ။
တေး မျက်ဝန်းထဲမှာ လူတွေ ပြည့်လာတာတော့ သိသည်။ ဖျတ်ခနဲ ဆုပ်ယူခံလိုက်ရတဲ့ နွေးထွေးမှုကို ခံစားရမှ တေး လက်ဖျားတွေ အေးစက်နေတာကို သတိထားမိသည်။
အနီ...... သူမရှေ့မှာ ရောက်လာတာ အနီ ။ ရင်ငွေ့ဟာ နွေးထွေးလွန်းသည်။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now