Chapter 1: Part 1

7.1K 792 3
                                    

Unicode


စူးယိရန် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေစဥ် ရုတ်တရက် ခပ်ပြင်းပြင်းအားတစ်ခုဖြင့် တွန်းချခံလိုက်ရသည်။သူ ပြုတ်ကျလုနီးပါး ခံစားလိုက်ရကာ ကုတင်၏ အလယ်သို့ ကပျာကယာ ရွေ့လိုက်ရရင်း စောင်ကို အိပ်ချင်မူးတူး ဆွဲဆုတ်ထားရကာ စောင်ထဲလက်ထည့်၍ ထင်ကော၏ အနေအထားကို ဟိုစမ်းသည်စမ်း လိုက်စမ်းလိုက်သည်။ သူ ထင်ကော၏ လက်ကို ထိမိသည်နှင့်တစ်ပြိုင်နက် အားခပ်ပြင်းပြင်းဖြင့် ထပ်တွန်းချခံရပြန်သည်။ သည်တစ်ခါတော့ သူ့ကိုယ်တစ်ဝက်နီးပါးက ကုတင်အစွန်းသို့ ကျလုနီးပါး ဖြစ်သွားရ၏။

နောက်ဆုံးတော့ သူနိုးနိုးကြားကြားဖြစ်သွားကာ အမြန်ထထိုင်ရင်း စောင်ကိုပိုက်၍ မျက်လုံးကိုပွတ်သပ်ကာ အနည်းငယ်ရှုပ်ထွေးသွားရသည်။

အချိန်က အာရုဏ်မတက်သေးပေ။ အခန်းထဲ၌လည်း အလွန်မှောင်မဲနေသည်။သူ ခေါင်းကြည်လာပြီး ခဏမျှကြာမှ မျက်လုံးကို သေသေချာချာဖွင့်ကြည့်လိုက်၏။ ခေါင်းမော့လိုက်တော့ ကုတင်ခေါင်းရင်းကိုမှီကာ ထိုင်နေသည့် လူရိပ်တစ်ရိပ်ကို မြင်လိုက်ရလေသည်။

ကုယွမ်းထင်က ထ,ထိုင်နေတာ အချိန်အတော်ကြာပြီးပုံရသည်။ သူ့တစ်ကိုယ်လုံးက မှောင်မိုက်ကာကြောက်စရာကောင်းသည့် အရှိန်အဝါတို့ကို ရှိနေကာ စူးယိရန်အား အေးစက်စက် စိုက်ကြည့်နေလေသည်။

ကုယွမ်းထင်က သူ့ရှေ့ကလူကို အေးစက်စက်စိုက်ကြည့်ရင်းမှ သူ့ခေါင်းကို ခပ်ဖြည်းဖြည်းပြန်လှည့်ကာ အဖြစ်အပျက်တွေကို ပြန်စဥ်းစားကြည့်လိုက်သည်။

မှတ်ဥာဏ်၏ နောက်ဆုံးအပိုင်းကတော့ နိုင်ငံရပ်ခြားကျွန်းပေါ်ရှိဗီလာမှာနေနေတာကိုပင်။ အခန်းက မှောင်မဲနေကာ ဓါတ်ဆီတွေပြည့်နေပြီး သူက မီးခြစ်,ခြစ်လိုက်ရာ ကြီးမားသည့် မီးတောက်တွေ ထတောက်သွားတော့သည်။

သူ မျက်လုံးထပ်ဖွင့်လိုက်ချိန်မှာတော့ သူမသေသေးတာကို တွေ့လိုက်ရသည်။ သူက စိမ်းသက်နေသည့်အိပ်ရာပေါ်၌ လှဲနေကာ စောင်နွေးနွေးကိုခြုံထားပြီး လက်မောင်းထဲမှာတော့ ဟိုအရင်ကတည်းက ထောင်ထဲမှာသေသွားသင့်ပြီဖြစ်သည့် ရန်သူတော်ကြီးကို ပွေ့ဖက်ထားလေသည်။

စူးယိရန်က ခုချိန်မှာ အပြည့်အဝနိုးကြားသွားပြီဖြစ်ကာ ကုယွမ်းထင် အခြေအနေမူမမှန်တာကို သတိထားမိသွားသည်။သူ မီးဖွင့်လိုက်ရင်း စိုးရိမ်ပူပန်စွာ မေးလိုက်၏။

"ထင်ကော."

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now